Enterprise Gadget Trending

MacBook နဲ့ Type C Port Only ကွန်ပျူတာတွေမှာအသုံးပြုနိုင်မယ့် 8-in-1HyperDrive USB-C hub

အခုနောက်ပိုင်းထွက်တဲ့ MacBook အပါအဝင်အခြားသော မော်ဒယ်မြင့် ကွန်ပျူတာတွေမှာ ပုံမှန်မြင်တွေ့နေကျ USB Port တွေအစား အသုံးပြုရလွယ်ပြီးနေရာမယူတဲ့ USB Type C ခေါင်းတွေကိုထည့်သွင်းအသုံးပြုလာကြပါတယ်။ ဒါပေမယ့် ကွန်ပျူတာတစ်လုံးမှာ USB Port ပါဝင်တဲ့အရေအတွက်ကလည်းအလွန်နည်းပါးပြီးအများဆုံးနေရာ ၂နေရာလောက်ပဲပါဝင်တော့တာကိုတော့သတိထားမိမှာပါ။

ဒါ့အပြင် လက်ရှိအချိန်ထိအသုံးပြုနေတဲ့ Hard Disk , Smart Phone အပါအဝင် အခြားအခြားသော Cable တွေကလည်း USB Type A တွေအတွက်သာဖြစ်နေတာကြောင့် Type C ကွန်ပျူတာအသုံးပြုသူတွေအတွက် အတော်လေး ပြဿနာတက်နေတဲ့ကိစ္စလည်းဖြစ်နေပါသေးတယ်။

ဒီပြဿနာကို HyperDrive ကနေဖြေရှင်းပေးနိုင်မယ်လို့ဆိုပါတယ်။ ၄င်း Huab အနေနဲ့ Type A USB Port ၊ Memory Card Reader နဲ့ 4k HDMI Port တွေပါပါဝင်မှာဖြစ်ပြီး Datat Transfer speed ကလည်း 3.1 ပါဝင်တာကြောင့် Hard Disk ၂ လုံးကိုတောင် တစ်ပြိုင်တည်း အေးအေးဆေးဆေး အလုပ် လုပ်နိုင်ဦးမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒါတင်မကသေးပါဘူး HyperDrive က ကြိုးမဲ့စနစ်ဖြင့် အမြန်အားသွင်းနိုင်တဲ့
Qi Wireless Charging စနစ်ကိုလည်းအသုံးပြုနိုင်မှာဖြစ်ပြီး Qi ရဲ့ Charging Standard 4 မျိုးဖြစ်တဲ့ 7.5W, 5W, 10W နဲ့ 15W တို့ကိုထောက်ပံ့ပေးထားတာကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်မယ့် USB Hub တစ်ခုလည်းဖြစ်နေပါသေးတယ်။
၎င်း USB Hub ကို Kickstarter page ကနေမှာယူနိုင်မှာဖြစ်ပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၅၉ ခန့်ကျင်သင့်မှာဖြစ်ပါတယ်။

HyperDrive နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ဒီနေရာကနေ ဝင်ရောက်လေ့လာဝယ်ယူနိုင်ပါတယ်။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org