ဖုန်းမှာ Contact တွေ တူတာများပြီးထပ်နေရင် ဒီနည်းနဲ့ဖြေရှင်းလိုက်ပါ

0
1501

ဒီပြသနာကတော့ တော်တော်များများကြုံဖူးကြမယ်ထင်ပါတယ်။
ဖုန်းခေါ်ဖို့ Contact တစ်ခုကိုရိုက်ရှာလိုက်ရင် အများကြီးပွားနေတာမျိုးပေါ့။

ဥပမာ Mg Mg လို့ ရိုက်လိုက်တာနဲ့ ဖုန်းနံပါတ် ပါတာတွေရော မပါတာတွေရော လေးငါးဆယ်ခုလောက် ကျလာတာမျိုးတွေပါ။ ဒီလို နာမည်တူပြီး နံပါတ် မတူတာတွေ နံပါတ်မပါတာတွေကို Name တစ်ခုတည်းမှာ စုစုစည်းစည်း ဝင်သွားအောင်လုပ်လို့ရပါတယ်။ Merging လုပ်တယ်လို့ခေါ်ပါတယ်။

မျက်စိနောက်ပြီးစိတ်ပျက်စရာ အတော်ကောင်းတဲ့ Contact ပွစိ
တွေလိုဖြေရှင်းမလဲ

နည်းလမ်းသုံးမျိုးရှိပါတယ်။
Android ဖုနးအားလုံး လုပ်ကြည့်လို့ရပါတယ်။
ဒါပေမယ့် ဒီ Post မှာတော့ MIUI ROM ကိုအသုံးပြုထားတဲ့ ဖုန်းကို ဦးစားပေးဖော်ပြသွားမှာပဲဖြစ်ပါတယ်။

နည်းလမ်း (၁) ဖုန်းရဲ့ Contact app ဖြင့် Merging လုပ်ခြင်း

ဖုန်းမှာရှိတဲ့ Contact app ထဲကို ဝင်ပါ recent ခလုတ်ကို ကြာကြာလေးနှိပ်ထားပြီး Setting ကနေတစ်ဆင့် Organize Contacts > Merge Duplicate Contacts လုပ်ပေးပါ။
ဒါဆိုရင်တော့ Contacts တွေကို စီမံပြီး 100% ပြည့်တာနဲ့ ပြန်စစ်ကြည့်လို့ရပါပြီ။ Contact တွေကို သပ်သပ်ရပ်ရပ်နဲ့ သင်မြင်ရမှာဖြစ်ပါတယ်။

နည်းလမ်း (၂) Google Contact ဖြင့် Merging လုပ်ခြင်း

ဒီနည်းလမ်းကတော့ Google Service ကို အပြည့် အဝ ထောက်ပံ့ပေးထားပြီး အသုံးပြုသူကလည်း Contacts တွေကို Google account မှာ သိမ်းထားတယ်ဆို အဆင်ပြေပါတယ်။
https://contacts.google.com/ ကို Browser မှတစ်ဆင့် သွားပါ။(ဖုန်းမှာရော Browser မှာပါ တူညီ တဲ့ Google accunt ဝင်ထားပါ)

https://contacts.google.com/ ကိုရောက်ရင် ဘယ်ဘက်ထောင့် အောက်မှာ Duplicates ဆိုတာလေးကို တွေ့ရပါမယ် ဝင်လိုက်ရင် Contact ဘယ်လောက် Merging လုပ်ဖို့လိုလဲဆိုတာပြပါလိမ့်မယ်။
ညာဘက်မှာ ရှိတဲ့ Merging all ကို နှိပ်ပေးလိုက်ရင် ရပါပြီ။

နည်းလမ်း (၃) Third Party App များကို အသုံးပြုပြီး Merging လုပ်ခြင်း

Third Pary app ဆိုတာကတော့ လက်ရှိ အသုံးပြုနေတဲ့ ဖုန်းမှာ Official အနေနဲ့ ပါဝင်ခြင်းမရှိပဲ
အခြား Source တစ်နေရာရာကနေ Download ပြုလုပ်ထည့်သွင်းထားတဲ့ App ကို ပြောတာပါ။(ဥကမာ Google Play Store ကဒေါင်းလုပ်ဆွဲတာတို့ Google ကနေရှာပြီး အခြား Website တွေကနေ သွင်းထားတာတို့ပေါ့)

အကယ်၍ သင်ဟာ Google service လည်းမသုံးထားသလို လက်ရှိသုံးနေတဲ့ဖုန်းမှာ လည်း Contact တွေကို Merging လုပ်ဖို့ Option မပါဘူးဆိုရင်တော့ Third Party app ကိုအသုံးပြုပြီး Merging ပြုလုပ်ဖို့ လိုအပ်ပါတယ်။

3rd app တွေ ထဲမှာ User rating အများဆုံးရထားတဲ့ app တွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

1.Duplicate Contacts Remover
2.Contacts Optimizer
3.Simpler Merge Duplicate

အထက်မှာဖော်ပြထားတဲ့ App တွေကတော့ Contacts merging လုပ်ဖို့ အကောင်းဆုံး App တွေ ဖြစ်တယ်လို့ ညွှန်းဆိုခြင်းခံထားရပါတယ်။