၂၀၁၉ ထုတ် iPhone မှာ Face ID နဲ့ ကင်မရာကိုပေါင်းစပ်ပြီး မျက်နှာပြင်ပိုကျယ်စေမှာလား

0
311

iPhone အသစ်ထွက်ဖို့ ရှစ်လလောက် လိုပါတော့တယ်။

စိတ်လှုပ်ရှားနေပြီလား။ နိုးပါ။ Apple က စမတ်ဖုန်းအသစ်ကို ဆောင်းဦးမှာ အမြဲမိတ်ဆက်ကြောင်း သင်သိထားလို့ပါ။ ဒီနှစ်ကလည်း ကွဲမထွက်သွားပါဘူး။ ဒါကြောင့် ကောလဟာလတွေလည်း ပြန့်နေပါပြီ။ တောင်ကိုရီးယားသတင်းဌာန ETNews ရဲ့ အစီရင်ခံစာအသစ်အရ Apple ရဲ့ iPhone အသစ်မှာ ထိပ်ကအဟိုက်ကလေး သေးငယ်သွားမှာပါ။ နည်းပညာပိုင်းအရ ၂၀၁၉ အတွက် စမတ်ဖုန်းအသစ်မှာ အဟိုက်ကလေးသေးသွားမှာပါ။ ထူးဆန်းတာကတော့ ဒါဟာ ကျွန်တော်တို့ ပထမဆုံးအကြိမ်ကြားရတာ မဟုတ်တော့ပါဘူး။ ကောလဟာလဆိုတာကတော့ မရောက်ခင်ကြိုကြားတာပဲ မဟုတ်လား။ Bloomberg ကပြောတာတော့ ၂၀၁၉ iPhone နောက်ဘက်မှာ “3D sensor” တပ်ဖို့ Apple က လုပ်ဆောင်နေပါတယ်။ ၂၀၁၇ iPhone X ရဲ့ TrueDepth sensor စနစ်နဲ့ ကွဲပြားတဲ့နည်းပညာကိုလည်း လုပ်ဆောင်နေကြောင်း ကြားထားပါတယ်။ ဒါကြောင့် Apple ဟာ အရှေ့ကင်မရာ နဲ့ Face ID ကို နောက်နှစ်iPhone အတွက် ပေါင်းစပ်ပြီးတော့ TrueDepth sensor အတွက်နေရာကို ဖယ်ထုတ်ချင်နေတာများလား။

Apple ကတော့ Face ID ကို ပိုကောင်းအောင်လုပ်ဆောင်ချင်နေပါတယ်။ တကယ်တော့ ရှေ့ကအဟိုက်နေရာလေးမှာ ကျဉ်းသွားအောင် နေရာတွေကိုပေါင်းစည်းဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ အဲဒီအဟိုက်လေးကို ကြိုက်တဲ့သူရှိသလို၊ မကြိုက်တဲ့သူလည်း ရှိနေလို့ပါ။ Face ID ကတော့ လက်ရှိမှာ infrared ကင်မရာ၊ dot projector နဲ့ flood illuminator တို့ပေါင်းစပ်အားဖြည့်ထားပါတယ်။ နောက်ထွက်မယ့် iPhone မှာတော့ face recognition module တစ်ခုတည်းသာ ပါဝင်နိုင်ပါတယ်။

ဒီအစီရင်ခံစာမှာ အသေးစိတ်ဖော်ပြမထားပါဘူး။ ဆက်လက်သတင်းရယူပြီး တင်ပြပေးမှာပါ။