Zawgyi Versioin
ဒီတစ်ခုပြီိးတော့ တစ်ပတ်လောက်အကြာမှာ တရုတ်အမျိုးသမီးတစ်ဦးကလည်း သူမရဲ့မိတ်ဆွေမျက်နှာနဲ့ ဖွင့်မှပွင့်ကြောင်းကို တွေ့ရှိခဲ့ပါတယ်။
Face ID ရဲ့ launch ကတော့ ထင်မှတ်ထားတာနဲ့ တက်တက်စင်အောင် လွဲခဲ့ပါတယ်။
Unicode Version
မနှစ်က launch လုပ်ပြီးတဲ့အချိန်ကစလို့ iPhone X အကြောင်း အတော်လေးပြောဆိုနေကြပါတယ်။ ဒါပေမယ့် အဲဒီဖုန်းကတော့ Apple ရဲ့ အဆင့်မြင့်ဆုံးမော်ဒယ်လ်ဖြစ်ပေမယ့်လည်း ရပ်တံ့ဖိုု့ အကြောင်းဖန်လာပါတယ်။
AppleInsider ရဲ့တင်ပြချက်အရ KGI လုံခြုံရေးလေ့လာသူတစ်ယောက်ဖြစ်တဲ့ Ming-Chi Kuo ကတော့ iPhone X ရဲ့ရောင်းအားဟာ မကျေနပ်စရာပဲလို့ သုံးသပ်ခဲ့ပြီး ထုတ်လုပ်မှုကိုရပ်တံ့လိမ့်မယ်လို့ နိမိတ်ဖတ်ခဲ့ပါတယ်။
အဆုံးမှာတော့ Apple ဟာ ၂၀၁၄ခုနှစ် iPhone 5C အပြင် နောက်ထပ်ရပ်တံ့ခဲ့ရတဲ့ မော်ဒယ်လ်တစ်ခု ထွက်ပေါ်စေခဲ့ပါတယ်။
Apple ဟာ iPhone X ရဲ့ဈေးနှုန်းနဲ့ပတ်သတ်ပြီးတော့ အတော်လေးဝေဖန်ခံခဲ့ရပါတယ်။ ရိုးရိုးဗားရှင်းကို £999 နဲ့ ရောင်းချခဲ့လို့ပါပဲ။
Kuo ကတော့ iPhone X ရပ်တံ့မယ့်အကြောင်းကို အောင်မြင်စွာ ထုတ်ဖော်နိုင်ခဲ့ပါတယ်။
သူဟာ ဒီနှစ်အစပိုင်းမှာ ရာခိုင်နှုန်းနည်းနည်းကနေ ၅ရာခိုင်နှုန်းလောက် တိုးတက်လာစေဖို့ မျှော်မှန်းထားပါတယ်။
ဒီဖုန်းရဲ့ feature တစ်ခုကတော့ facial recognition နည်းပညာဖြစ်ပြီးတော့ သုံးစွဲသူတွေကို လက်ဗွေရာအစားမျက်နှာနဲ့ လော့ခ်ဖွင့်နိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။
အဲဒီ feature ဟာအတော်လေး ဝေဖန်ခံခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားတစ်ဦးက သူ့ဇနီးအတွက်ဝယ်ပေးတဲ့ iPhone X ကို သူ့သားက အလွယ်တကူပဲ Face ID ကျော်နိုင်သွားလို့ပါ။
Apple ရဲ့ customer service ဟော့လိုင်းမှာလည်း ဒါဟာရှားပါးဖြစ်စဉ်တစ်ခုဖြစ်ကြောင်း၊ သားဖြစ်သူနဲ့မိခင်ဟာ အတော်လေးဆင်တူနေလို့ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။
ဒီတစ်ခုပြီးတော့ တစ်ပတ်လောက်အကြာမှာ တရုတ်အမျိုးသမီးတစ်ဦးကလည်း သူမရဲ့မိတ်ဆွေမျက်နှာနဲ့ ဖွင့်မှပွင့်ကြောင်းကို တွေ့ရှိခဲ့ပါတယ်။
အောက်မှာပြထားတဲ့ ဗွီဒီယိုမှာတော့ အခြားသူရဲ့ iPhone ကိုအလွယ်တကူဖွင့်နိုင်တဲ့ အမျိုးသမီးတစ်ဦးကို တွေ့မြင်ရမှာပါ။
Madam Wan ဆိုတဲ့ ဖုန်းပိုင်ရှင်ရဲ့ မိတ်ဆွေကတော့ အခုလို ပြောပြပါတယ်။
“ကျွန်မတို့က အတော်လေးတူပါတယ်။ ဒါပေမယ့် အခြားသူတစ်ယောက်ကသာ ဖွင့်နိုင်နေမယ်ဆို ဘာဖြစ်လာမလဲ။ ကျွန်မဖုန်းနဲ့ ငွေပေးချေမှုတွေ လုပ်သွားမှာပေါ့။”
လုံခြုံမှုမရှိတော့ပါဘူး။
iPhone X ဟာ တရုတ်နိုင်ငံအတွက်အဆင်မပြေဘူးလို့ ပြောရမလိုဖြစ်နေပါတယ်။ ဒါပေမယ့် Apple ကတော့ သူ့ရဲ့software ဟာအရူးလုပ်လို့မရဘူးလို့ ငြင်းဆန်နေတုန်းပါပဲ။
ဒီလိုဖြစ်ရပ်မျိုးဟာ တစ်မီလျံမှာတစ်ယောက်သာ ဖြစ်နိုင်ချေရှိတယ်လို့ သိရပါတယ်။
Face ID ရဲ့ launch ကတော့ ထင်မှှတ်ထားတာနဲ့ တက်တက်စင်အောင် လွဲခဲ့ပါတယ်။
Apple ရဲ့ရှင်းပြချက်ကတော့ တရုတ်ပြည်သူတွေကို စိတ်ကျေနပ်မှုမပေးနိုင်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့သူတို့ဟာ iPhone ရဲ့ လုံခြုံမှုကို မခံစားရသလို ဖြစ်လာပါတယ်။
X အတွက်ကတော့ အဆင်မပြေတော့ပါဘူး။
Apple ရဲ့ တွဲဖက်တည်ထောင်သူကတော့ လူတိုင်းရဲ့စိတ်ထဲမှာ မျှော်လင့်နေတဲ့ iPhone အသစ်ကတော့ အမှန်တကယ်ထွက်ပေါ်လာမှာပါလို့ဝန်ခံခဲ့ပါတယ်။
Aung Phyo Oo (Myanmar Mobile App)