Enterprise Trending

လက်ဗွေရာတစ်ခုအသွင် တည်ရှိနေတဲ့ Croatia မှာရှိတဲ့ ကျွန်းအသေးလေးတစ်ခု

အဲဒီကျွန်းမှာ ဘာတွေတွေ့ရသလဲဆိုတာကမှ ပိုမိုက်တာ။

ဥရောပအရှေ့ပိုင်းက နိုင်ငံတစ်ခုဖြစ်တဲ့ Croatia ဟာ သူ့ရဲ့ Adriatic ပင်လယ်တစ်လျှောက်ရှိ ကမ်းရိုးတန်းရှည်လျားမှုကြောင့် လူသိကြတာဖြစ်ပါတယ်။ Baljenc ကျွန်းလေးကတော့ တိုးရစ်တွေအတွက် ဆွဲဆောင်မှုတွေမြင့်တက်လာတာကတော့  မကြာသေးခင်ကမှ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ လက်နဲ့တည်ဆောက်ထားတဲ့ အတားအဆီးတွေကြောင့်ဖြစ်ပြီး အပေါ်စီးကနေကြည့်လိုက်ရင် လက်ဗွေရာကြီးတစ်ခုသဖွယ် တွေ့မြင်ရလို့ပါပဲ။

Dalmatian ကမ်းရိုးတန်းပေါ်က Sibenik ရဲ့ archipelago မှာတည်ရှိပြီးတော့ ကျွန်းလေးရဲ့အရွယ်အစားဟာ ၁.၄စတုရန်းကီလိုမီတာသာ ရှိပါတယ်။ နံရံတွေကတော့ ၂၃ကီလိုမီတာနဲ့ ၃၅၇ကီလိုမီတာ ရှည်လျားကြပါတယ်။ ဒီအတားအဆီးတွေတည်ဆောက်မှုကတော့ သမိုင်းကြောင်းဆန်ပြီးတော့ ခေတ်မီစက်ပစ္စည်တွေ မလိုအပ်ခြင်းကတော့ စိတ်ဝင်စားဖို့ ဆွဲဆောင်နေတဲ့အချက်ပါပဲ။

လက်ဗွေရာကြီးသဖွယ်ဖြစ်နေတဲ့ Croatia ကမ်းရိုးတန်းက ကျွန်းလေးတစ်ခုကျွန်းပေါ်မှာတည်ဆောက်ထားတဲ့ နံရံတွေကြောင့် သတိထားမိလာကြပါတယ်။

အဲဒီအတားအဆီးလေးတွေကို စိုက်ပျိုးရေးနယ်မြေ ခွဲခြားဖို့ လုပ်ဆောင်ခဲ့ကြတာပါ။

လေပြင်းတွေကို ကာကွယ်ပေးပြီးတော့ စိုက်ပျိုးမှုကို ဖြစ်ထွန်းစေခဲ့ပါတယ်။

တည်ဆောက်သူတွေဟာ မော်တာမလိုဘဲ ကျောက်တုံးတွေကို နေရာတကျစီခဲ့တာပါ။

ကျောက်တုံးတွေကို သေချာကောက်ယူပြီး စနစ်ကျစွာ စီထပ်ထားခဲ့တာ ဖြစ်ပါတယ်။

တည်ဆောက်သူတွေကတော့ကျွန်းနီးနားချင်းဖြစ်တဲ့ Kaprije က ဒေသခံတွေပါ။ ရာစုနှစ်တစ်ခုအကြာတုန်းက ဒီနေရာမှာ နေထိုင်ခဲ့ကြပါတယ်။ အမျိုးသားတွေဟ အမျိုးသမီးတွေကိုလှေနဲ့ ကမ်းရိုးတန်းတွေဆီ ပို့ဆောင်ကြပါတယ်။ အမျိုးသားတွေ ပင်လယ်ထဲသွားချိန်မှာ အမျိုးသမီးတွေက လယ်စိုက်ရပါတယ်။

လူတွေဟာ အတားအဆီးလေးတွေတည်ဆောက်ပြီးတော့ လုပ်ကိုင်လာကြပါတယ်။ နောက်ပိုင်းမှာတော့ Baljenc ကိုစိတ်ဝင်စားမှုနည်းလာကြပါတယ်။ မြေဆီလွှာကတော့ သစ်တောဖြစ်ဖို့ ထောက်ပံ့နေတုန်းပါပဲ။

မကြာသေးခင်ကမှ ဒီကျွန်းလေးဟာ နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားမှုကို ခံလာရသလို Croatian အစိုးရကလည်း ယူနက်စကိုကို ကမ္ဘာ့အမွေအနှစ်စာရင်းအနေနဲ့ ထည့်သွင်းနိုင်ဖို့ စာတင်ခဲ့ပါတယ်။ အတည်ပြုလိုက်ပြီဆိုရင်တော့ လူသိများလာတဲ့ နိုင်ငံခြားသားခရီးသွားတွေ ပြည့်နှက်ရာနေရာတစ်ခု ဖြစ်လာတော့မှာပါ။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org