အကြမ်းဖက်သမားတွေနဲ့ ၀ါဒဖြန့်သူတွေကို တန်ပြန်တိုက်စစ်ဆင်မယ့် လူမှုကွန်ရက်လုပ်ငန်းကြီးများ

0
1447

အကြမ်းဖက်သမားတွေနဲ့ အတိုက်အခံအုပ်စုတွေဟာ သူတို့ရဲ့နိုင်ငံရေးလှုပ်ရှားမှုအတွက် သတင်းအမှားတွေကို Facebook ၊ Twitter နဲ့ YouTube စတဲ့ လူမှုကွန်ရက် platform တွေမှာ ၀ါဒဖြန့်နေကြတယ်လို့ US Senate panel မှာ ကြားခဲ့ပါတယ်။

Islamic State ၊ Al Qaeda နဲ့ အခြားသူတွေကတော့ bot တွေနဲ့ အခြားသောနည်းလမ်းတွေကို အသုံးပြုပြီး သူတို့ကို တားဆီးထားတဲ့ AI တွေနဲ့ algorithm တွေကို တိုက်ခိုက်နေကြပါတယ်။

ဒါပေမယ့် လူမှုကွန်ရက်တွေကလည်း ဒီကိစ္စကို တန်ပြန်တိုက်ခိုက်တော့မှာပါ။ ဒီလိုမျိုး ၀ါဒဖြန့်မှုတွေကြောင့် သူတို့ platform ကို အသုံးပြုနေတဲ့သူတွေအတွက် ပြင်းထန်တဲ့မက်ဆေ့ခ်ျအလွဲတွေရရှိခြင်းမှ ကာကွယ်နိုင်အောင် လုပ်ဆောင်သွားမှာပါ။

Facebook ကတော့ ဒီအပိုင်းမှာ အတော်လေးရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။

“အကြမ်းဖက်လာသူတွေကို တိုက်ခိုက်မယ့်အဓိကအချက်ကတော့ ပြင်းထန်တဲ့လုပ်ရပ်တွေ ဖြစ်ပေါ်အောင် တွန်းအားပေးနေတဲ့ သတင်းတွေကို တားဆီးခြင်းပဲဖြစ်တယ်လို့ ယုံကြည်ပါတယ်” လို့ Facebook ရဲ့ ကမ္ဘာ့နိုင်ငံရေးစီမံဌာနရဲ့ခေါင်းဆောင် Monika Bickert က ပြောခဲ့တာ ဖြစ်ပါတယ်။

“ဒါကြောင့် သတင်းတွေကို ချေပဖို့အတွက် လုပ်ဆောင်ချက်အမျိုးမျိုးကို ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။”

Google ကတော့ YouTube မှာ Redirect Method ဆိုတဲ့ စနစ်အသုံးပြုထားကြောင်း၊ အဲဒီစနစ်ဟာ video content တွေကို အကြမ်းဖက်သတင်းတွေနဲ့ အကြမ်းဖက်မက်ဆေ့ခ်ျတွေပါဝင်တဲ့ ဗွီဒီယိုတွေကို လူအများဆီမရောက်အောင် လမ်းလွှဲပေးထားနိုင်တယ်လို့ ဆိုပါတယ်။

Senate ကော်မတီကတော့ platform အသေးလေးတွေနဲ့ မက်ဆေ့ခ်ျပေးပို့တဲ့ app တွေကို ကုဒ်ဖွက်ပြီးတော့ နိုင်ငံရေးအတွက် အသုံးပြုမှုနည်းအောင် လုပ်ဆောင်ဖို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် အဲဒီဟာလေးတွေက Facebook နဲ့ YouTube တို့လောက် အသုံးမများကြပါဘူး။

ဒါပေမယ့်လည်း လူမှုကွန်ရက်လုပ်ငန်းကြီးတွေကတော့ Senate စီးပွားရေးကော်မတီမှာ အကြမ်းဖက်ပို့စ်တွေကို ရှင်းလင်းဖို့အတွက် AI နဲ့ algorithm တွေကို ဆက်လက်တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အဓိကအရေးပါနေတာကတော့ အမည်မသိအကောင့် သုံးစွဲနိုင်ခြင်းပါပဲ။ ဒါကြောင့် အစိုးရကိုတိုက်ခိုက်တဲ့ပုံစံမျိုး၊ တခုခုကို တိုက်ခိုက်တဲ့ပုံစံမျိုးတွေ လုပ်ဆောင်နိုင်စေပြီးတော့ အကြမ်းဖက်သူတွေကို စွမ်းအားတွေမြှင့်ပေးလိုက်သလို ဖြစ်နေပါတယ်။

“အဲဒီ platform တွေဟာ ပြစ်မှုကျူးလွန်သူတွေအတွက် တိုက်ခိုက်ဖို့၊ အန္တရာယ်ပေးနိုင်ဖို့အတွက် နည်းလမ်းအသစ်တွေနဲ့ အကျိုးရှိတဲ့နည်းလမ်းတွေဖြစ်လာအောင် ဖန်တီးပေးလိုက်သလိုပါပဲ” လို့ လူမှုကွန်ရက်တွေရဲ့ အကြမ်းဖက်ဝါဒဖြန့်နေသူကာကွယ်ရေးဟာ မလုံလောက်ဘူးလို့ တင်သွင်းခဲ့သူက အခုလို ပြောပြတာပါ။

YouTube ကတော့ algorithm တွေကိုအသုံးပြုပြီး အကြမ်းဖက်ဗွီဒီယိုတွေ ပျံ့ခြင်းကို ၉၈%လောက် ကာကွယ်ထားနိုင်တယ်လို့ Public Policy Director Juniper Downs က ပြောပါတယ်။

Facebook ရဲ့ ထုတ်ကုန်ပေါ်လစီနဲ့ အကြမ်းဖက်ဆန့်ကျင်ရေး ခေါင်းဆောင်ဖြစ်သူ Monika Bickert ကတော့ Islamic State ၊ Al Qaeda တို့နဲ့ပတ်သတ်နေတဲ့ အရေးအသား ၉၉%လောက်ကိုတော့ ဘယ်သူမှ report မလုပ်ခင် ဖျက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ တချို့ဖြစ်ရပ်တွေမှာ မတင်ရသေးခင်ကို ဖျက်ပစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စီးပွားရေးကော်မတီရဲ့ ဥက္ကဌဖြစ်သူ Senator John Thune ကတော့ ဗုံးဘယ်လိုထွင်မလဲဆိုတဲ့ဗွီဒီယိုမျိုးပြသပြီးတော့ ဂျွန် ၂၀၁၇ မှာ Manchester Arena ကို လူတစ်ယောက်က တိုက်ခိုက်ခဲ့နိုင်တယ်လို့ သိရပါတယ်။ YouTube က ဖျက်ပစ်ပေမယ့်လည်း ထပ်ကာထပ်ကာတင်ခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

“ဗွီဒီယိုကို ထပ်ကာထပ်ကာတင်တာကို တွေ့ခဲ့ပါတယ်။ ဒါကြောင့် သိသိချင်းပဲ ပြန်ဖျက်ခဲ့ပါတယ်” လို့ သူကရှင်းပြပါတယ်။

Twitter ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ Carlos Monje ကတော့ အကြမ်းဖက်သမားတွေ၊ အတိုက်အခံအုပ်စုတွေကို တိုက်ခိုက်ဖို့အတွက် သူတို့လုပ်ဆောင်ချက်ကတော့ “ဒါဟာ ကြောင်နဲ့ကြွက်ဂိမ်းလိုပါပဲ။ တစ်ယောက်ကအနိုင်ရပြီးတော့ နောက်တစ်ယောက်က နည်းလမ်းအသစ်နဲ့ ထပ်စိန်ခေါ်ရင် ရှုံးသွားနိုင်ပါတယ်။ အနိုင်ချည်းပဲရနေတာတော့မဖြစ်နိုင်ပါဘူး” လို့ ပြောပြပါတယ်။

Foreign Policy Research Institute မှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ Clint Watts ကတော့ လူမှုကွန်ရက်တွေလုပ်ဆောင်နေတဲ့ စွမ်းအားဟာ အတော်လေးအောင်မြင်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုပို့စ်တွေကတော့ သိသိသာသာကျန်ရှိနေဆဲပါပဲ။

“လူမှုကွန်ရက်လုပ်ငန်းတွေအနေနဲ့ ဒီလုပ်ရပ်ကို တိုကခိုက်ဖို့အတွက်လုပ်ဆောင်ရမှာပါ။ အကြောင်းကတော့ သူတို့ဟာ ဆိုးရွားတဲ့လုပ်ငန်ေးတွကိုလုပ်ဆောင်ဖို့အတွက် နည်းပညာအပေါ်မှာ အတော်လေးမှီခိုနေလို့ပါပဲ။ AI နဲ့ machine learning ဟာ ဒီလိုလုပ်ဆောင်မှုတွေကို ရှင်းလင်းတဲ့နေရာမှာ အတော်လေးကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် လာမယ့်အနာဂတ်မှာ မမြင်ဖူးတဲ့အရာတွေနဲ့လည်း တွေ့ကြုံလာနိုင်ပါတယ်။”

မနှစ်ကတုန်းက Google ၊ Facebook, ၊ Twitter နဲ့ Microsoft တို့ဟာ အကြမ်းဖက်မှုတွေကို မျှဝေနေခြင်းကို အတူတူ ban ခဲ့ကြပါတယ်။

သူတို့အားလုံးဟာ အမည်မသိအကောင့်နဲ့ ပိုင်ရှင်လွဲနေတဲ့ အကောင့်တွေ ရှိနေဆဲပါပဲ။ ဒီကိစ္စဟာ အတော်လေး စိန်ခေါ်နေတဲ့အရာ ဖြစ်ပါတယ်။

“လူမှုကွန်ရက်အကောင့်တွေမှာ ဘယ်သူမှန်းမသိဖြစ်နေခြင်းဟာ တရားမမျှတမှုကို ဖြစ်စေပါတယ်။ အချိန်ကြာလာမယ်ဆိုရင်တော့ ဒီလိုဘယ်သူမှန်းမသိခြင်းဟာ ဟက်ကာ၊ အကြမ်းဖက်သူတွေနဲ့ အာဏာရှိသူတွေကို အများပြည်သူအတွက် ၀ါဒဖြန့်တဲ့နေရာမှာ အားပေးအားမြှောက်ပြုသလို ဖြစ်နေပါတယ်။”

Monje ကတော့ Twitter ဟာ အကောင်းပေါင်း ၃၀၀မီလျံရှိတဲ့အထဲကမှ ၅%လောက်သာ အကောင့်တုတွေဖြစ်နိုင်တယ်လို့ ယုံကြည်ကြောင်း ပြောပြပါတယ်။

“သူတို့တွေ ပြန်လာနေပါပြီ။ တစ်ပတ်ကို အကောင့်တုပေါင်း ၄မီလျံလောက်ကို အလိုအလျောက် တွေ့နေရတာမို့ ကျွန်တော်တို့ကို စိန်ခေါ်နေပါပြီ။”

Watts ကတော့ အကြမ်းဖက်အုပ်စုတွေဟာ လူမှုကွန်ရက်တွေရဲ့ ဆင်ဆာကြောင့် အတော်လေးစိတ်ရှုပ်နေကြပြီးတော့ စိတ်ထက်သန်စွာနဲ့ ဘယ်နားက၀င်လို့ရမလဲဆိုပြီး ဆီလိုအပေါက်ရှာနေတယ်လို့ ဆိုပါတယ်။

“သူတို့ ချိတ်ဆက်ပြီးတော့ လူစုလို့ရမယ့်နေရာကို ရှာဖွေနေပါတယ်။ သူတို့ဟာ တစ်ကမ္ဘာလုံးကို ၀ါဒဖြန့်ဖို့အတွက် လုပ်ဆောင်နေကြပါတယ်” လို့ Senate panel မှာ တင်ပြခဲ့ပါတယ်။

“သူတို့ဟာ နေရာသစ်တစ်ခုကို ရှာဖွေနေကြပြီး အခုအချိန်မှာတော့ မတွေ့ကြသေးပါဘူး။”