ကိုယ့်ကားက ကိုယ့်ကို စပိုင်လုပ်နေတယ်ဆိုတာ သိကြပါသလား

0
1730

ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ သင့်ရဲ့ကားဟာ သင့်ရဲ့အလေ့အကျင့်တွေကို လျှို့ဝှက်ထောက်လှမ်းနိုင်တယ်လို့ သိရပါတယ်။ ကားထုတ်လုပ်သူတွေဟာ သင့်ရဲ့ကားတည်နေရာကို ထောက်လှမ်းနိုင်ပါတယ်။ သင့်အမြန်နှုန်းကဘယ်လောက်၊ ဘယ်လိုဖျော်ဖြေရေးကို နားဆင်နေသလဲဆိုတာတွေကို မော်ဒန်ကားမှာ အင်တာနက်ချိန်ဆက်မှုများကတစ်ဆင့် သိရှိနိုင်ပါတယ်။

ကားအသစ်တွေကတော့ ကားမောင်းသူရဲ့ မျက်လုံးရွေ့လျားမှု၊ အရှေ့ထိုင်ခုံမှာရှိတဲ့ လူတွေရဲ့အလေးချိန်၊ လမ်းမှာဖြစ်ပျက်နေတဲ့ ရာသီဥတု၊ ဘယ်နေရာမှာ အစားအသောက်စားလေ့ရှိသလဲဆိုတာတွေကိုတောင် မှတ်တမ်းတင်ထားနိုင်ပါတယ်။

ကမ္ဘာနဲ့တစ်ဝှမ်းမှာ မီလျံဆယ်နဲ့ချီတဲ့ကားတွေဆီကနေပြီးတော့ တစ်ကိုယ်ရည်အချက်အလက်တွေကို ကုမ္ပဏီတွေကအသုံးပြုကြပါတယ်။ ဒါပေမယ့် ဘာအတွက်အသုံးပြုတယ်ဆိုတာကိုတော့ တိတ်တိတ်နေနေကြပါတယ်။

Privacy ကျွမ်းကျင်ပညာရှင်တွေကတော့ မော်ဒန်ကားတွေဟာ ကားမောင်းသူတွေရဲ့ ပရိုဖိုင်တွေကို စုဆောင်းပြီးတော့ လက်ဗွေရာတွေကိုလည်း ဖန်တီးနိုင်အောင်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒီအရာတွေကိုတော့ မားကတ်တင်းလုပ်ငန်းတွေကို ရောင်းချလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် World Privacy Forum ရဲ့ အမှုဆောင်ဒါရိုက်တာ Pam Dixon ကတော့ ကားရဲ့တည်နေရာအချက်အလက်ဟာ သုံးစွဲသူနဲ့ သူတို့ရဲ့ privacy အတွက် အကြီးမားဆုံးသော အန္တရာယ်ပါပဲလို့ ဆိုပါတယ်။

“လူအများစုကတော့ သူတို့ရဲ့အလေ့အကျင့်တွေဟာ ဘယ်လောက်ထိ စောင့်ကြည့်ခံနေရတယ်ဆိုတာကို မသိကြပါဘူး။ ကျွန်တော်တို့ပုံမှန်ကားရပ်နေတဲ့နေရာက တစ်ယောက်ယောက်ကို ကျွန်တော်တို့အကြောင်း ပြောပြနိုင်တယ်ဆိုတာလည်း မစဉ်းစားမိလောက်ပါဘူး။ ကျွန်တော်တို့ရဲ့ အတွင်းကျတဲ့အချက်အလက်တွေကို အလွဲသုံးစားပြုမှုဆန့်ကျင်ရေး၊ တရားဥပဒေစိုးမိုးရေး အေဂျင်စီတွေကတော့ ၀ယ်ယူလိုကြပါတယ်။”

အင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ကားပေါင်း ၇၈မီလျံလောက် ရှိတယ်လို့ ABI သုတေသနက ပြောထားပါတယ်။

လာမယ့်သုံးနှစ်အတွင်းမှာ ဥရောပနဲ့ ယူအက်စ်မှာရောင်းချမယ့် ၉၈%သောကားတွေဟာ အင်တာနက်နဲ့ ချိတ်ဆက်ထားနိုင်ပါတယ်။

ကားရဲ့အချက်အလက်တွေကို ရောင်းစားနေတဲ့အပေါ် မားကတ်တင်းခေါင်းဆောင်တစ်ယောက်ကတော့ အခုလိုပြောပြပါတယ်။ “ကားထုတ်လုပ်သူတွေက သူတို့ဟာ hardware ထုတ်လုပ်သူတင်မက software နဲ့ပါသက်ဆိုင်လာပြီလို့ သိရှိလာကြတာကြောင့် ဖြစ်ပါတယ်။”

“ပထမဆုံး အာကာသလွန်းပျံယာဉ်မှာ software code ပေါင်း ၅၀၀၀၀၀ လောက်ပါဝင်ခဲ့ပေမယ့် Ford ရဲ့ ၂၀၂၀ အတွက်ကားတွေမှာ code ပေါင်း ၁၀၀မီလျံ ပါဝင်နိုင်ပါတယ်။”

သူတို့စုဆောင်းနေတဲ့အချက်အလက်တွေဟာ ကားရဲ့ လုပ်ဆောင်ချက်၊ လုံခြုံမှုအတွက် အသုံးပြုတာဖြစ်ပြီး အခြားသော third party တွေနဲ့ ခွင့်ပြုချက်မရှိဘဲ မပေးသုံးကြောင်း ငြင်းဆိုထားကြပါတယ်။

တရားရေးကျွမ်းကျင်သူတစ်ယောက်ကတော့ သတင်းအချက်အလက်တွေကို အခြားသူဆီမပေးခင်မှာ သုံးစွဲသူရဲ့ခွင့်ပြုချက်ရဖို့လိုကြောင်း ပြောဆိုထားပါတယ်။ သုံးစွဲသူတွေကို နည်းပညာအလွဲသုံးစားပြုမှုကနေ ကာကွယ်ပေးထားဖို့ ဥပဒေတွေလိုအပ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

ဝါရှင်တန်တက္ကသိုလ်မှ ပရော်ဖက်ဆာတစ်ဦးကတော့ “ကားထုတ်လုပ်သူတွေအနေနဲ့ အချက်အလက်အများကြီးကို စုဆောင်းထားရုံသာမက ဘယ်လိုအသုံးပြုရမလဲ၊ ဘာတွေလုပ်ဆောင်သင့်သလဲဆိုတာကိုလည်း မသိကြပါဘူး” လို့ ပြောဆိုထားပါတယ်။

“ကုမ္ပဏီတိုင်းဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းထားပြီးတော့ သုံးစွဲသူတွေနဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်ဖို့၊ ကုမ္ပဏီအကျိုးရှိဖို့အတွက် အသုံးပြုကြပါတယ်။ ဒါဟာ သုံးစွဲသူတွေထိခိုက်စေနိုင်တဲ့အချက်လည်း ဖြစ်သွားနိုင်ပါတယ်။ ဒါဟာရှောင်လွှဲလို့မရပါဘူး။”

ယူအက်စ်အစိုးရရုံးတစ်ခုရဲ့ ၂၀၁၄ အစီရင်ခံစာထဲမှာ ကားထုတ်လုပ်သူအများစုနဲ့ GPS ထုတ်လုပ်သူများဟာ ဒါရိုက်ဘာတွေရဲ့အချက်အလက်တွေကို စုဆောင်းထားကြပါတယ်။ on-board navigation စနစ်တွေကတစ်ဆင့် အချက်အလက်တွေ စုဆောင်းတာဖြစ်ပြိးတော့ အချိန်အတော်ကြာအောင် ထိန်းသိမ်းထားကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ဒီအစီရင်ခံစာကတော Toyota ၊ Honda နဲ့ Nissan တို့လို ကားထုတ်လုပ်သူတွေ၊ Garmin ၊ TomTom ၊ Google Maps နဲ့ Google Maps တို့လို GPS ၀န်ဆောင်မှုပြုလုပ်သူတွေကို အဓိကထား တင်ပြထားတာဖြစ်ပါတယ်။

ဒါကြောင့် ကုမ္ပဏီတွေဟာ သုံးစွဲသူတွေဘယ်နေရာမှာလဲဆိုတာကို ထောက်လှမ်းပြီးတော့ သူတို့ရဲ့ကိုယ်ရေးအချက်အလက်တွေကို ခိုးယူကြပါတယ်။ သူတို့ကိုစောင့်ကြည့်နေတာကိုလည်း ပေးမသိကြပါဘူး။ တည်နေရာအချက်အလက်တွေဟာ လူသိမခံချင်တဲ့အချက်အလက်တွေကိုလည်း ပေါက်ကြားသွားစေနိုင်ပါတယ်။ ဥပမာ ဘာသာရေးကိစ္စ၊ နိုင်ငံရေးကိစ္စတွေလည်း ပါဝင်နေပါတယ်။