ဝိုင်ဖိုင်လိုင်းတွေရဲ့ အမြန်နှုန်းကိုပါ ပြသပေးနိုင်တော့မယ့် Android

0
287

ဒီလို Android 8.1 လှည့်စားချက်ကလေးက ချိတ်ဆက်သင့်တဲ့ ကွန်ရက်လားဆိုတာ ဆုံးဖြတ်ဖို့ ကူညီပေးပါလိမ့်မယ်။

Android 8.1 ရဲ့ အမိုက်စား၊ အလန်းစား feature တွေထဲက အချို့ကတော့ Oreo ထွက်ရှိအပြီးမှာ ထွက်ပေါ်လာပါပြီ။ Google ဟာ ဒီကနေ့မှာပဲ Oreo ဟာ အနီးမှာရှိတဲ့ ချိတ်ဆက်နိုင်ပြီး password မပါတဲ့ ၀ိုင်ဖိုင်တွေရဲ့အမြန်နှုန်းကိုပြပေးနိုင်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါကြောင့် ချိတ်ဆက်သင့်လားဆိုတာ သိနိုင်ပြီပေါ့။ Wi-Fi settings menu မှာ Very Fast, Fast, OK, နဲ့ Slow ဆိုပြီးတော့ လေးမျိုးပြသပေးမှာပဲ ဖြစ်ပါတယ်။

Very Fast နဲ့ Fast ကြားက ခြားနားချက်ကတော့ high-quality videos တွေကိုကြည့်နိုင်ခြင်းနဲ့သာမန်ဗွီဒီယိုအများစုကို ကြည့်နိုင်ခြင်းပါပဲ။ ကော်ဖီဆိုင်အများစုမှာ OK အဆင့်သာ တွေ့နိုင်ပါတယ်။ ဒါကတော့ ၀က်ဘ်ဆိုက်တွေကြည့်ရှုခြင်း၊ လူမှုကွန်ရက်အသုံးပြုခြင်း၊ Spotify နားထောင်ခြင်းတို့အတွက် အဆင်ပြေပါတယ်။

လျှို့ဝှက်ကုဒ်ထည့်ရမယ့် Private Wi-Fi network တွေကိုတော့ အမြန်နှုန်းပြသပေးမှာမဟုတ်ပါဘူး။ ဒါကလည်း သင်နဲ့မဆိုင်ပါဘူး။ ဟုတ်တယ်မလား။ ဒါပေမယ့် လိုင်းအားကိုတော့ ပြသပေးဦးမှာပါ။ Google ဟာ network administratorတွေအနေနဲ့ Android ရဲ့ Wi-Fi Assistant မှာအမြန်နှုန်းပြသနေခြင်းကိုပိတ်ချင်ရင်တော့ “canary URL” ကို အသုံးပြုနိုင်တယ်လို့ပြောကြားထားပါတယ်။

Android 8.1 ဟာ cheeseburger emoji နဲ့ Pixel 2 ရဲ့ Visual Core chip လောက်ပဲကောင်းတယ်လို့ ထင်နေရင်တော့ ပိုကောင်းတာတွေ ထပ်လာနေတာကို သိထားဖို့လိုပါတယ်။ Android 8.1ရထားပြီဆိုရင်တော့ စမ်းသပ်ကြည့်လိုက်ပါတော့။