ဈေးနှုန်းသက်လာလွန်းလှတဲ့ Honor ရဲ့အကောင်းဆုံး Flagship စမတ်ဖုန်းနှစ်လုံး

0
521

Honor ဟာ Honor 6A နဲ့ Honor 9 တို့ကို flash sale အဖြစ်နဲ့ launch လုပ်ခဲ့ပါတယ်။ ဒီဈေးလျှော့ထားတဲ့ဟန်းဆက်တွေကို မြန်မြန်ဝယ်မှ ရမှာနော်။

‘Honor Day’ အဖြစ်နဲ့Honor 6A ကို ဈေးလျှော့လိုက်တာကတော့ £149.99 ကနေ £99.99 အထိဖြစ်ပါတယ်။

16MP ကင်မရာကို phase detection auto focus ၊5MP အရှေ့ကင်မရာကို Honorရဲ့  ‘Beauty’ modeနဲ့အတူ လူမှုကွန်ရက်တွေပေါ်မျှဝေနိုင်တဲ့အပြင် £50 လောက်လည်း လျှော့ဈေးရဦးမှာပါ။

ပရီမီယမ် Honor 9 မှာကတော့ မူရင်းဈေး £379.99 ကနေ £299.99 ဖြစ်သွားတာမို့ £80 နီးနီး လျှော့ပေးထားတာပါ။

£300 နဲ့ အချက်အလက်အမိုက်စား စမတ်ဖုန်းကို flash sale မှာ ရယူနိုင်တော့မှာပါ။

Honor 9 မှာ Huawei ရဲ့ Kirin 960 octa-core system-on-a-chip နဲ့ 4GB RAM ထည့်သွင်းထားတာမို့ performance ပိုင်းမှာ ကောင်းမွန်စွာလုပ်ဆောင်နိုင်ပါတယ်။ 64GB မမ်မိုရီမဟုတ်ပေမယ့်လည်း အဆင်ပြေပါတယ်။

အဲဒီဟန်းဆက်မှာ အနောက်ဘက်မှာ 3D မှန်ကွေးနဲ့ ကင်မရာနှစ်လုံးပါဝင်တာမို့ Samsung Galaxy 8 နဲ့Pixel 2 တို့လို flagship စမတ်ဖုန်းတွေဆီက အချက်အလက်တွေကို ဈေးသက်သာစွာနဲ့ရနိုင်မှာပါ။

flash sale ကတော့ တစ်ရက်တည်းသာ ရနိုင်မှာဖြစ်ပြီး ဈေးလျှော့ထားတဲ့ စမတ်ဖုန်းတွေကိုလည်း Honor ရဲ့အွန်လိုင်းစတိုးမှာသာရနိုင်မှာပါ။ ဒါကြောင့် flash sale ကို သင့်ရဲ့ဒေသမှာရှိတဲ့စတိုးတွေမှာ ရနိုင်မှာမဟုတ်ပါဘူး။

ဈေးသင့်ပြီးတော့ အချက်အလက်ကောင်းတဲ့ စမတ်ဖုန်းတွေ အများကြီးရှိပါတယ်။ ဥပမာ OnePlus 5T ပါ။ ဈေးလျှော့ထားတဲ့ Honor စမတ်ဖုန်းတွေကလည်း နောက်လာမယ့်ဝယ်ယူမှုတွေအတွက် ဆွဲဆောင်ချက် ဖြစ်လာနိုင်ပါတယ်။