Samsung Galaxy On7 Prime ကို အိန္ဒိယမှာ launch လုပ်

0
1468

Samsung Galaxy On7 Prime ကိုတော့ လွန်ခဲ့တဲ့အပတ်လောက်ကတည်းက ကြားနေရတာဖြစ်ပြီးတော့ အခုဆိုရင်တော့ အိန္ဒိယမှာ စတင် launch လုပ်ပြီပဲ ဖြစ်ပါတယ်။

Samsung Galaxy On7 Prime ကိုတော့ အိန္ဒိယမှာ ဒေါ်လာ၂၀၃ နဲ့ ၀ယ်ယူနိုင်မှာပါ။

အဲဒီဟန်းဆက်မှာ octa core 1.6GHz Samsung Exynos 7870 processor ၊ 5.5 inch display ကို Full HD resolution 1920 x 1080 pixels တို့ ထည့်သွင်းပေးထားပါတယ်။ ဗားရှင်းနှစ်မျိုးအဖြစ် 3GB RAM နဲ့ 32GB storage ၊ 4GB RAM နဲ့ 64GB storage တို့ ထွက်ရှိပေးမှာပါ။

Samsung Galaxy On7 Prime မှာ 13 MP ကို အရှေ့မှာအသုံးပြုထားပြီး အနောက်ဘက်ကတော့ 13MP ကိုပဲ သုံးထားပါသေးတယ်။ 3300 mAh ဘတ်ထရီနဲ့ Android 7.1.1 Nougat ကိုလည်း အသုံးပြုထားပါတယ်။ Amazon ကနေပြီးတော့ ရောင်းချပေးသွားမှာပါ။