ပြိုင်ဆိုင်မှု ပြင်းထန်လာတော့မယ့် ဘက်ထရီနည်းပညာ

0
537

ဒီရက်ပိုင်းအတွင်းမှာ တရုတ်စမတ်ဖုန်းနဲ့ နည်းပညာကုမ္ပဏီ Huawei ရဲ့ Watt Lab ကနေ နောက်မျိုးဆက်စမတ်ဖုန်းတွေ အတွက် လျှင်မြန်စွာ အားသွင်းပေးမယ့် နည်းပညာအသစ်ကို ပြသလိုက်ပါတယ်။ အဲဒီနည်းပညာက ၅ မိနစ်အတွင်းမှာ ဖုန်းကို ၄၈ ရာခိုင်နှုန်း အံ့သြဖွယ်ရာ အားဖြည့်ပေးနိုင်မှာပါ။Huawei က အဲဒီ နည်းပညာကို ဗီဒီယိုတစ်ခုနဲ့ တရားဝင်မိတ်ဆက်ပေးလိုက်တာပါ။ ဗီဒီယိုထဲမှာတော့ ဘက်ထရီဟာ ဒီနေ့ခေတ် ဖုန်းများမှာထက် Connectors များ ပိုမို ပါရှိတာကို တွေ့ရပါတယ်။  ဘက်ထရီရဲ့ အစိတ်အပိုင်းတွေကို Connector များစွာနဲ့ အားသွင်းတာက အရမ်းကို မြန်ဆန်ပြီး အစွမ်းထက်သွားပါတယ်။ ဗီဒီယိုမှာ Huawei က ဘက်ထရီကို ဖုန်းရဲ့ အပြင်ဘက်ထုတ်ပြီး External Device တစ်ခုထဲမှာ ထည်သွင်း၍ အားသွင်းတာကို တွေ့မြင်ကြရမှာပါ။ အဲဒီအတွက် ဒီအားသွင်းစနစ်ဟာ ဘက်ထရီဖြုတ်သွင်းမှ အလုပ်လုပ်မလားဆိုပြီး မေးခွန်းထုတ်စရာရှိပါတယ်။

ဒီလို ဘက်ထရီ အရှင်တွေကတော့ ၂၀၁၅ ခုနှစ်ထုတ် စမတ်ဖုန်းများမှာ ပုံသေစံနှုန်း အနေဖြင့် ထည့်သွင်းထားခဲ့ကြတာပါ။ ယခုနောက်ပိုင်းမှာတော့ ဘက်ထရီကို အသေတပ်ဆင်ထားတဲ့ စမတ်ဖုန်းများကိုသာ ထုတ်လုပ်ရောင်းချခဲ့ကြပါတယ်။ Huawei အနေနဲ့ ယခု ဗီဒီယိုကို Teaser အနေဖြင့် ဖန်တီး ပြသလိုက်ခြင်း ဖြစ်ပြီး အဲဒီနည်းပညာကို လာမယ့်လမှာ ကျင်းပမယ့် Mobile World Congress (MWC 2018) မှာ အသေးစိတ်အချက်အလက် တွေထုတ်ပြန်သွားနိုင်ပါတယ်။ Huawei နည်းပညာသစ်ဟာ သူ့ရဲ့အရှေ့မှာ ထွက်ထားတဲ့ ဘက်ထရီအားအမြန်သွင်းနိုင်တဲ့ အခြားကုမ္ပဏီတွေနဲ့ နည်းပညာတွေနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတာကတော့ မလွဲပါဘဲ။ Huawei ရဲ့နည်းပညာနဲ့ အပြိုင်ဖြစ်နေမှာ တာကတော့ OPPO, OuePlus နဲ့ Qualcomm တို့ပဲဖြစ်ပါတယ်။ Huawei ရဲ့နည်းပညာသစ်နဲ့ ပတ်သတ်လို့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိသေးပါဘူး။ အခြားကုမ္ပဏီတွေရဲ့ နည်းပညာတွေကတော့ လက်ရှိအချိန်မှာ ထင်ရှားပြီးသားပါ။ စမတ်ဖုန်းတွေရဲ့ဘက်ထရီက အရမ်းကို ဓာတ်ကြွလွယ်လို့ ဖုန်းတွေရဲ့ အားသွင်းလျှပ်စီးကြော င်း တွေထဲမှာကို safeguard ပေါင်းများစွာထည့်ပြီး ဖန်တီးထားရပါတယ်။ ဘယ်သူနည်းပညာက အကောင်းဆုံး ဖြစ်လာနိုင်မလည်း ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

ပြီးခဲ့တဲ့နှစ်အတွင်းကလည်း စမတ်ဖုန်းတစ်လုံးကို မိနစ် ၂၀ တည်းနဲ့ အပြည့်အ၀ အားပြန်သွင်းနိုင်မယ့် Super mCharge fast charging tech စူပါဘက်ထရီနည်းပညာ တစ်ခု ကို Meizu ကုမ္ပဏီ က MWC2017 ရှိုးပွဲမှာ ပြသခဲ့ပါသေးတယ်။နောက်ပိုင်းမှာတော့ သိပ်ထင်ပေါ်လာတာ မတွေ့ရသေးတော့ပေမယ့် သူရဲ့တန်ဖိုးမြင့်ဖုန်းတွေမှာ ထည့်သွင်းသုံးစွဲထားနိုင်ခြေရှိပါတယ်။ ရာခိုင်နှုန်း သုည ကနေ ၁၀၀ ရာခိုင်နှုန်းအထိ မြန်မြန်ဆန်ဆန် အားသွင်းမှုကို ပြသခဲ့ပြီး မိနစ်၂၀ဝန်းကျင်လောက်နဲ့ လုပ်ငန်းပြီးမြောက်ခဲ့တာပါ။  Meizu ရဲ့ သုတေသန အဖွဲ့ဟာ အပူချိန် ဖာရင်ဟိုက် ၁၀၂ ဒီဂရီ (၃၉ ဒီဂရီ ဆဲယ်စီးယပ်စ်) အခြေအနေမှာ အားဖြည့်သွင်းနိုင်မှု မြန်ဆန်ကြောင်း တွေ့ရှိချက်တစ်ခု ကို ရရှိခဲ့ပြီး အခုလို နည်းပညာအသစ် ကို တီထွင်အောင်မြင်ခဲ့တာ လို့ ဆိုပါတယ်။ သူတို့ရဲ့ စမ်းသပ်မှုတွေအရ 3000 mAh ရှိတဲ့ ဘက်ထရီတွေကို စမ်းသပ်သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ OnePlus က OnePlus 3 နဲ့ 3T ကတည်းက Dash Charge ကိုထုတ်ခဲ့ပြီး ဒီနှစ် OnePlus 5 နဲ့ OnePlus 5T တို့မှာလည်းဒီနည်းပညာကို ဆက်သုံးနေပါသေးတယ်။

OnePlus 5T ရဲ့ Dash Charge ကတော့ မိနစ်၃၀လောက်နဲ့တင်ကို အား ၆၀%လောက်ထိသွင်းပေးနိုင်ပါတယ်။  OnePlus ရဲ့ အားအမြန်သွင်းနည်းပညာရဲ့အားသာချက်က အားအမြန်သွင်းလည်း အပူမလွန်ကဲခြင်းပါ။  Dash Charge ရဲ့အားသာချက်က အားသွင်းတဲ့အချိန်မှာ မပူအောင် ထိန်းပေးနိုင်ခြင်းပါပဲ။ သူ့ရဲ့အားအမြန်သွင်းစနစ်က အားသွင်းနေရင်း ဗီဒီယိုတွေကြည့် ဂိမ်းတွေကစားရင်တောင် အားကျသွားမှာမဟုတ်ပါဘူး။ Quick Charge ကတော့ ဗို့များလာတဲ့အခါ အပူလွန်ကဲတာတွေကိုတားဆီးနိုင်အောင်လို့ သာမန်နှုန်းလောက်ကိုပဲပြန်သွားတာမို့ သူနဲ့တော့ မတူပါဘူး။

OnePlus 5T က ၃၅မိနစ်လောက်နဲ့တင်ကို အား ၆၀%လောက်ထိသွင်းနိုင်ပါတယ်။ ၆၀% ကနေ အားအပြည့်ထိဖြစ်ဖို့ကတော့ ၄၅ မိနစ်ကျော်လောက်ကြာပါတယ်။ ဒါက ဘက်ထရီကိုထိခိုက်မှာကို ကာကွယ်ဖို့အတွက်ဖြစ်ပြီး 75% ကိုရောက်ရင် 2A ဖြစ်ပြီး 85% ကိုရောက်ရင်ပိုပိုပြီး နှေးလာပါတယ်။ ဖုန်းထဲမှာရှိတဲ့ ထိန်းချုပ်ယူနစ်တွေက amp တွေပမာဏကိုထိန်းချုပ်နိုင်အောင် အားပမာဏကို စောင့်ကြည့်နေတာဖြစ်ပါတယ်။ Dash Charge ရဲ့မကောင်းတဲ့တစ်ချက်ကတော့ OnePlus-brand နဲ့ အားသွင်းကြိုးတွေကိုသုံးမှရပါတယ်။ ဒါမှပဲ OnePlus 5T မှာရသလို အမြန်နှုန်းမျိုးနဲ့ ရမှာဖြစ်ပါတယ်။ OnePlus 5T မှာ တခြားအားသွင်းကြိုးတွေနဲ့သုံးလို့ရပြီး Dash Charge ကို တခြားဖုန်းတွေအတွက် သုံးလို့မရဘူးမဟုတ်ပါဘူး။ ရပါတယ်။ ဒါပေမယ့် ပုံမှန်နှုန်းထားနဲ့ပဲရမှာပါ။

Snapdragon ပရိုဆက်ဆာတွေ ကိုထုတ်လုပ်တဲ့ Qualcomm ကလည်း ဘက်ထရီနည်းပညာအတွက် အမြဲကြိုးစားလျက်ရှိပြီး ပြီးခဲ့တဲ့ အရင်နှစ်က မိတ်ဆက်ခဲ့တဲ့ Quick Charge 4 နည်းပညာဟာဆိုရင်လည်း (၅)နာရီစာကို (၅)မိနစ်အတွင်းနဲ့ အားသွင်းနိုင်စေခဲ့ကာ ယခင် Quick Charge စနစ်ထက် charging speed ပိုင်းမှာ (၂၀) ရာခိုင်းနှုန်းနဲ့ efficiency ပိုင်းမှာ (၃၀)ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့တာဖြစ်ပါတယ်။  Qualcomm ရဲ့ Quick Charge 4+ system ကတော့  ယခင် Quick Charge 4 ထက် (၃)ဒီဂရီ ပိုအေးကြောင်း၊ (၁၅)ရာခိုင်နှုန်းပိုမြန်ကြောင်းနဲ့ (၃၀)ရာခိုင်နှုန်း ပိုမိုစွမ်းဆောင်နိုင် ပါတယ်။

Quick Charge 4+ နည်းပညာအသစ်မှာ dual charging abilities, intelligent thermal balancing နဲ့ advanced safety features တွေပါဝင်လာပါတယ်။ ဒီ feature တွေအားလုံးဟာ ပေါက်ကွဲမှုတွေအပါအဝင် အခြားသော အမျိုးမျိုးအန္တရာယ်တွေကနေ စိတ်ချရမှာလည်းဖြစ်ပါတယ်။ dual charging abilities အရ charge current ကို တစ်ဝက်တိတိ ဖြတ်တောက် ပေးမယ့် power management chip တစ်ခု ထပ်မံပါဝင်လာမှာဖြစ်တဲ့အတွက် အားသွင်းချိန်မှာ အပူလွန်ကဲမှုကို လျော့ချပေးမယ့်အပြင် အားသွင်းချိန်ကိုပါ တိုစေမှာဖြစ်ပါတယ်။

Intelligent Thermal Balancing ကလည်း အားသွင်းနေချိန်မှာ battery ကို အအေးမြဆုံးဖြစ်အောင် အလိုအလျောက် ပြောင်းလဲပေးမှာဖြစ်ပါတယ်။ Quick Charge 4+ ပါဝင်တဲ့ devices တွေဟာ case နဲ့ connector (၂)ခုစလုံးရဲ့ အပူချိန်တွေကို တစ်ပြိုင်နက်တည်း ချိန်ညှိပေးမှာဖြစ်ပြီး Type-C connector ကို ထိခိုက်စေခြင်းနဲ့ အပူလွန်ကဲခြင်း တို့ကို ကင်းဝေးစေမှာဖြစ်ပါတယ်။

OPPO မှာလည်း သူ့ရဲ့ကိုယ်ပိုင်အားသွင်းအမြန်စနစ်ဖြစ်တဲ့ VOOC (Voltage Open Loop Multi-step Constant-Current Charging) ရှိထားပါပြီ။ သူ့စနစ်ကိုတော့ F3 Plus, R9s , R11 နဲ့ တခြားသော OPPO ဖုန်းတွေမှာသုံးထားပါတယ်။ Qualcomm ရဲ့ Quick Charge နည်းပညာကတော့ အားသွင်းတဲ့အချိန်ကိုလျှော့ ချဖို့အတွက် ဘက်ထရီရဲ့ဗို့အားကို မြှင့်ထားတာပါ။ အားသွင်းအမြန်စနစ် ၂ခုကြားထဲက ကွာခြားချက်က  Qualcomm က ဘက်ထရီကိုအားသွင်းဖို့အတွက် ဗို့အားကိုမြှင့်ထားပြီး VOOC ကတော့ Amperage (amp) ကိုမြှင့်ထားတာပါ။ Quick Charge 3.0 ကတော့ 6.5V နဲ့ 3A, 19.5W ဖြစ်ပြီး VOOC မှာတော့ 5V, 4A နဲ့ 20W ဖြစ်ပါတယ်။

Qualcomm က ဘက်ထရီစွမ်းအားအတွက် Intelligent Negotiation for Optimum Voltage (INOV) လို့ခေါ်တဲ့ algorithm တစ်ခုရှိနေပါတယ်။ သူကတော့ safeguard တွေနဲ့အတူတူ အပူလွန်တာတွေ အားသွင်းလွန်တာတွေ စတဲ့အပူချိန်ဆိုင်ရာတွေကို ပိုကောင်းမွန်စေဖို့ ဖန်တီးထားတာဖြစ်ပါတယ်။Qualcomm ရဲ့ parallel charging နည်းပညာဟာ ငါးမိနစ်လောက်အားသွင်းရုံနဲ့ ၅နာရီလောက် အသုံးခံမှာဖြစ်ပါတယ်။ chip တွေကိုထုတ်လုပ်နေတဲ့ Qualcomm ကတော့ စမတ်ဖုန်းထုတ်ကုမ္ပဏီတွေဖြစ်တဲ့ Samsung တို့လိုကုမ္ပဏီတွေဆီ ဒီနည်းပညာကို လိုင်စင်ပေးထားတာပါ။ ဒါကြောင့် Galaxy Note 8 မှာ Adaptive Fash Charging အားသွင်းအမြန်စနစ်ပါ ဝင်လာတာပါ။ Samsung ကတော့ Quick Charge 2.0 ကိုဆက်သုံးနေဆဲပဲဖြစ်ပြီး Quick Charge 4.0 ကိုသုံးမယ့်ဖုန်း တွေကိုလည်း၂၀၁၈စမတ်ဖုန်း ဈေးကွက်မှာ တွေ့မြင်ရဦးမှာပါ။

SM(MMAS)