MIUI9 Update မှာပါဝင်တဲ့ One-Time Data Limit ဆိုတာ

0
1904

ဒီတစ်ခါပြောပြပေးမှာကတော့ MIUI 9 update version တွေမှာပါဝင်လာတဲ့ One-Time Data Limit Feature အကြောင်းပဲဖြစ်ပါတယ်။ ဒီ Feature ရဲ့အသုံးဝင်ပုံကတော့ အကြောင်းအမျိုးမျိုးကြောင့် မိမိရဲ့ အသိမိတ်ဆွေတွေကို ဖုန်းကနေတစ်ဆင့် Wifi HotSpot လွှင့်ပေးရတဲ့အခါမှာ Data အကန့်အသတ်နဲ့ပေးသုံးနိုင်မှာဖြစ်ပါတယ်။

ကဲလန်းတယ်မဟုတ်လား။
လုပ်နည်းလေးတစ်ချက်ကြည့်လိုက်ရအောင်..

One-Time Data Limit စနစ်ကိုအသုံးပြုဖို့အတွက် ဖုန်းရဲ့ Setting > Portable Hotspot Setting ထဲက Open one-time data limit ကိုဖွင့်လိုက်ပါ။ပြီးသွားရင် ကိုယ်အသုံးပြုခွင့်ပေးမယ့် အင်တာနက် ပမာဏကို သတ်မှတ်ပေးရမှာဖြစ်ပါတယ်။

 

မိမိအနေနဲ့ တစ်ဖက်လူအသုံးပြုလို့ရမယ့် အင်တာနက် Data ပမာဏကိုသတ်မှတ်ပေးရမှာဖြစ်ပြီး ပုံမှန်အားဖြင့်တော့ 10MB ကနေ 30MB လောက်အထိ ပေးတာသင့်တော်ပါတယ်။ ဒါမှသူ Downlod ဆွဲရင်လည်း ကိုယ်ခွင့်ပြုထားတဲ့ Data ပမာဏထက်ပိုမကုန်တော့ဘူးပေါ့။

မိမိခွင့်ပြုချင်တဲ့ Data ပမာဏကိုသတ်မှတ်ပြီးသွားရင် Turn off and notify နဲ့ Only Notify ဆိုပြီးတစ်ခုခုရွေးခိုင်းပါလိမ့်မယ်။ အင်တာနက်အသုံးပြုတဲ့ပမာဏပြည့်သွားတာနဲ့ HotSpot ကိုတစ်ခါတည်းပိတ်စေချင်ရင် Turn off and notify ကိုရွေးပေးရမှာဖြစ်ပြီး အသိပေးတာလောက်ပဲဆိုရင်တော့ Only Notify ကိုရွေးပေးရင်ရပါပြီ။

ဒါဆိုရင်တော့သူငယ်ချင်းတွေကို WiFi Share ပြီးပေးသုံးတဲ့အခါမှာ မိတ်ပျက်စရာမလိုပဲအသုံးပြုနိုင်ပြီပေါ့