ကမ္ဘာ့အကြီးမားဆုံး အငြိမ်းစားနယ်မြေဒေသမှာ ကိုယ်တိုင်မောင်းအငှါးယာဉ်စနစ်အတွက် ရှေ့ပြေးစမ်းသပ်

0
1132

အ​မေရိကန်​နိုင်ငံရဲ့ စွန့်ဦးတီထွင် ကုမ္ပဏီတခုက သူတို့ဝန်​​ဆောင်​မှု​တွေကို ​ရှေ့​ပြေးစမ်းသပ်​ဖို့အတွက်​ ဒီနယ်​​မြေ​ဒေသကို ​ရွေးချယ်​ခဲ့ကြတာဖြစ်​ပါတယ်​။

 

Self Driving ကိုယ်​တိုင်​​မောင်း​ယာဉ်​ နည်းပညာဟာ အလုံးစုံ​တော့ မပြည့်​စုံ​သေးပါဘူးလို့ဆိုရမှာပါ။ Florida က The Villages ဆိုတဲ့ အငြိမ်းစား​​ဒေသတခုမှာ ကုမ္ပဏီတခုက တခြားကုမ္ပဏီ​တွေကို လက်​ဦးမှုယူပြီး သူတို့ရဲ့ဝန်​​​ဆောင်​မှု​တွေကို ​ရှေ့​ပြေးစမ်းသပ်​ဖို့လုပ်​​နေပါပြီ။ ပြန့်​ကျဲ​နေတဲ့ ဒီ​ဒေသ​လေးက စတုရန်းမိုင်​​ပေါင်း ၄၀ ရှိပြီး  မိုင်​​ပေါင်း ၇၅၀ ရှည်​တဲ့ လမ်းမတခုပါဝင်​ပါတယ်​။ သီးခြားစီရှိ​နေတဲ့ မြို့လယ်​​ကောင်​ သုံးခုရှိပြီး သက်​ကြီးဝါးကြီးလူဦး​ရေ ၁၂၅၀၀၀ ​နေထိုင်​ပါတယ်​။

 

ဒီ စဦးတည်​​ထောင်​ခါစ အ​မေရိကန်​ ကားကုမ္ပဏီက အိမ်​​တိုင်​ရာ​ရောက်​ ကိုယ်​တိုင်​​မောင်း အငှါးယာဉ်​ဝန်​​ဆောင်​မှုစနစ်​ စမ်းသပ်​ဖို့အတွက်​ The Villages ကို ​ရွေးချယ်​ခဲ့တာပါ။ ဒီဝန်​ဆောင်​မှုအရ ​ဒေသခံ​တွေဟာ app တခုကိုအသုံးပြုပြီး အငှါးကား​တွေကို ​ခေါ်ယူနိုင်​မှာပါ။ အငှါးကား​တွေဟာ ကိုယ်​တိုင်​​မောင်းဖို့အတွက်​ ပြီးပြည့်စုံတဲ့​Level-4 အဆင့်​ရှိ ကိုယ်​တိုင်​​မောင်း အသက်အန္တရာယ်​​ဘေးကင်းလုံခြုံ​ရေးစနစ်​ပါဝင်​ပြီးသားဖြစ်​ပါတယ်​။ ပိုပြီးလုံခြုံစိတ်​ချရဖို့အတွက်​ ယာဉ်​​မောင်းတဦးလည်း ပါဝင်​လာမှာပါ။ ဒီကုမ္ပဏီဟာ CARMERA ဆိုတဲ့ လုပ်​ငန်းစုနဲ့ လက်​တွဲထားပြီးဖြစ်​ပါတယ်​။ ဒီ​ဒေသရဲ့ ယာဉ်​လမ်း​ကြော​တွေကို ကင်မရာ လုံလုံလောက်လောက် နဲ့ အ​သေးစိတ်​စီစဉ်​ထားရှိမှာဖြစ်​ပြီး ယာဉ်​​တွေဆီကို အချိန်​နဲ့တ​ပြေးညီ ​မြေပုံအညွှန်းထုတ်​ပြီး ​ပေးပို့သွားမှာပါ။ ​ကြီးမားကျယ်​ပြန့်​တဲ့ ​နေရာအကျယ်​အဝန်း အ​နေအထား​ကြောင့်​ ဒီ​ဒေသကို ​ရွေးချယ်​ခဲ့ကြတာအမှန်​ပါပဲ။

 

တည်​ငြိမ်​​တဲ့​ဒေသဖြစ်​တာ​ကြောင့်​ ကိုယ်​တိုင်​​မောင်းအငှါးယာဉ်​​တွေအတွက်​ ဘယ်​လိုအ​နှောင့်​အယှက်​မှမရှိနိုင်​တဲ့အ​ခြေအ​နေ​ကြောင့်​လည်း ​ဒီနယ်​မြေ​ဒေသကို ​ရွေးချယ်​ဖြစ်​ကြတဲ့ အ​ကြောင်းအရင်းတခုပါ။ ဒီ​နယ်​​မြေ​ဒေသခံ​တွေအတွက်​လည်း ​ရှေ့​ပြေးစမ်းသပ်​မှုက​နေ အကျိုးပြုနိုင်​တာ​တွေရှိပါတယ်​။ သက်​ကြီးဝါကြီး​ဒေသခံ​တွေအတွက်​ ခရီးတ​နေရာက​နေ တ​နေရာကိုသွားလာဖို့ အခက်​အခဲ​တွေရှိကြပါတယ်​။ အဲ့အတွက်​ ကိုယ်​တိုင်​​မောင်းအငှါးယာဉ်​စနစ်​ကိုလည်း ဒီ​ဒေသခံ​တွေအတွက်​ ရည်​ရွယ်​ဦးတည်​ထားတာဖြစ်​ပါတယ်​။ ​ဒေသခံ​​တွေထဲမှာ အငယ်​ဆုံးသူက အသက်​ ၅၅ နှစ်​ ရှိပါပြီ။

Florida မှာ ရာသီဥတုသာယာတာကလည်း ဒီ​ရှေ့​ပြေးစမ်းသပ်​မှုအတွက်​ ​နောက်​ထပ်​အ​ထောက်​အပံ့​ကောင်းတခုပါပဲ။ ကိုယ်​တိုင်​​မောင်းအငှါးယာဉ်​​တွေဟာ ရာသီဥတုအ​ပြောင်းအလဲ​တွေဖြစ်​ရင်​ အခက်​အခဲရှိ​နေဆဲမလို့ပါ။ Florida ရဲ့ ​နေ​ရောင်​ခြည်​ပိုရတဲ့ ရာသီဥတု​ကြောင့်​လည်း ဒီစမ်းသပ်​မှုက နှစ်​လုံး​ပေါက်​ ​ချော​​ချော​မွေ့​မွေ့ဖြစ်​​နေနိုင်​မှာပါ။

 

Quartz ရဲ့အဆိုအရ ဒီကားကုမ္ပဏီဟာ ​Florida , The Villages ​ဒေသက ​ရှေ့​ပြေးစမ်းသပ်​မှုအ​ပေါ် ​ကျေနပ်​ဖွယ်​လို့ဆိုခဲ့ပါတယ်​။ တကယ်​လက်​တွေ့ ပတ်​ဝန်းကျင်​အစစ်​အမှန်​မှာေ​နရာအ​တော်​များများအဖို့ အထိ​ရောက်​ဆုံး​ဆောင်​ရွက်​နိုင်​ခဲ့တဲ့ ကိုယ်​တိုင်​​မောင်းအငှါးယာဉ်​စနစ်​တခုကို ​ဖော်​​ဆောင်​နိုင်​ခဲ့ပြီလို့ ဆိုပါတယ်။

 

ဒီနည်းပညာအသစ်​အ​ပေါ် သင်​​ရောဘယ်​လိုမြင်​ပါသလဲ။ ကိုယ်​တိုင်​​မောင်းအငှါးယာဉ်​စနစ်​ နည်းပညာကို စိတ်​ဝင်​စားဖြစ်​ပါရဲ့လား။ သင့်​အမြင်​ကိုလည်း ကွန့်​မန့်​မှာ မျှ​ဝေသွားနိုင်​ပါတယ်​။