Gadget Trending

၅မိနစ်အတွင်း ဘက်ထရီရဲ့ ၄၀% ပြည့်စေမယ့် Huawei ရဲ့ အားအမြန်သွင်းနည်းပညာ

Huawei ရဲ့ Watt Lab ကတော့ နောက်ထပ်အားအမြန်သွင်းနည်းပညာသစ်တစ်ခုအကြောင်း ပြောနေပါတယ်။ သူကတော့ ၅မိနစ်တည်းနဲ့ ဘတ်ထရီ ၄၈%ကို ရောက်သွားမယ်လို့ ကြွေးကြော်ထားတာပါ။ ဗွီဒီယိုလေးကလည်း သမားရိုးကျမဟုတ်ဘဲ ကွဲထွက်နေပါတယ်။

စက္ကန့်ငါးဆယ်လောက်မှာ မြင်ရတာတွေက ဆန်းကြယ်လာပါတယ်။ ဘတ်ထရီလေးမှာ ဒီကနေ့ခေတ်ဖုန်းတွေရဲ့ ဘတ်ထရီမှာမြင်ရတဲ့ connector တွေထက် များနေတာကို တွေ့နိုင်ပါတယ်။ ဘတ်ထရီကို အပိုင်းခွဲပြီးတော့ တစ်ခုချင်းကို အားသွင်းတဲ့နည်းပညာကတော့ အသစ်အဆန်းမဟုတ်ပေမယ့်လည်း အကျိုးရှိပါတယ်။

သတိထားမိမှာတစ်ခုကတော့ ဖုန်းအတွင်းထဲမှာ ဘတ်ထရီကို ထည့်မထားပါဘူး။ ဘတ်ထရီကိုအပြင်ထုတ်ပြီးတော့ အားသွင်းလိုက်တာပါ။ ဒါဆိုရင် ဘတ်ထရီဖြုတ်လို့ရတဲ့ခေတ်ဆီ ပြန်ရောက်သွားမှာလား။ အသက်ရှုတောင်ရပ်သွားသလိုပါပဲ။

ဖြုတ်နိုင်တဲ့ဘတ်ထရီတွေကိုတော့ ၂၀၁၅ ၀န်းကျင်လောက်မှာ အတော်လေးခေတ်ထခဲ့ပါတယ်။ ဒီဗွီဒီယိုကို ပထမဆုံးဖြန့်ဝေခဲ့တဲ့အချိန်ပေါ့။ Computerworld ကရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာလည်း 3,000mAh ဘတ်ထရီကို ဖော်ပြခဲ့ဖူးပါတယ်။

ဒီနည်းပညာကို ဈေးကွက်မှာမြင်ရမယ်ဆိုရင်တော့ အတော်လေးမိုက်မှာပါ။ ဒါပေမယ့်လည်း နှစ်နှစ်လောက်ကြာနေခဲ့ပါပြီ။ ဒီနည်းပညာက MWC ပွဲမှာ ခေတ်ထစေနိုင်မလား။ မျှော်လင့်နိုင်ပါတယ်။ ဒါပေမယ့် မကျေမနပ်ဖြစ်စွာနဲ့ အဆုံးသတ်ကိန်းတော့ ရှိတယ်ဆိုတာလည်း သတိရပေးပါ။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org