Luxury နာရီတွေနဲ့ တန်းတူ ဖြစ်လာတဲ့အတွက် လူကြိုက်များနေတဲ့ Heuer နာရီ

0
1822

Tag Heuer ရဲ့ နောက်ဆုံးထွက် Android Wear စမတ်နာရီဟာ ဒေါ်လာ ၁၂၀၀ တန်ကြေးရှိပြီးတော့ Modular 41 အမျိုးအစားဖြစ်ပါတယ်။ ဆွစ်က ပြုလုပ်ထားပြီးတော့ လေးလေးပင်ပင်နဲ့ အရည်အသွေးမြင့်မြင့်ကို လိုချင်တယ်ဆိုရင်တော့ ရွေးချယ်သင့်ပါတယ်။ Connected Modular 41 ကတော့ ရေစိုခံပြီး မီတာအထိ အေးဆေးနေနိုင်ပါတယ်။ GPS ၊ NFC sensor နဲ့ စိတ်ကြိုက်ချိန်ညှိနိုင်တဲ့ TAG Heuer dial တို့ကို လည်း ထည့်သွင်းပေးထားပါတယ်။

လက်ကောက်ဝတ်သေးသူတွေအတွက်လည်း နာရီရဲ့အချင်း ၄၁မီလီမီတာနဲ့ ထုတ်လုပ်ထားပေးပြီး AMOLED 390 x 390 screen ကို brightness ကောင်းကောင်းနဲ့ ရရှိနိုင်မှာပါ။ Connected Modular 41 ကတော့ Connected Modular 45 ကနေ အတော်လေးပြင်ဆင်ထားတာဖြစ်ပါတယ်။ မမ်မိုရီ 8GB နဲ့ RAM 1GB ဆိုတော့ ပိုတိုးလာပါတယ်။

Tag Heuer ကတော့ Intel ၊ Google တို့နဲ့ပူးပေါင်းပြီးတော့ နာရီကိုထုတ်လုပ်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ စိတ်ကြိုက်ဖြစ်စေမယ့် လက်ပတ်ခုနှစ်မျိုးလည်း ထုတ်လုပ်ပေးထားပါတယ်။ လက်ပတ်အရောင်အနေနဲ့ကတော့ ကိုးမျိုးရနိုင်မှာဖြစ်ပြီး pink ၊ blue နဲ့ white leather တို့အသစ်ပါဝင်လာတာပါ။ စမတ်နာရီပုံစံကို ငြီးငွေ့နေပြီဆိုရင်တော့ နာရီလက်တံသုံးခုအသွင်ကိုလည်း ပြောင်းနိုင်ပါတယ်။ ဒါကြောင့် ကလစ်အနည်းငယ်နှိပ်လိုက်တာနဲ့ ပြောင်းလဲပေးနိုင်တယ်လို့ သူကဆိုပါတယ်။

Connected Modular 45 နဲ့ 41 နှစ်ခုစလုံးဟာ Android 4.4 ၊ iOS 9 နဲ့အထက်အတွက် ကိုက်ညီပါတယ်။ ဈေးနှုန်းကတော့ ၁၂၀၀ ဖြစ်ပြီးတော့ လက်ကောက်ဝတ်သေးသူတွေအတွက် စိတ်ကြိုက်လက်ပတ်တွေရနိုင်မယ့် Tag Heuer ရဲ့ စမတ်နာရီ လည်း ဖြစ်ပါတယ်။ Tag Heuer ရဲ့ အွန်လိုင်းစတိုးတွေမှာ ရနိုင်ပါတယ်။ ဒီထက်ပိုကောင်းတာကတော့ ရွှေနဲ့လုပ်ထားတဲ့ ဒေါ်လာ ၉၉၀၀ တန်လည်း ရှိပါတယ်။