သားသမီးလုံခြုံရေးအတွက် မိဘတွေ လိုက်နာသင့်တဲ့အချက်များ

0
1818

သင့်ကလေးငယ်ကို အမှီအခိုကင်းကင်း ကြီးပြင်းခွင့်မပေးခင်မှာပဲ သူ့ကိုအရင်ဆုံး လုံခြုံမှုရှိအောင်လုပ်ပေးထားဖို့ လိုပါတယ်။

ဒီနေ့မှာတော့ သင့်ကလေးကို သူစိမ်းတွေလက်ထဲ ပါသွားတာမျိုးမဖြစ်အောင် ဘယ်လိုမျိုးလုပ်ဆောင်ထားသင့်သလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ အခြေအနေတွေကနေ ဘယ်လိုပါးပါးနပ်နပ်နဲ့ ရှောင်ရှားသင့်သလဲဆိုတာကို ပုံလေးတွေနဲ့ ဖော်ပြထားပါတယ်။

သင့်ကလေးနာမည်ကို မဖော်ပြပါနဲ့

သင့်ကလေးနာမည်ကို သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေမှာ မရေးသားပါနဲ့။ ဥပမာ ကျောပိုးအိတ်မှာ နာမည်ထိုးပေးထားတာတို့၊ ထမင်းဘူးမှာ စာကပ်ပေးထားတာတို့ မလုပ်သင့်ပါဘူး။ သင့်ကလေးရဲ့ ပစ္စည်းတွေကတစ်ဆင့် သူစိမ်းတစ်ယောက်ကို အချက်အလက်တွေ ပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ကလေးတစ်ယောက်ကို သူ့နာမည်ခေါ်လိုက်ပြီဆိုတာနဲ့ အဲဒီသူစိမ်းကို ကလေးတွေက ယုံကြည်သွားတတ်ကြပါတယ်။ ဒါကြောင့် ကလေးကို အန္တရာယ်ထဲတွန်းပို့လိုက်သလိုပါပဲ။

အဲဒီအစား သင့်ရဲ့ဖုန်းနံပါတ်ကိုပဲ ရေးသားဖို့ လိုပါတယ်။ ဒါဆိုရင်တော့ ပျောက်သွားရင်တောင် အကူအညီဖြစ်နေဦးမှာပါ။

ကားနဲ့ ဆန့်ကျင်ဘက်လားရာကိုပြေးခိုင်းခြင်း

ကျွန်တော်တို့အနေနဲ့ ကလေးတွေကို သူစိမ်းကားနဲ့ မလိုက်ခိုင်းဖို့ လိုအပ်ပါတယ်။ ဒါက အရေးကြီးပါတယ်။ နောက်ထပ် စည်းကမ်းတစ်ခုကို ထပ်ပြောထားသင့်ပါတယ်။ ကားက ကလေးအနားကို ကပ်လာတာဖြစ်ဖြစ်၊ ကားထဲကလူက ကလေးရဲ့စိတ်ကို ဆွဲဆောင်နေတာဖြစ်ဖြစ် ကားနဲ့ ဆန့်ကျင်ဘက်လားရာကို ပြေးဖို့ ပြောပါ။ ဒါဆိုရင်တော့ အကူအညီခေါ်ဖို့ အချိန်ရလာနိုင်ပါတယ်။

မိသားစု password လေး တီထွင်ထားပါ။

တကယ်လို့ သူစိမ်းတစ်ယောက်က ကလေးကို ငါနဲ့လိုက်ခဲ့လို့ ခေါ်ပြီ ဆိုပါစို့။ အမေနဲ့ အဖေမအားလို့ လာခေါ်ခိုင်းတာဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ပထမဆုံး မေးရမှာကတော့ အမေနာမည်၊ အဖေနာမည်ကို မေးခိုင်းထားပါ။ နောက်ပြီး မိသားစု password က ဘာလဲလို့ မေးခိုင်းပါ။ အရေးပေါ်အခြေအနေအတွက် စကားဝှက်ဖန်တီးထားပါ။ ဥပမာ ကလေးကို စိတ်ချရတဲ့သူကို သွားကြိုခိုင်းဖို့ ကြုံလာတာမျိုးပေါ့။ မမျှော်လင့်တဲ့ စကားလုံးဖြစ်ဖို့ လိုပါတယ်။ ဥပမာ သိုးမွှေးလိမ္မော်သီး။

ခြေရာခံ app သွင်းပေးထားပါ။

GPS လုပ်ဆောင်ချက်တွေကြောင့် သင့်ကလေးရဲ့ တည်နေရာအတိအကျကို သိနိုင်သလို သူ့ဖုန်းရဲ့ ဘတ်ထရီကိုလည်း စစ်ဆေးကြည့်နိုင်ပါတယ်။ အောက်မှာ နမူနာ app တွေ ဖော်ပြပေးလိုက်ပါတယ်။

အရေးပေါ်ခလုတ်ပါဝင်တဲ့ နာရီဝတ်ဆင်စေခြင်း

အရေးပေါ်ခလုတ်ပါဝင်တဲ့ နာရီ၊ ကီးချိန်း၊ လက်ပတ်လေးတွေ ရှိပါတယ်။ အထူးပြုလုပ်ထားတဲ့ မိုဘိုင်းလ် app တွေကြောင့် မိဘတွေအနေနဲ့ ကလေးရဲ့တည်နေရာကို သိနိုင်ပါတယ်။ တကယ်လို့ ကလေးကနှိပ်လိုက်တာနဲ့ ရဲစခန်း ဒါမှမဟုတ် မိဘဆီကို အချက်ပြစနစ်ပို့ပေးမှာပါ။

သူ့ကို မသိပါဘူးလို့ အော်ဖို့ မှာကြားထားပါ။

တကယ်လို့ ကလေးကို သူစိမ်းတစ်ယောက်က ဆွဲသွားပြီဆိုရင် ကိုက်တာ၊ ကန်တာ၊ တရွတ်ဆွဲတာထက် ကောင်းမွန်တဲ့နည်းလမ်းတစ်ခု ရှိပါတယ်။ အားနည်းနည်းပဲ သုံးရမှာပါ။ တကယ်လို့ အခြေအနေက ကြောက်စရာကောင်းနေရင်တောင် သုံးလို့ရပါတယ်။ ကျယ်ကျယ်လေးအော်ခိုင်းလိုက်ပါ။ သူ့ကိုမသိဘူး သူက အတင်းဆွဲခေါ်နေတယ်လို့။

စကားဖြတ်ပြီး နေရာလှမ်းလှမ်းမှာ နေရာယူခြင်း

သင့်ကလေးအနေနဲ့ သူစိမ်းတစ်ယောက်က စကားပြောဖို့ ကြိုးစားနေပြီဆိုတာနဲ့ စကားပြောတာကို ၅ စက္ကန့် ၇ စက္ကန့်ထက် မပိုပါစေနဲ့။ ပိုလာပြီဆိုရင်တော့ စိတ်ချရတဲ့နေရာကို စတင်သွားခိုင်းပါ။ စကားစဖြတ်ပြီးတာနဲ့ ၆လှမ်းခွဲကနေ ၈လှမ်းလောက်အထိ နေရာချဲထားပါ။ တကယ်လို့ သူစိမ်းက တိုးလာရင်တော့ နောက်တစ်လှမ်းဆုတ်ပါ။ ဒီအခြေအနေကို ကလေးနဲ့ လေ့ကျင့်ပေးထားဖို့ လိုပါတယ်။ ၆လှမ်းခွဲဆိုတာ ဘယ်လောက်လဲဆိုတာ ပြထားသင့်ပါတယ်။ အဲဒီအခြေအနေမှာ ဖြစ်လာမယ့် ကြောက်စိတ်ကို ဘယ်လိုထားရမယ်ဆိုတာလည်း ပြောပြထားနိုင်ပါတယ်။

သူစိမ်းတွေနဲ့ ဓါတ်လှေကားမစီးပါနဲ့

ဓါတ်လှေကားစောင့်နေတဲ့အချိန်မှာ အခြားသူတွေ ချဉ်းကပ်လာတာကို မြင်နိုင်ဖို့အတွက် နံရံနဲ့ ကျောကပ်ထားဖို့ ပြောပါ။ တကယ်လို့ သူစိမ်းတစ်ယောက်နဲ့ စီးရတော့မယ်ဆိုရင် ပြန်ထွက်ဖို့ အကြောင်းရှာပါ။ အကောင်းဆုံးကတော့ တခုခုမေ့ကျန်ခဲ့တာမျိုး၊ တစ်ယောက်ယောက်က တစ်နေရာရာမှာ စောင့်နေတာမျိုး လုပ်နိုင်ပါတယ်။ တကယ်လို့ သူစိမ်းတစ်ယောက်က အတူတူစီးဖို့ပြောရင်လည်း ကလေးကို ယဉ်ကျေးစွာပြောဖို့ သင်ပေးထားပါ။ “အမေနဲ့အဖေက တစ်ယောက်တည်းစီးတာတို့၊ အိမ်နီးချင်းနဲ့ စီးတာတို့က ပိုသင့်တော်တယ်လို့ သင်ထားလို့ပါ”။ အတင်းဆွဲခေါ်ပြီဆိုရင်တော့ တိုက်ခိုက်ပါ။ အော်ပါ။ ကိုက်ပါ။ အကူအညီရောက်မလာခင်အချိန်အထိ လုပ်ဆောင်နိုင်ပါတယ်။

မိဘတွေ အပြင်သွားတယ်ဆိုတာ သူစိမ်းမသိစေနဲ့

တကယ်လို့ တယောက်ယောက်က တံခါးခေါက်ရင်၊ ချောင်းကြည့်ပေါက်လည်း မရှိရင် ဘယ်သူလဲလို့ အရင်မေးသင့်ကြောင်း ရှင်းပြပါ။ အပြင်မှာ ဘာဖြစနေသလဲဆိုပြီး တံခါးကို ဖွင့်မကြည့်ဖို့ သတိပေးထားပါ။ ကလေးအနေနဲ့ မိဘရဲ့သူငယ်ချင်းလို့ဆိုဆို၊ ပိုက်ပြင်သမားလို့ဆိုဆို မိဘတွေအပြင်သွားကြောင်းကို မပြောပါနဲ့။ တကယ်လို့ သူစိမ်းတစ်ယောက်က ချိုးဖောက်ဝင်လာဖို့ ကြိုးစားနေပြီဆိုရင်တော့ အိမ်နီးချင်း၊ ရဲတွေကို အကြောင်းကြားပါ။

အွန်လိုင်းကလူတစ်ယောက်နဲ့ အပြင်မှာ မတွေ့ဆုံပါနဲ့

ကလေးကို သတိပေးထားပါ။ ဒီနေ့ခေတ်မှာ အင်တာနက်ကနေပြီးတော့ “ဟိုဘက်အိမ်က မောင်ဘယ်သူ၊ မဘယ်သူ”ဆိုပြီးတော့ ကလေးကို ညာထုတ်တတ်ပါတယ်။ ဒီလိုဘာမှမဟုတ်တဲ့ အွန်လိုင်းစကားပြောဆိုမှုလေးကနေ အန္တရာယ်တွေ ကျရောက်နိုင်ပါတယ်။ ဒါကြောင့် သူစိမ်းတွေနဲ့ စကားပြောဆိုခြင်း၊ တွေ့ဆုံခြင်း မလုပ်ဖို့ သတိပေးထားပါ။ ဓါတ်ပုံကိုလည်း အသိမပေးဘဲ ပေးခြင်း၊ တင်ခြင်း မလုပ်သင့်ကြောင်း ပြောဆိုထားပါ။ ဘယ်အချိန်၊ ဘယ်နေရာသွားသလဲဆိုတာကို ပြောပြဖို့ ပြောထားပါ။ သူစိမ်းတယောက်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းဆန်ဖို့ သင်ပေးထားပါ။