“Flying car” တည်ဆောက်ရန် စက်မှုနည်းပညာ အွန်လိုင်းသင်တန်း စတင်ဖွင့်လှစ်

0
349

“Self-driving car” ကို စွန့်​ဦးတီထွင်​သူ Sebastian Thrun ဟာ ​​မြေပြင်​ပြီး​တော့ ​လေပြင်​ဘက်​ကို အာရုံကျလာပါပြီ။ သူ့ရဲ့ Silicon Valley က အွန်​လိုင်းသင်​တန်း​ကျောင်း UDACITY က​နေပြီး “Flying car” တည်​​ဆောက်​မှုစက်​မှုနည်းပညာသင်​တန်းကို ဖွင့်​လှစ်​ပြီး “nanodegree” ​ပေးအပ်​သွားဖို့ စီစဉ်​လာပါပြီ။

 

Tharun က ​နောက်​နှစ်​အနည်းငယ်​မှာ အ​တော်​လူ​ကြိုက်​များလာမယ့်​ အစီအစဉ်​လို့ ကြိုတင်​ပြီး ယုံကြည်​​နေပါပြီ။ သူက​တော့ သူ့ထုံးစံအတိုင်း အဆင့်​မြင့်​နည်းပညာ​တွေကို မျက်​​ခြေမပြတ်​တမ်း ဖန်​တီးဖွံ့ထွား​စေဖို့ အမြဲကြံစည်​​နေတာပဲ။ Course တခုကို ​ဒေါ်လာ ၁၂၀၀ နှုန်းနဲ့ “Flying car” တစင်း တည်​​ဆောက်​ပုံနည်းပညာကို  ​ခြောက်​လတာသက်​တမ်းကာလအတွင်းမှာ ​လေ့လာနိုင်​​တော့မယ့်​ အွန်​လိုင်းသင်​တန်းပါပဲ။

 

အွန်​လိုင်းပညာ​ရေးဝန်​​ဆောင်​မှုကုမ္ပဏီ UDACITY ဟာSebstian Thrun က ပိုင်​ဆိုင်​တာဖြစ်​ပြီး “Flying vehicle” ​တွေပြုလုပ်​နည်းအတွက်​ nanodegree ၂ခု ​ပေးအပ်​သွားမယ်​လို့ ​ကြေငြာထားပါတယ်​။

Thrun ဟာ​လျှောက်​လွှာ​တွေကို Jan 23 မှာလက်​ခံခဲ့ပြီး ​February လ​နှောင်းပိုင်းမှာ သင်​တန်းဖွင့်​လှစ်​ဖို့ စီစဉ်​ထားပါတယ်​။

 

သင်​တန်းတက်​​ရောက်​သူ​တွေဟာ vehicle state planning and estimation နဲ့ motion planning တို့လို autonomous flight ရဲ့ အ​ခြေခံ​တွေကို ​လေ့လာခွင့်​ရမှာဖြစ်​ပါတယ်​။ အဲ့ဒီကမှတဆင့်​ deploying codes to drones တို့လို အဆင့်​မြင့်​သင်ခန်းစာေ​​တွကို သင်​ယူရမှာပါ။

 

စတန်းဖို့ဒ်​တက္ကသိုလ်​ရဲ့ ပါ​မောက္ခ​ဟောင်း၊ အသက်​ငါးဆယ်​အရွယ်​ Computer Scientist ဖြစ်​တဲ့ Tharun ဟာ UDACITY ကို 2012 မှာ စတင်​တည်​​ထောင်​ခဲ့ပါတယ်​။ သူရဲ့ ​မောင်းသူမဲ့ကားနည်းပညာ “Self-driving car” အွန်​လိုင်းသင်​တန်းကို 2016 ခုနှစ်​ကတည်းက​နေ အခုထိ ​လျှောက်​ထားသူ​ပေါင်း 50000 ဦး​ရေရှိပြီလို့ ဆိုပါတယ်​။

သူက “Flying Car” သင်တန်းအတွက် သင်​ရိုးညွှန်းတမ်းအသစ်​တွေကို F​​ebruary ​လ​နှော​င်းပိုင်းမှာ ဖွင့်​လှစ်​ဖို့ ​မျှော်​မှန်းထားပါတယ်​။ ​လျှောက်​လွှာ​တွေကို အင်္ဂါ​နေ့မှာလက်​ခံသွားမှာပါ။ သင်​တန်းသား ၁၀၀၀၀ ​လောက်​ လာ​ရောက်​ဖို့ရှိပါတယ်​ လို့ ဆိုပါတယ်​။

 

UDACITY ဟာ ၁၂ပတ်စီကြာမြင့်မယ့် ​​​term နှစ်​ခုကို ပို့ချသွားမှာဖြစ်​ပြီး term တခုကို ​ဒေါ်လာ ၁၂၀၀ ကျသင့်​မှာပါ။ ပါဝင်​မယ့်​ course ​တွေက​တော့ Aerial Robotics နဲ့ Intelligent Air Systems တို့ဖြစ်​ပါတယ်​။

 

အင်​တာဗျူးတခုမှာ Thrun က “Flying car” program ကို ဖွင့်​ဖြစ်​တဲ့ လှုံ​ဆော်​မှုက “self-driving car” course ဖွင့်​လှစ်​ခဲ့တုန်းကနဲ့ အတူတူပါပဲ။ အဆင့်​မြင့်​နည်းပညာ​တွေဖြစ်​တဲ့ Robotics, Artificial Intelligence နဲ့ machine learning တို့ကို ထည့်သွင်း​​အသုံးပြုရမယ့်​ အနာဂတ်​ ​မြေပြင်​၊ ​လေပြင်​သုံး ယာဉ်​​တွေကို ဒီဇိုင်းထုတ်​​ဆောက်​လုပ်​မယ့်​ အရည်​အ​သွေးပြည့်​ကျွမ်းကျင်​စက်​မှုပညာရှင်​​တွေ အ​တော်​ကိုရှားပါးလာတဲ့ အ​ကြောင်းအရင်းပါပဲ။