3D 4V ဗီဒီယို ရိုက်ကူးနိုင်မည့် Red Hydrogen One စမတ်ဖုန်း

0
349

Red ကုမ္ပဏီက ထုတ်လုပ်လာမယ့် Hydrogen One ဖုန်းကို ကြိုတင်အမှာ လုပ်ထားတဲ့သူတွေအတွက် သတင်းတစ်ခုထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ Red က Hydrogen One ဖုန်းများကို လာမယ့်နွေရာသီမှာ အမေရိကန်ဆက်သွယ်ရေး ကုမ္ပဏီတွေက တစ်ဆင့် ရောင်းချသွားမယ်လို့ အတည်ပြုကြေညာလာခဲ့တာ ဖြစ်ပါတယ်။

Hydrogen One ဖုန်းမှာ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်ကတော့ ကင်မရာပိုင်း ဖြစ်ပါတယ်။ Red က ကင်မရာပီပီ သူတို့ရဲ့ဖုန်းကိုလည်း ကင်မရာပိုင်း အထူးအားပြုဖန်တီးလာပါမယ်။ 3D ကြည့်ရသလို ကြည့်နိုင်မယ့် ဓာတ်ပုံများ ရိုက်ကူးနိုင်အောင် လုပ်ဆောင်လာမှာ ဖြစ်ပါတယ်။ ဓာတ်ပုံနှင့် ဗီဒီယိုကို ရူးသွပ်တဲ့သူများအတွက် အထူးဖန်တီးထားတဲ့ ဖုန်းဆိုရင်လည်း မမှားပါဘူး။

ဒီဖုန်းကို Snapdragon 835 နှင့် ပါဝါထောက်ပံ့လာမှာ ဖြစ်ပြီး နားကြပ်ပေါက် ပါဝင်လာပါမယ်။ SlM ကတ်နှစ်ကတ် အသုံးပြုနိုင်မှာ ဖြစ်ပြီး microSD မှ တစ်ဆင့် Storage ထပ်မံ တိုးမြှင့်နိုင်ပါမယ်။ ဘက်ထရီ 4500 mAh အထိ ပါဝင်ပါမယ်။

ဒီဖုန်းက မျက်နှာပြင် ၅.၇ လက်မဖြစ်လာမှာ ဖြစ်ပြီး ဘက်ထရီပမာဏ မြင့်မားစွာ ပါဝင်လာမယ့်ဖုန်းပီပီ လေးလံလာပါလိမ့်မယ်။ ဒီဖုန်းမှာ ပါဝင်တဲ့ ကျောဘက်ကင်မရာနှင့်သာမက ရှေ့ကင်မရာနှင့်ပါ 3D 4V ဗီဒီယို ရိုက်ကူးနိုင်ပါမယ်။ ပြောရမယ်ဆိုရင် ဟိုလိုဂရပ်ဖစ်လိုမျိုး ကြည့်နိုင်ပါမယ်။

ပရော်ဖက်ရှင်နယ်ဗီဒီယိုရိုက်ကူးရေး ကင်မရာများ ထုတ်လုပ်ပြီး နာမည်ကြီးတဲ့ Red ဟာ သူတို့ရဲ့ Hydrogen One ဖုန်းအတွက် ကြိုတင်အမှာကို ပြီးခဲ့တဲ့လအနည်းငယ်ခန့်ကတည်းက ရယူခဲ့တာ ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ဈေးနှုန်းကိုတော့ အတိအကျ မကြေညာသေးပါဘူး။ ဒေါ်လာ ၁၂၀၀ မှ ဒေါ်လာ ၁၆၀၀ အတွင်း ရှိလာပါမယ်။

SM(MMAS)