နောက်ထွက်မယ့် iOS Update မှာ Power Management ပိုင်းတွင် User ကိုယ်တိုင်ပိုမိုထိမ်းချုပ်နိုင်တော့မည်

0
1766

 

လွန်ခဲ့တဲ့လ အနည်းငယ်က iPhone User တွေကြား ဆူဆူညံညံဖြစ်သွားစေခဲ့တာကတော့ Apple က အသုံးပြုသက်တမ်း ၁ နှစ်နှင့်အထက်ရှိတဲ့ iPhone တွေကို Battery နှင့်ပတ်သက်တဲ့ ပြဿနာတွေ မဖြစ်ပေါ်အောင်လို့ iPhone တွေရဲ့ CPU စွမ်းဆောင်ရည်ကို အနည်းငယ်စီ လျှော့ချခဲ့ပါတယ်။ အဲ့ဒီလျှော့ချမှုအပေါ် iPhone user တော်တော်များများက သဘောမကျခဲ့တဲ့အပြင် Apple ကို တရားစွဲဆိုမှုတွေပါ ပြုလုပ်ခဲ့ကြပါသေးတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Apple က iPhone user များကို တောင်းပန်ခဲ့တဲ့အပြင် သက်တမ်းရင့် iPhone Battery တွေကို လည်းလှယ်ရန် ဈေးလျှော့ပေးခဲ့ပါသေးတယ်။
နောက်ထပ်ထွက်မယ့် iOS Version Update တွေမှာ iPhone CPU စွမ်းဆောင်ရည်ထိန်းချုတ်မှုအပေါ် User ကိုယ်တိုင် ဖွင့်/ပိတ် လုပ်နိုင်လာမယ်လို့ Tim Cook ကပြောကြားခဲ့ပါတယ်။ ထို Feature ပါလာမယ့် iOS Version အတိအကျကိုတော့ အတိအကျမသိရသေးပါဘူး။ Apple အနေနဲ့ 2017 နှစ်ကုန်ပိုင်းအထိ ဝေဖန်မှုအများအပြားကိုခံခဲ့ရပါတယ်။ 2018 ခုနှစ်ထဲမှာရော Apple နဲ့ပတ်သက်ပြီး ဘယ်လို တိုးတက်လာတာတွေရှိမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ CPU စွမ်းဆောင်ရည် လျှော့ချခြင်းခံရတဲ့ iPhone တွေကတော့ iPhone 6/Plus, iPhone 6s/Plus, iPhone 6s/Plus, iPhone SE, iPhone 7/Plus တို့ပဲဖြစ်ပါတယ်။