Huawei P Smart Android O ဖုန်း အဂ်လန် မှာ စရောင်းမယ်

0
1223

Vodafone ကတော့ Huawei P Smart ကို ယူကေမှာexclusiveအနေနဲ့သယ်ဆောင်မယ်လို့ ကြေညာလိုက်ပါတယ်။

mid-range ဖုန်းတစ်လုံးဖြစ်တဲ့ အဆိုပါဖုန်းကိုတော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရနိုင်ဖြစ်ပြီးတော့ ၅.၆လက်မ Android Oero ကိုလည်း သင့်တင့်တဲ့ဈေးနဲ့ ရနိုင်ပါတယ်။

ဖုန်းကိုတော့ ၂၀၁၇နှစ်ကုန်ပိုင်းမှာ အခြားဒေသတွေကိုလည်း ဖြန့်ချိခဲ့ပြီး Huawei ဟာ ယူကေဈေးကွက်အတွက် ထပ်မံပြင်ဆင်ပေးလိုက်တာဖြစ်ပါတယ်။

၅.၆လက်မ မျက်နှာပြင်ကို 18:9 aspect ratio နဲ့ 1080 x 2160 pixel resolution တို့ကို တစ်ပါတည်း ခံစားနိုင်မှာပါ။

octa-core Kirin 658 processor ၊ 3GB RAM နဲ့ အားဖြည့်ထားပါတယ်။ မမ်မိုရီကတော့ 32GB ဖြစ်ပြီးတော့ (သုံးစွဲသူတွေကတော့ 20GB ပဲရမှာပါ) microSD card ကိုလည်း 256GB အထိ ထည့်သွင်းနိုင်မှာပါ။

အနောက်ဘက်ကကင်မရာနှစ်လုံးကတော့ 13 MP နဲ့ 2 MP ဖြစ်ပါတယ်။ 8MP ကင်မရာကိုတော့ ဆယ်လ်ဖီအတွက် အဆင်ပြေအောင် လုပ်ဆောင်ပေးထားပါတယ်။

အနောက်ဘက်ကလက်ဗွေရာ sensor ကတော့ လုံခြုံမှုပေးအပ်နိုင်ပြီး ဘတ်ထရီကတော့ 3,000mAh ဖြစ်ပြီး USB-C မဟုတ်ဘဲ micro USB နဲ့ အားသွင်းရမှာပါ။

LTE band အတော်များများနဲ့ 4G ကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။

Vodafone ရဲ့ ဒေတာနဲ့ ဖုန်းခေါ်ဆိုမှုအစီအစဉ်တွေကိုလည်း ပေါင်းစည်းပြီး အသုံးပြုနိုင်ဦးမှာပါ။

Huawei P Smart ကို နောက်လ ဘာစီလိုနာမှာကျင်းပမယ့် MWC က P စီးရီးအသစ်တွေနဲ့ မရောလိုက်ပါနဲ့။