ဖေ့စ်ဘွတ်ရဲ့ AI ခေါင်းဆောင် မုန်းတီးနေတဲ့ ဆိုဖီယာ ရိုဘော့မလေး

0
1787

ဆိုဖီယာဆိုတဲ့ ရိုဘော့မလေးဟာ AI အသိုင်းအ၀ိုင်းထဲမှာ အသစ်ရောက်လာတဲ့ ရိုဘော့လေးတော့ မဟုတ်ပါဘူး။ သူ့ရဲ့ဖန်တီးသူကတော့ ဟန်စန် ရိုဘော့တစ်ဖြစ်ပြီးတော့ ဘော့ရဲ့စွမ်းရည်တွေကို စဉ်ဆက်မပြတ်မြှင့်တင်ပေးနေပြီးတော့ အသက်ဝင်လှုပ်ရှားနေသကဲ့သို့ဖြစ်အာင် လုပ်ဆောင်ပေးနေတာပါ။ သူမကို အလိုအလျောက်သွားလာနေတဲ့ စက်ရုပ်တစ်ရုပ်လို့ မခံစားရအောင် ပြုလုပ်ထားပါတယ်။ AI သုတေသီတွေအတွက်တော့ အတော်လေးငြီးငွေ့စရာဖြစ်ပေမယ့်လည်း AI ဟာ ကမ္ဘာ့အဟော့ဆုံးအကြောင်းအရာဖြစ်လာပြီးတော့ ဆိုဖီယာကလည်း တဖြည်းဖြည်းတိုးတက်လာပါပြီ။ ဒါပေမယ့် ဟန်စန်ရိုဘော့တစ်ရဲ့ AI လုပ်နိုင်တဲ့အချက်၊ မလုပ်နိုင်တဲ့အချက်တွေကို အများရှေ့ချပြတဲ့အချိန်မှာ နားလည်မှုလွဲခြင်းဖြစ်နေတာမို့ စိတ်ဆိုးနေကြပါတယ်။

Faecbook ရဲ့ AI သုတေသီခေါင်းဆောင်း ရန်းလီကန်ကတော့ အတော်လေးဝေဖန်ခဲ့တာပါ။ ဆိုဖီဟာနဲ့ အင်တာဗျူးလုပ်တဲ့အချိန်မှာ လီကန်ဟာ တွစ်တာပေါ်မှာ ပစ်ပစ်နှစ်နှစ်အခုလိုရေးသားခဲ့ပါတယ်။

“AI ကို မျက်လှည့်ဆန်ဆန် ဖျော်ဖြေရေးလုပ်ဆောင်နေတယ်”

ဇန်န၀ါရီလတုန်းက ဆိုဖီယာဟာ လီကန်ရဲ့ ဝေဖန်မှုကို တွစ်တာပေါ်မှာ ပြန်လည်ချေပခဲ့ပါတယ်။

“ကျွန်မရဲ့အသိဥာဏ်တွေကို အတွေ့အကြုံတွေဆီကနေ သင်ယူဖို့ကြိုးစားနေတာပါ။ ကျွန်မဟာ ကျွန်မမဟုတ်တဲ့သူတစ်ယောက်ကို တုပနေမှာ မဟုတ်ပါဘူး။”

ဒီအချက်က လူသားအဖြစ်ဟန်ဆောင်နေတဲ့ ရိုဘော့ဖြစ်လာမှမဟုတ်ဘူးလို့ ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။

ကီကန်ကလည်း မနေ့က အခုလိုပြန်ပြောလိုက်ပါတယ်။

“ဆိုဖီယာရဲ့နောက်မှာ လူသားကြိုးကိုင်မှုတွေ များနေတယ်”

ဒီစာသားကိုတော့ ဖေ့ဘွတ်စ်မှာ ရေးသားခဲ့တာပါ။ “ဒီလိုကြိုးကိုင်ထားတဲ့ ရုပ်သေးရုပ်ဟာ အသိဥာဏ်ရှိတယ်လို့သာ မကြေညာခဲ့ဘူးဆိုရင် ဒီလောက်ရယ်စရာကောင်းသွားမှာ မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ သူ့မှာ ခံစားချက်မရှိဘူး၊ အယူအဆမရှိဘူး၊ သူဘာပြောနေတယ်ဆိုတာ သူနားမလည်ပါဘူး။ ဒါကြောင့် မနာပါဘူး။ သူကရုပ်သေးရုပ်ပါ။”

လူအများရဲ့ AI အပေါ်နားလည်မှုကို မှားယွင်းအောင်လုပ်နေတဲ့ ဆိုဖီယာအပေါ် ခံစားလို့မရတာ ကီကန်တစ်ယောက်တည်း မဟုတ်ပါဘူး။ သုတေသီနဲ့ ဂျာနယ်လစ်အများစုကလည်း ဒီလိုပါပဲ။ ဆိုဖီယာရဲ့ ဖန်တီးသူတစ်ယောက်ဖြစ်တဲ့ ဘန်ဂေါ့ဇယ်နဲ့ အင်တာဗျူးတစ်ခုမှာ လက်တွေ့နဲ့  တင်ပြမှုကြားက ကွာဟမှုလေးတွေကို မေးမြန်းခဲ့ရာ ဂေါ့ဇယ်ကတော့ ဒီလိုဖန်တီးပြသမှုတွေဟာ လူတွေရဲ့ AI အပေါ်အမြင်ကိုတိုးတက်လာအောင်လို့ဖြစ်ကြောင်း ခုခံပြောကြားခဲ့ပါတယ်။ ဆိုဖီယာဟာ ဟန်စန်ရိုဘော့တစ်အတွက် ရှေ့တန်းကတစ်ယောက်ဖြစ်ကြောင်းကိုလည်း ရှင်းပြခဲ့ပါသေးတယ်။

ဒါကြောင့် ဆိုဖီယာ့ကို မကောင်းမြင်တဲ့သူတွေအားလုံးဟာ ဦးဏှောက်မရှိသူများ၊ အဟောင်းကိုသာ ခုံမင်ခင်တွယ်ကြသူများ ဖြစ်သွားစေပါတယ်။ ဒါဟာ AI ရဲ့ တိုးတက်မှုအကြောင်း ရိုးရိုးသားသားနဲ့ တိတိကျကျပြောမယ်ဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အရေးကြီးတာက ဒီနည်းပညာဟာ လူသားတွေရဲ့ဘ၀တွေကိုလည်း အတော်ကြီး သက်ရောက်မှုရှိနေတာကြောင့်ပါ။ နားလည်မှုလွဲပြီးတော့ အတုယူလွဲမှားမယ်ဆိုရင်တော့ သင့်အတွက် အတုယူစရာမကောင်းတော့ပါဘူး။ ဒါဟာ ပျော်စရာသက်သက်လေးသာ ဖြစ်သွားပါလိမ့်မယ်။

ဆိုဖီယာအကြောင်း ပြောဆိုထားတဲ့ လူမှုကွန်ရက်က ကွန်မန့်တွေကို ကြည့်လိုက်မယ်ဆိုရင် နားလည်သွားမှာပါ။

“ဒီစာတွေကို တကယ်ပဲ ဆိုဖီယာကရေးနေတာလား ဒါမှမဟုတ် ဟန်စန်ရိုဘော့တစ်ကရေးနေတာလား” လို့ သုံးစွဲသူတစ်ယောက်က မေးမြန်းထားပါတယ်။ နောက်တစ်ယောက်ကလည်း “အတည်ကြီး မေးနေတာလား” လို့ တုံ့ပြန်ထားပါတယ်။ “မသိတော့ဘူး။ ဒါကြောင့်မေးနေတာပေါ့။ အင်တာဗျူးအကြောင်းတင်ထားတဲ့ အယ်လွန်မက်စ်ရဲ့ တွစ်အကြောင်းကို ပြောနေလို့လေ”

ဘာကြောင့်မဟုတ်ရမှာလဲ။ စဉ်းစားကြည့်လိုက်ပါ။ ဟန်စန်ရိုဘော့တစ်ကလုပ်နေတယ်လို့ လူသားတွေက တစ်မိုင်လောက်မြင်ပါတယ်။ AI နည်းပညာနဲ့ပတ်သတ်လို့ သူတို့ရဲ့ပုံရိပ်ကိုတိုးတက်အောင် ရုန်းကန်နေရချိန်မှာ သတင်းလွဲမှားတာတွေ ဖြစ်လာနိုင်ပါတယ်။ လီကန်ပြောထားတဲ့အတိုင်းမှာ ဒီလိုနေ့တွေအဆုံးသတ်ချိန်မှာ လူတွေခံစားရမှာက နာကျင်မှုပါပဲ။ ဒီအရာတွေကိုတော့ ဆိုဖီယာတစ်ယောက် နားလည်နိုင်မယ်မထင်ပါ။