Apple နဲ့ Samsung တို့ရဲ့ စမတ်နာရီတွေကို ကျော်တက်လာမယ့် LooK IoT Standalone စမတ်နာရီ

0
576

ဒီ စမတ်​နာရီမှာပါဝင်​တဲ့ အထူးမိုက်​တဲ့ feature ​တွေက Apple နဲ့ Samsung ကုမ္မ​ဏီ​တွေကို ​ကောင်း​ကောင်း စိန်​​ခေါ်လိုက်ပါပြီ။ နည်းပညာ​လောကမှာ မိုဘိုင်းဖုန်း​ကုမ္ပဏီ​တွေ အပြိုင်အဆိုင်​စွမ်းေ​ဆာင်​လာတာနဲ့အမျှ  Smart Watch ​တွေကလည်း ပုံစံအသစ်အဆန်း​​​​အမျိုးစုံနဲ့ ထွက်​ရှိလာပါပြီ။ နှစ်​တိုင်းနှစ်​တိုင်းထွက်​ရှိလာတဲ့ wearable devices ​တွေရဲ့ ဒီဇိုင်းပုံစံ​အသစ်​​တွေမှာ features အသစ်​အထူး​တွေ ပါဝင်​လာပြီး ကျ​နော်​တို့သုံးစွဲသူ​တွေကို မျက်​စိကျ​စေပါတယ်​။ တချို့ Smart Watch ဆိုတာ ဖုန်းနဲ့​တောင်​ တွဲဖက်​ချိတ်​ဆက်​စရာမလို​တော့ပါဘူး။ သူ့ချည်းသက်​သက်​အသုံးပြုလို့ရ​နေပါပြီ။

အခုတင်​ပြ​ပေးမှာက “LooK watch” လို့​ခေါ်တဲ့ စမတ်​နာရီတလုံးပါ။ ဖုန်း​​ပြောမယ်​ မက်​​ဆေ့ခ်ျ​ပို့မယ် ​ဆိုရင်​ ဖုန်းနဲ့​တောင်​ ချိတ်​ဆက်​စရာမလိုပါဘူး။ အ​တော်​​လေးမိုက်​တဲ့ Feature ​တွေ အများကြီးပါဝင်​လာပါတယ်​။

LooK Watch ဟာ သူ့ချည်းသက်​သက်​ အသုံးပြု့လို့ရတဲ့ ပထမဆုံး IoT စမတ်​နာရီပါ။

သုံးနှစ်​တာအချိန်​​ပေးထုတ်​လုပ်​ခဲ့ရပြီး က​နေဒါနိုင်​ငံအ​ခြေစိုက်​ နည်းပညာကုမ္ပဏီ Laipac Technology ရဲ့ ထုတ်​ကုန်​ပါ။

 

Unlock လုပ်​ထားပြီးသားဖြစ်​လို့ ကမ္ဘာ​ပေါ် ဘယ်​​နေရာ သွားသွား ယူ​ဆောင်​သွားနိုင်​ပါတယ်​။

Nano Sim Provider ပါဝင်​မှု​ကြောင့်​ ဘယ်​​နေရာ​ရောက်​​ရောက်​ တခုခုဆို သင့်​ကိုအမြဲအဆင်​သင့်​ဖြစ်​​စေမှာပါ။

WiFi ​ရော Bluetooth ပါ ချိတ်​ဆက်​အသုံးပြုနိုင်​တယ်​။

ကြိုတင်ထည့်ထားပြီးသား ​​အ​ရေး​ပေါ်ဖုန်းနံပါတ်​​တွေကို ​ခေါ်ဆိုဖို့ SOS button ပါဝင်​ပါတယ်​။

အင်တာနက်က သီ​​ချင်း​တွေ ​အေး​ဆေးနား​ထောင်​လို့ရပြီး ​ဒေါင်းလုတ်​ဆွဲလို့ရပါတယ်​။

အမှတ်​တရဓာတ်​ပုံ​တွေ သိမ်းထည့်​ထားနိုင်​ပြီး ရုပ်ရှင်ဇာတ်​ကား​တွေ video clip ​တွေလည်း ​အေး​အေး​ဆေး​ဆေး ကြည့်​ရှူနိုင်​မှာပါ။

 

ဒီ Device ​လေးကို ခြစ်​ရာ ပွန်းရာ မထင်​​စေတဲ့ အ​ကောင်းစားနီလာမှန်​သားကို အသုံးပြုထားပါတယ်​။

သူ့ရဲ့ specs ​တွေက​တော့

– 2.5mm, a 1.3 GHz quad-core processor

– 1.39 လက်​မ AMOLED မျက်​နှာပြင်

– RAM 1GB

– Built-in Storage 16GB

– stand-by ၇၆ နာရီ အသုံးခံတဲ့ 460 mAh lithium-ion battery

တို့ ပါဝင်​ပါတယ်​။

“LooK Watch” မှာ​တော့ magnetometer, accelerometer, gyroscope တို့လို sensor ​တွေပါဝင်​ပြီး နှလုံးခုန်​နှုန်​တိုင်းတာ​ပေးမယ့်​ heart rate sensor လည်း အထူးပါဝင်​ပါတယ်​။

နှိုင်းယှဉ်​ရမယ်​ဆိုSamsung နဲ့ Apple ကုမ္ပဏီတို့ရဲ့ ​နောက်​ဆုံးထွက်​ wearable device ​တွေက​ Dual-Core Processor ကို အသုံးပြုထားတာပါ။

ထုပ်​ပိုးမှုပုံစံက​တော့ 56 mm ရှိတဲ့ Stainless Steelbဘူးထဲမှာထည့်​ဝင်​ထုပ်​ပိုးထားပြီး ဓာတ်​မတည့်​တာကိုလုံးဝမဖြစ်​​စေတဲ့ လက်​ပတ်​သိုင်းကြိုးနဲ့အတူ Stainless Steel နာရီချိတ်​တခုလည်းပါဝင်​ပါတယ်​။

နာရီဒိုင်​ခွက်​ပုံစံ​တွေကိုလည်း ပုံထဲကအတိုင်း​စိတ်ကြိုက်ေ​​ရွးချယ်​နိုင်​ပါ​သေးတယ်​။