ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့စမတ်ဖုန်းလောကထဲကို အရှိန်ပြင်းပြင်းနဲ့ထပ်မံဝင်ရောက်လာတာက HUAWEI nova 2i ပါ။ ထင်မထားလောက်အောင် သင့်တင့်တဲ့ဈေးနှုန်းနဲ့ မျက်နှာပြင်အပြည့်နီးပါး နေရာယူထားတဲ့ Display ၊ အလွန်ကောင်းမွန်လှတဲ့ ကင်မရာ ၄ လုံးစနစ်ပါဝင်ခြင်းကြောင့်လည်း စတင်မိတ်ဆက်ကတည်းက စိတ်ဝင်စားမှုအလွန်များပြားခဲ့တဲ့စမတ်ဖုန်းပါ။
ဈေးနှုန်း
ဈေးနှုန်းဟာ စွမ်းဆောင်ရည် နဲ့ တိုက်ရိုက် အချိုးကျတာ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ဈေးနှုန်း နည်းပါးသွားပေမယ့် အရည်အသွေးမြင့်တဲ့ ပစ္စည်းကောင်းတွေ ရတတ်ပါတယ်။ အခုခေတ်မှာ လေးသိန်းကျော်လောက်သုံးမှ အလယ်အလတ်ဖုန်းကောင်းတစ်လုံးလောက်ပိုင်ဆိုင်နိုင်မယ်ဆိုရင် ငွေ ၃ သိန်း ၃ သောင်း ၀န်းကျင်လောက်နဲ့ ကင်မရာအလွန်ကောင်းတဲ့ Mid-Range စမတ်ဖုန်းတစ်လုံးကိုပိုင်ဆိုင်နိုင်မယ်ဆိုတာ သင်ယုံနိုင်ပြီလား ။ ဟုတ်ပါတယ်။ ကင်မရာလေးလုံးပါဝင်ပြီး Full View Display နဲ့ Huawei Nova 2i ဟာ ငွေကျပ် ၃၃၉၀၀၀ ပဲရှိပါတယ်။
- Diplay
Screen Size : 5.9
Ratio : 18:9
Res : 2160 x 1080
အခုနောက်ပိုင်း ထွက်ရှိလာမည့် ဖုန်းတွေမှာ ၁၈း၉ အချိုးတွေ အများအပြား ပါဝင်လာဖို့ ရှိနေပါတယ်။ အခု HUAWEI nova 2i မှာလည်း ဖုန်းကိုယ်ထည်တစ်ခုလုံးကို ရာခိုင်နှုန်း ၈၀ ကျော် က မှန်သားပြင် Display နဲ့ ဖုံးလွှမ်းထားပါတယ်။
- Design
အရောင်သုံးစွဲထားတဲ့ အပြာလဲ့လဲ့ nova 2i ဆိုရင် တော်တော်လေး လှပပြီး ဆွဲဆောင်နိုင်တဲ့ ဒီဇိုင်း အပြည့်ရှိပါတယ်။ သပ်ရပ်ရှင်းလင်းတဲ့ ဒီဇိုင်း ကို မြင်ရမှာပါ။ Mid-Range တွေထဲမှာ ပြောစမှတ်ပြုစေမယ့် အဆင့်အတန်းတစ်ခု ဆီကို ဦးတည်သွားနေတဲ့အတွက် အထက်တန်းကျကျ ကိုင်ဆောင်စေနိုင်မယ့် ဒီဇိုင်း အနှစ်သာရ ကို ဖော်ဆောင်ထားပါတယ်။
မျက်နှာပြင် အပြည့် Display ကိုတပ်ဆင်ထားတဲ့အတွက် Home Button လည်းမပါဝင်တော့ဘဲ လက်ဗွေရာစနစ်ကိုတော့ ဖုန်းရဲ့နောက်ဘက်ခြမ်းမှာတပ်ဆင်ထားပါတယ် ။ ဘော်ဒီအိမ်တစ်ခုလုံး ဟာ သတ္တုကိုယ်ထည် နဲ့ တည်ဆောက်ထားထားပါတယ်။ အလယ်မှာကတော့ ပါဝင်နေကျ Huawei Logo ပါဝင်ပါတယ်။ ဖုန်းကို ကိုင်တွယ်လိုက်တာ နဲ့ လက်နဲ့ တသားတည်း ဖြစ်အောင် ဖန်တီးထားတာပါ။
- Software
OS : EMUI 5.1 Nougat (based on Android 7.0)
Nova 2i မှာ Android 7 ကို အခြေခံတဲ့ EMUI 5.1 ကို အသုံးပြုထားပါတယ်။ UI က ရိုးလှပေမယ့် စနစ်တကျရှိတယ်။ Messenger app တွေကို အကောင့် ၂ ခုသုံးလို့ရအောင်ပြုလုပ်ပေးနိုင်တဲ့ feature လည်းပါဝင်ပါတယ်။
- Processor & Performance
CPU : 2.36GHz Octa-core
Processor : Kirin 659
RAM : 4GB (64GB up to)
Storage : 64GB Storage
Huawei ဟာ သူ့ရဲ့ဖုန်းတွေမှာ တခြား Company ထုတ် Processor တွေကို မသုံးစွဲတော့ဘဲ ရဲရဲရင့်ရင့်နဲ့ပဲ ကိုယ်ပိုင် ပရိုဆက်ဆာတွေနဲ့ ထုတ်လုပ် အသုံးပြု လာခဲ့တာ နည်းနည်းကြာပါပြီ။
HUAWEI nova 2i ကို Huawei က ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ Kirin 659 Processor သုံးထားပါတယ်။ မြန်နှုန်း 2.36GHz ရှိပါတယ်။ Huawei ထုတ် အကောင်းဆုံး အလယ်အလတ်တန်း Processor ဆိုရင်လည်း မမှားပါဘူး။
kirin 659 Processor ဟာ Kirin 650,655,658 တို့နဲ့ တန်းတူပရိုဆက်ဆာ ဖြစ်ပြီး လယ်အလတ်တန်း မိုဘိုင်းဖုန်းတွေအတွက် အထူး ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဟွာဝေး nova 2i ကိုလည်း မိုဘိုင်း 3D Game တွေနဲ့ စမ်းသပ်ခဲ့ပါတယ်။
တော်တော်လေး ကောင်းမွန်တဲ့ အရည်သွေးတွေကို တွေ့ခဲ့ရပြီး ပုံမှန်ဖုန်းတစ်လုံး မှာ ရှိသင့်တဲ့ အချက်တွေကို အပြည့်အ၀ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
Storage
Memory ကလည်း 64 GB ပါဝင်ပါတယ်။ SD Card လည်းထပ်စိုက်လို့ရပါတယ်။
- Camera
နည်းပညာ လောကမှာ စာရေးနေတဲ့သူတွေ မဖြေချင်ဆုံး မေးခွန်းတစ်ခု ရှိပါတယ်။ အဲဒါ က
“စမတ်ဖုန်း ကင်မရာတွေဟာ တကယ့် ကင်မရာတွေကို ယှဉ်နိုင်ပြီလား” ဆိုတဲ့ မေးခွန်းပါပဲ။
- အနောက်ကင်မရာ- 16 and 2-megapixels
- အရှေ့ကင်မရာ – 13 and 2-megapixels
Nova 2i မှာ ထင်ထင်ရှားရှား ကြီး ပေါ်လွင်နေတဲ့အချက်ကတော့ ကင်မရာ ၄ လုံး ဆိုတာပဲ ဖြစ်ပါတယ်။
HUAWEI nova 2i မှာကတော့ တကယ့် ကြေးစားဝါရင့် ကင်မရာသမား တွေလို ရိုက်ချက်မျိုးတွေ ရရှိဖို့အတွက် Professional ကင်မရာတစ်လုံးလို စွမ်းဆောင်ရည်မျိုး ရရှိဖို့အတွက် HUAWEI nova 2i မှာအရှေ့ဘက်ကင်မရာ ၂ လုံးနဲ့ အနောက်ဘက်ကင်မရာ ၂ လုံးထည့်သွင်းပေးထားပါတယ်။
အရှေ့ဘက် Selfie ကင်မရာ ဟာ 13MP နဲ့ 2MP တို့ပါဝင်တဲ့ ကင်မရာ ၂ လုံးဖြစ်ပြီး အနောက်ဘက်ကင်မရာတွေကတော့ 16MP နဲ့ 2MPတို့ပါဝင်တဲ့ ကင်မရာ ၂လုံးပါ။
ဒီ ကင်မရာ ၂ ခု စလုံး ဟာ Portrait ပုံတွေရိုက်ကူးနိုင်စွမ်းရှိပြီး အလင်းရောင်အားနည်းတဲ့ နေရာတွေမှာတောင် ကင်မရာ ၂ ခု စလုံး နဲ့ Back in အပြန်အလှန်ရိုက်ယူနိုင်ပြီး ရုပ်သေဓါတ်ပုံတွေတင်မကလှုပ်ရှားနေတဲ့ ဓါတ်ပုံတွေကိုပါ ရိုက်ကူးနိုင်စွမ်းတွေပါ ရှိပါတယ်။
မြန်မာ့ဈေးကွက်ထဲကို ၀င်ရောက်သမျှထဲမှာ ကင်မရာလေးလုံးပါဝင်တဲ့ စမတ်ဖုန်း တစ်လုံး လို့လည်း ဆိုနိုင်ပါတယ်။
- Battery
BATTERY : 3340mAh Li-Ion
ဟွာဝေး ဟာ ဘက်ထရီ ကိုတော့ သင့်တင့်လျောက်ပတ်အောင် ကြိုးစားလေ့ရှိတဲ့အတွက် သူ့ရဲ့ ဘက်ထရီတွေဆိုရင် စံချိန်၊ စံနှုန်း နဲ့ ကိုက်ညီတာတွေ တွေ့ရပါတယ်။
ရုပ်ထွက် ကို ဦးစားပေးလိုက်တဲ့အတွက် ဘက်ထရီ အရမ်းစားသုံးမှာတွေ၊ အမြန်နှုန်းကြောင့် ဘက်ထရီ ပိုင်း အားနည်းမှာတွေ တော့ ပူပင်စရာ မလိုတဲ့အထဲမှာ ပါဝင်ပါတယ်။
ခြွင်းချက်တစ်ခုတော့ ရှိပါတယ်။ 3340 mAh ဟာ တစ်နေ့တာ အသုံးပြုဖို့ လုံလောက်တဲ့ ပမာဏပါပဲ။ ဒါပေမယ့် တခြား Performance ပိုင်းမှာ သုံးစွဲထားတာ တစ်ခု ရှိတဲ့အတွက် ဘက်ထရီ သွင်းချိန် နည်းနည်းတော့ ကြာပါလိမ့်မယ်။
- Extra features
HUAWEI nova 2i ရဲ့တခြားထူးခြားချက် ၊ တခြား လုပ်ဆောင်ချက်တွေကတော့ အများကြီးပါပဲ။
- 1080p အရည်အသွေး ဗွီဒီယိုတွေကို 30fps နဲ့ရိုက်ကူးပေးနိုင်စွမ်း ရှိပါတယ်။
- Honor 9 မှာ ပါရှိခဲ့တဲ့ ကုမ္ပဏီပိုင် Huawei Histen Audio ကို HUAWEI nova 2i မှာလည်းထည့်သွင်းပေးထားပါတယ်။ အဲဒီ စနစ် ဟာ ဗီဒီယိုကြည့်ရင်ဖြစ်ဖြစ်၊ ဂိမ်းကစားရင် ဖြစ်ဖြစ် ပုံမှန်ထက်ထူးခြားတဲ့အသံပိုင်းဆိုင်ရာ ခံစားမှု အတွေ့အကြုံကိုခံစားနိုင်မှာဖြစ်ပါတယ်။
- Huawei Histen Audio စနစ်ကို xda-developer တွေရဲ့ ဖိုရမ်မှာ အခု လို ရှင်းပြထားပါတယ်။ ( 3D Sound Field Technology ကို အသုံးပြုထားပြီး ကိုယ်ပိုင် ရုပ်ရှင်ရုံ တွေမှာ ခံစားရသလိုမျိုး ခံစားရစေပါမယ်။ အထူးသဖြင့် သုံးစွဲသူ ရဲ့ အရှေ့ဘက်၊ အနောက်ဘက် နဲ့ ၁၈၀ ဒီဂရီတွေကနေ ဘက်ပြန်လာတဲ့ အသံလှိုင်းတွေကို လွှင့်ထုတ်ပေးတာ ဖြစ်ပါတယ်။
- ရယ်ဒီမိတ် Screen Protector ပါရှိပါတယ်။
- Rear နဲ့ Front Camera တွေက Dual camera တွေဖြစ်ပြီး ၂ ခုလုံးနဲ့ portrait ပုံတွေရိုက်လို့ရပါတယ်။
- Mid-range ဖုန်းချင်း ယှဉ်ပြိုင်နေစေမယ့် Screen Resolution ကြွယ်ဝပါတယ်။
- HUAWEI nova 2i ဟာ 4G ကွန်ယက်မှာလည်း မြန်ဆန်အဆင်ပြေစွာအသုံးပြုနိုင်ပါတယ်။
- သီချင်းတွေ နားထောင်ဖို့အတွက်ဆိုရင် ဆူညံသံတွေကို ဖယ်ရှားပေးနိုင်တဲ့ စွမ်းဆောင်ရည်နဲ့ 3.5 mm Jack နားကြပ်ပေါက် ပါဝင်သလို စပီကာအသံထွက်ကလည်း ကြည်လင်ပြတ်သားမှု ရှိပါတယ်။
- အနက်သားရောင် ၊ ရွှေရောင်နဲ့ ကမ်းခြေတွေမှာ တွေ့ရတတ်တဲ့ အပြာလဲ့လဲ့အရောင် သုံးမျိုး
- Fair Price
ကျွန်တော်ကတော့ HUAWEI nova 2i အပြာရောင်လေးကိုဝယ်ထားပါတယ်။ ငွေသုံးသိန်းကျော်လောက်နဲ့ ကင်မရာကောင်းကောင်း ဖုန်းတစ်လုံးကိုပိုင်ဆိုင်ထားပြီမို့ သာမန်ခရီးသွားတာလောက်ကတော့ ဓာတ်ပုံကောင်းကောင်းလေးတွေရိုက်ကူးဖို့အတွက် Huawei nova 2i နဲ့တင်ပြည့်စုံနေပါပြီ။