Spectre နဲ့ Meltdown patches တို့ပါဝင်တဲ့ Essential Phone Oreo beta 3 ထွက်ရှိ

0
1867

Essential ဟာ PH-1 အတွက် တတိယအကြိမ်မြောက် Oreo beta ကို ထွက်ရှိပေးလိုက်ပါပြီ။ ဒီထွက်ရှိမှုကတော့ ဒုတိယမြောက် Oreo beta ထွက်ရှိအပြီး တစ်လအကြာမှာ ထွက်လာပါတယ်။

ဒီ update မှာတော့ Spectre နဲ့ Meltdown fixe ပါဝင်တဲ့ Google ရဲ့ January security patch ကို ထည့်သွင်းပေးထားပါတယ်။ stable Android 8.0 Oreo update ကိုတော့ ဘယ်အချိန်မှာရနိုင်မလဲ မသိရသေးပါဘူး။

Essential Phone မှာ Android Oreo beta update ထွက်ခဲ့တာ တစ်လကြာနေပြီဖြစ်ပြီး အခုအချိန်ထိတော့ official မဖြစ်သေးပါဘူး။ နောက်ဆုံးဗားရှင်းမထွက်သေးတဲ့အချိန်မှာ အဆင်ပြေအောင် တတိယအကြိမ် Oreo beta ကို security patche တွေ ၊ performance ကောင်းမွန်အောင်လုပ်ဆောင်ချက်တွေနဲ့အတူ ထွက်ရှိပေးလိုက်တာ ဖြစ်ပါတယ်။

တတိယအကြိမ် Oreo beta ကတော့ version OPM1.170911.254 နဲ့ ရောက်ရှိလာတာဖြစ်ပြီး 1 GB လောက်ရှိပါတယ်။ Essential ရဲ့ ၀က်ဘ်ဆိုက်ကနေ ဒေါင်းလုတ်ဆွဲနိုင်ပါတယ်။ beta 2 ကို လက်ရှိအသုံးပြုနေတယ်ဆိုရင်တော့ 106 MB ရှိတဲ့ OTA ရမှာ ဖြစ်ပါတယ်။

ဒါဟာ feature ထပ်ဖြည့်ထားတဲ့ update မဟုတ်တာမို့ အရေးတော့မကြီးပါဘူး။ ဒီအသစ်မှာတော့ Spectre နဲ့ Meltdown exploit တွေအတွက် Google ရဲ့ January security patch ထည့်သွင်းပေးထားပါတယ်။

Beta အကြောင်း တော်လောက်ပါပြီ။ ဒီတော့ stable ကတော့ ဘယ်အချိန်မှာ ထွက်လာနိုင်မလဲ သိချင်နေကြမှာပါ။ Reddit AMA မှာတော့ Essential ဟာ Oreo public release အတွက်လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ဖွံ့ဖြိုးအောင်လုပ်ဆောင်မှုနဲ့ Q.A. အဖွဲ့သားတွေဟာ သူတို့ရဲ့ အရည်အသွေးနဲ့ performance စံနှုန်းတွေကို မီအောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။ ဒါကြောင့် အဆုံးသတ်လိုက်တော့ ဘယ်အချိန်ထွက်မလဲ မသိရသေးပါဘူး။

ဒါဟာ beta ဖြစ်တဲ့အတွက်ကြောင့် crash ဖြစ်တာတွေ၊ ဘတ်ထရီသက်တမ်းတိုတာတွေ ဖြစ်နိုင်ပါတယ်။ နောက်ဆုံးဗားရှင်းမရောက်ခင်အထိ ပြင်ဆင်နေရမှာမို့ stable ကိုတော့ စောင့်တာအကောင်းဆုံးပါ။

ဒါပေမယ့်စမ်းချင်ရင်တော့ အောက်မှာ လင့်ပေးထားပါတယ်။

Essential Phone beta 3 ဒေါင်းရန်