Toyota ရဲ့ပထမဦးဆုံး Apple CarPlay ပါတဲ့ကား ဖြစ်လာတဲ့ 2019 Avalon

0
1835

Apple CarPlay feature ကို iOS 7.1 မှာမိတ်ဆက်ခဲ့ပြီးနောက် US Car Brand တော်တော်များများနဲ့ German Car တွေမှာ အချိန်တိုအတွင်း အသုံးပြုလို့ရခဲ့ပါတယ်။ Toyota ကတော့ လွန်ခဲ့တဲ့ 2017 အထိ CarPlay ပါတဲ့ကား တစ်စီးမှဈေးကွက်မတင်ခဲ့ပါဘူး။ ပြည်တွင်းမှာ လူကြိုက်အများဆုံးလို့ ပြောလို့ရတဲ့ Toyota ကားတွေမှာ CarPlay ကိုပထမဆုံး ယူဆောင်လာပေးမှာကတော့ 2019 Toyota Avalon ပဲဖြစ်ပါတယ်။ 2019 Avalon အပါအ၀င် သတ်မှတ်ထားတဲ့ Toyota Car model အသစ်တွေနဲ့ Lexus Model အသစ်တွေမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။
အရင်က Toyota က သူတို့ရဲ့ကားတွေမှာ CarPlay ထည့်ဖို့ စိတ်ဝင်စားမှုမရှိခဲ့ပါဘူး။ Toyota က 2016 မှာ ကားတွင်း ဖျော်ဖြေရေး System အတွက် Software အပိုင်းမှာ Ford နဲ့ပူးပေါင်းပြီးတဲ့နောက်ပိုင်း CarPlay ထည့်ဖို့ဖြစ်လာတာပါ။ 2019 Avalon မှာ Phone တွေကို Wireless Charging အတွက် Qi Wireless Charging Pad ပါပေမယ့် CarPlay ကတော့ Wireless မရပါဘူး။ iPhone ကို Lightning to USB ကြိုးနဲ့ ချိတ်ပြီးအသုံးပြုရမှာဖြစ်ပါတယ်။ အပိုထပ်ဆောင်းအနေနဲ့ Smartwatch တွေအပြင် Amazon Alexa နဲ့ချိတ်ပြီး မိမိအသံဖြင့် ကားတံခါးတွေကို Lock/Unlock လုပ်နိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်မှာ Apple CarPlay ရဲ့ Feature တွေအားလုံး အဆင်ပြေမှာမဟုတ်ပေမယ့် တော်တော်လေး အသုံးပြုလို့ကောင်းမယ့် Feature တစ်ခုဖြစ်လို့ iPhone user တွေသဘောကျကြမှာပါ။
VW apl carplay Photo : CarPlay on Volkswagen

အခုလက်ရှိ ပြည်တွင်းမှာ ၀ယ်လို့ရနိုင်မယ့် CarPlay ပါတဲ့ Brand တွေကတော့ BMW, Ford, Hyundai (also Genesis), KIA, Mercedes-Benz, Mitsubishi, Volokswagen, Volvo တို့ပဲဖြစ်ပါတယ်။ (နိုင်ငံအလိုက် ကားတွေကွာခြားတာကြောင့် ဒီမှာရောင်းနေတဲ့ Model အားလုံးမှာတော့ CarPlay ပါမှာမဟုတ်ပါဘူး။)