လက်မ ၅၀အရွယ် 4K Smart TV သစ်ကိုမိတ်ဆက်လိုက်တဲ့ Xiaomi

0
1374

စမတ်ဖုန်းအပါအဝင် လူသုံးလျှပ်စစ်ပစ္စည်းများကိုပါ အဆက်မပြတ်ထုတ်လုပ်နေတဲ့ Xiaomi ဟာ ၄င်းတို့ရဲ့ လက်မ ၅၀ အရွယ်ရှိ စမတ် TV Mi TV 4A Series အသစ်ကိုမိတ်ဆက်လိုက်ပြန်ပါပြီ။ ၄င်းTV မှာ Refresh Rate 60 GHz အထိ Support လုပ်ပေးမယ့် 4K HDR Display ကိုတပ်ဆင်ပေးထားပြီး အသံပိုင်းဆိုင်ရာစနစ်မှာလည်း Dolby audio စနစ်ကိုအသုံးပြုထားပါတယ်။

Mi TV 4A မော်ဒယ်သစ်မှာ Android OS ပေါ်မှာ AI နည်းပညာကို အခြေခံထားတဲ့ PatchWall အမည်ရ UI ကို အသုံးပြုရမှာဖြစ်ပြီး Processing ပိုင်းအတွက် 64-bit Amlogic L962 chipset Quad-Core 1.5GHz Cortex-A53 ကိုအသုံးပြုထားပြီး RAM 2GB နဲ့ Internal Memory 8GB ပါဝင်မှာဖြစ်ပါတယ်။

Connectivity ပိုင်းအနေနဲ့ Wi-Fi ac, Bluetooth 4.2, HDMI Ports ၃ပေါက်, USB Prot ၂ပေါက်, AV in, Ethernet port နဲ့ S/PDIF audio output တို့ပါဝင်မှာဖြစ်ပြီး ၄င်း TV အတွက် Control စနစ်ကိုတော့ Bluetooth နဲ့ရော Infrared Sensor ဖြင့်ပါထိန်းချုပ်နိုင်မယ့် Remote ကိုထည့်သွင်းပေးထားမှာဖြစ်ပါတယ်။Mi TV အသစ်ကိုရောင်းချမယ့် ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၃၇၅ မြန်မာငွေ ၅သိန်းကျော်ကျသင့်မယ်လို့သိရပါတယ်။
စိတ်မကောင်းစရာတစ်ခုကတော့ Xiaomi TV တွေရဲ့ထုံးစံအတိုင်း ယခု Mi TV 4A အသစ်ဟာလည်း တရုတ်ဘာသာစကား ၊ တရုတ် AI စနစ်တွေသာပါဝင်မှာဖြစ်ပြီး English Version အနေနဲ့ရရှိမှာမဟုတ်တာပါပဲ။