ပြန်​​ပေးဆွဲခံရာက​နေ ဖြတ်​ထိုးဉာဏ်​နဲ့ စမတ်​ဖုန်းသုံးပြီး လွတ်​​မြောက်​လာတဲ့ ​ကျောင်းသူ​လေး

0
1173

ကောလိပ်​​ကျောင်းသူတ​ယောက်​ဖြစ်​သူ Jaila ဟာ Georgia မှာ ​ပြန်​​ပေးဆွဲခံခဲ့ရ​ပေမယ့်​ ပြန်​​ပေးသမားလက်​ထဲက ကိုယ့်​ကိုယ်​ကို ပြန်​လွတ်​​မြောက်​​အောင်​ စွမ်းနိုင်​ခဲ့ပါတယ်​။ အဓိကက​တော့ သူမဖုန်းမှာပါတဲ့ location feature ကိုသုံးပြီး သူမ ဘယ်​​​ဆီဘယ်​​နေရာနား​ ​ရောက်​​နေတယ်ဆိုတာကို ချစ်​သူထံ အသိ​ပေးနိုင်​ခဲ့လို့ပဲ။

သူမဟာ ကုန်​စုံဆိုင်​တခုမှာ လက်​ဖက်​​ခြောက်​ နဲ့ ​ဆေး ​တွေသွား​ဝယ်​ခဲ့ပြီး ​ငွေမရှင်း​ခင်မှာ​တောင်​ Snap Chat မှာ video ​တွေ တင်​ခဲ့​သေးပါတယ်​။ ပြီးတာနဲ့ ကားပါကင်​က ကားဆီကို ထွက်​ခဲ့ရာမှာ လူစိမ်းတ​ယောက်​က ချဉ်းကပ်​လိုက်​ပါလာတယ်​။ မီးခြစ်​ပါလား ​လို့​တောင်​ သူမဆီ​မေး​တော့ မပါ​ကြောင်း ​ပြောခဲ့ပါ​သေးတယ်​။ Jaila ဆက်​​လျှောက်​လာခဲ့ပြီး လူစိမ်းကလည်း ထပ်​ကြပ်​မကွာ ပါလာရင်း ကားနား​ရောက်​​တော့ သူမဗိုက်​ဆီ ဓားနဲ့​ထောက်​ရင်း ကား​ပေါ်တက်​ခိုင်းခဲ့ပါတယ်​။ လူစိမ်း​ဟာ Atlanta ကို ဦးတည်​​ပြီး ကား​ကို​မောင်းထွက်​ သူမကိုပြန်​​ပေးဆွဲလာခဲ့​တယ်​။

လမ်းတဝက်မှာ လူသူမရှိတဲ့ဘုရား​ကျောင်းအ​နောက်​နား ကားကို ထိုးရပ်​ပြီး Jaila ကို ပြန်​​ပေးသမားက မုဒိမ်းကျင့်​ခဲ့ပါတယ်​။ Jaila ငိုယို​တောင်းပန်​ခဲ့​ပေမယ့်​ အချည်းနှီးပါပဲ။ မုဒိမ်းကျင့်​ပြီး​တော့ ကားကိုဆက်​​မောင်းထွက်​ခဲ့ပါတယ်​။ ဓာတ်​ဆီဆိုင်​တဆိုင်​ကို​ ဓားပြဝင်​စီးမယ်။ ​ပြီးတာနဲ့ Michigan ကို ​ဆက်​သွားမယ်​ လို့ ပြန်​​ပေးသမားက ရှင်းပြပြီး ဓာတ်​ဆီဆိုင်​တဆိုင်​ကို လမ်းပြ​ပေးဖို့ သူမကို​ပြောပါတယ်​။

ဒီအချိန်​မှာ Jaila အတွက်​ အခွင့်​အ​ရေး​ပေါ်လာပါတယ်​။ သူမက ဖုန်းခဏပြန်​​ပေးပါလား။ Google Map ကို ကြည့်​မှသိမှာ လို့ဆို​တော့ Map ကိုကြည့်ဖို့ ​ဖုန်း​ပြန်​​​ပေးတဲ့အခါ Jaila ဟာ ဖုန်း ​screen အလင်းကိုမှိန်​ချပစ်ပြီး ​ချက်​ချင်းပဲ သူမ​ရောက်​​နေတဲ့ location အ​သေးစိတ်​ကို ချစ်​သူ​ကောင်​​လေးဆီ မက်ဆ့ခ်ျ​​နဲ့ပို့ပါ​တော့တယ်​။

” ကျမ အလုပ်​သင့်ဆုံးအလုပ်​ကို လုပ်​နိုင်​ခဲ့တာပါ” လို့ ပြန်​​ပြောင်းေ​အာက်​​မေ့ရင်း ဆိုပါတယ်​။

Jaila နဲ့ သူ့ချစ်​သူ Tamir တို့ အပြန်​အလှန်​ပို့ထားကြတဲ့ မက်​​ဆေ့ခ်ျ​​တွေကို ​အောက်​မှာ​ဖော်​ပြထားပါတယ်​။

Tamir အိပ်​​နေတဲ့အချိန်​ မက်​​ဆေ့ခ်ျ​​တွေဝင်​လာပါတယ်​။ Tamir က သူ့ချစ်​သူ ဒါမျိုးအ​ပြောင်​အပျက်​မလုပ်​တတ်​​တာ သိ​တော့ ချက်​ချင်းပဲရဲစခန်းကိုသွားပါတယ်​။

Jaila ဖုန်းသုံး​နေရင်းတန်းလန်း ပြန်​ပေးသမားက ဖုန်းပြန်​သိမ်းပြီး Jaila ကို ကား​နောက်​ခန်းဖုံးထဲထည့်​ထားခဲ့ပါတယ်​။ ဓားပြတိုက်​ဖို့စီစဉ်​ထားတဲ့ ဓာတ်​ဆီဆိုင်​ကို ဝင်​သွားခဲ့​ပေမယ့်​ လုံခြုံ​ရေး​တွေ​ကြောင့်​ ဓားပြတိုက်​ဖို့ မ​အောင်​မြင်​ခဲ့ပါဘူး။ သူဟာ ​လမ်း​ကြောင်းရှာ​ဖွေခိုင်း​ဖို့ Jaila ​ဆီ ဖုန်းပြန်​​ပေးပြန်​ပါတယ်​။ ဒီတခါမှာ Jaila က ချစ်​သူဆီ ပိုတိကျတဲ့ detail ​တွေ​ပေးနိုင်​ခဲ့ပါတယ်​။

Jaila ဟာ “Don’t let me die” ငါမ​သေပါရ​စေနဲ့ ဆိုတဲ့ စာသားကို ​နောက်​ဆုံး​ပေးပို့ခဲ့​တာပါ။

အဲ့ဒီအချိန်​မှာပဲ Tamir ဟာ ​ဂျော်​ဂျီယာရဲစခန်းကို ​ရောက်​နှင့်​​နေပါပြီ။ ရဲ​တွေက ဘာကားလဲ ဘာအမျိုးအစားလဲ သိချင်​​တော့ Jaila ရဲ့ အခန်း​ဖော်​​တွေက ​ပြောပြ​ချက်အရ​ Green Honda Accord မှန်းသိရပါတယ်​။ ဒီအ​ဖြေကို Atlanta ရဲတပ်​ဖွဲ့ဆီ​ပေးပို့ပြီး ပြန်​​ပေးသမား​နောက်​ကို ​နောက်​​ယောင်​ခံလိုက်​​စေပါပြီ။

 

ရဲ​တွေဟာ Jaila ရဲ့ကားကို ရှာနိုင်ခဲ့ပါတယ်​။ ရာဇဝတ်​​ကောင်ဟာ ရဲ​တွေ​ရောက်​လာမှန်း သိသိချင်း ကားကိုတရှန်​ထိုး​မောင်းထွက်​ခဲ့​ပြီး ယာဉ်​တိုက်​မှုအဆင့်​ဆင့်​ဖြစ်​ခဲ့ပါတယ်​။ ဒီအချိန်​မှာ JAILA ဟာ ကားထဲကထွက်​ပြီး ရဲ​တွေဆီလုံလုံခြုံခြုံပြန်​​ရောက်​ရှိလာပါပြီ။ ရဲ​တွေက ညှပ်​ပူးညှပ်​ပိတ်​ဖမ်းခဲ့​​ပေမယ့်​ ရာဇဝတ်ကောင်​​ဟာ ခြံစည်းရိုးတခုကို ဖြတ်​​ကျော်​ပြီး လွ​တ်​​မြောက်​သွားခဲ့ပါတယ်​။

 

အခု​တော့ ရာဇဝတ်​​ကောင်ကိုမိထားပြီး ပြန်​​ပေးဆွဲမှု ၊ ကားခိုးမှု ၊ အလိုမတူပြုကျင့်​မှု၊ ရဲအုပ်​တ​ယောက်​ကို ကိုယ်​ထိလက်​​ရောက်​ကျူးလွန်​မှု​တွေနဲ့ အချုပ်​ထဲ​ထည့်ထား​ပါပြီ။ ရဲ​တွေ ဆယ်​နာရီ​ကျော်​ကြာ အလုပ်​များခဲ့ရပါတယ်​။

Tamir ဟာ အန္တရာယ်​ကို တည်​တည်​ငြိမ်​ငြိမ်​ပဲ ရင်​ဆိုင်​ရဲခဲ့တဲ့ ချစ်​သူရဲ့ ရဲရင့်​မှုကို အထူးချီးကျူးပါတယ်​။ Text Message ပို့ခဲ့တဲ့ ဖြတ်​ထိုးဉာဏ်​ကိုလည်း ​ထောပနာပြုခဲ့ပါတယ်​။

“သူဘယ်​မှာရှိမှန်းသာ ကျ​နော်​တို့မသိရရင်​ ဘာ​တွေဆက်​ဖြစ်​ကုန်​မလဲ မ​တွေးချင်​စရာပဲ။ Jaila ဟာ ရာဇဝတ်​​ကောင်​ကို ပါးပါးနပ်​နပ်​ပဲ အနိုင်​ယူခဲ့တာပဲ။ ”

Jaila က ကုန်​စုံဆိုင်​ကအထွက်​ ကားပါကင်​မှာသာ လုံခြုံ​ရေးအ​စောင့်​​တွေရှိခဲ့မယ်​ဆိုရင်​ ဒါမျိုးဖြစ်​သွားစရာ အ​ကြောင်းမရှိဘူး လို့ ကျွန်​မယုံကြည်​ပါတယ်​ လို့ ရဲမှတ်​တမ်းထဲမှာ ဖွင့်​ဟခဲ့ပါတယ်​။

ဂျော်​ဂျီယာရဲတပ်​ဖွဲ့ကလည်း Jaila ရဲ့ ဖြတ်​ထိုးဉာဏ်​ကို အထူးတလည်​ ​ချီးမွမ်းသလို အများပြည်​သူဆီလည်း ဒီလိုသတိမျိုးရှိ​ဖို့လို​ကြောင်း ​ပြောခဲ့ပါတယ်​။

 

“Jaila မှာ ဖုန်းမပါဘူး။ သို့မဟုတ်​ ဖုန်းပါရင်​​တောင်​ သူမ ခုလိုဥာဏ်​လွှာမသုံးနိုင်​ခဲ့ရင်​ အန္တရာယ်​မကင်းနိုင်​ခဲ့ပါဘူး” လို့ ရဲတပ်​ဖွဲ့ကဆိုပါတယ်​။