အီတလီရဲ႕ ေကာ္ပိုေရးရွင္းေလ့လာသူေတြစိတ္၀င္စားေနတဲ့ Apple နဲ႕ Samsung

0
1517

Zawgyi Version

အီတလီကေတာ့ Apple နဲ႕ Samsung တို႕ဟာ software update ေတြကို အသံုးျပဳျပီးေတာ့ စမတ္ဖုန္းအသစ္ေတြကို ၀ယ္ခ်င္ေအာင္လုပ္ေဆာင္ေနသလားဆိုတာ စံုစမ္းမယ္လို႕ ေၾကညာခဲ့ပါတယ္။

AGCM ကေတာ့ သူတို႕ရဲ႕ထုတ္ကုန္မွာ performance ေလးပိုေကာင္းလာဖို႕တခ်ိဳ႕ထုတ္ကုန္ေလးေတြကို တပ္ဆင္ျပီးေတာ့ သံုးစြဲသူေတြကို ဗားရွင္းအသစ္၀ယ္ခ်င္ေအာင္လုပ္ေဆာင္တဲ့ ေပၚလစီတစ္ခုရွိပါတယ္လို႕ ဆိုပါတယ္။ ဒီေပၚလစီကိုေတာ့ Italy ရဲ႕ consumers’ code အေၾကာင္းေရးသားထားတဲ့ ေဆာင္းပါးအေတာ္မ်ားမ်ားမွာ ပါ၀င္လာတာပါ။

အျပစ္ရွိတယ္ဆိုတာေတြ႕ရင္ အဲဒီခ်ိဳးေဖာက္မႈကေတာ့ Apple နဲ႕ Samsung ကို ဖိုင္းတပ္တဲ့အေနနဲ႕ မီလ်ံေပါင္းမ်ားစြာ ကုန္က်ေစႏုိင္ပါတယ္။

AGCM ကေတာ့ iPhone ေမာ္ဒယ္လ္အေဟာင္းေတြရဲ႕ CPU အျမန္ႏႈန္းက်ဆင္းသြားတာကို ၀န္ခံတဲ့အခ်ိန္မွာ ဒီကိစၥကို စိတ္၀င္စားသြားတာပါ။ iPhone အေဟာင္းေတြမွာ အသံုးျပဳထားတဲ့ lithium-ion ဘတ္ထရီေတြေၾကာင့္လို႕ ဆိုပါတယ္။

ဒါေပမယ့္လည္း Apple ကေတာ့ ကၽြန္ေတာ္တို႕ေကာင္းဖို႕အတြက္လုပ္ေဆာင္တာျဖစ္ေၾကာင္း ေျပာခဲ့ေပမယ့္ ဒီသတင္းကေတာ့ iPhone အေဟာင္းေတြေႏွးသြားျခင္းဟာ ဖုန္းအသစ္ေတြကို ၀ယ္ယူေအာင္လုပ္ေဆာင္လိုက္တယ္လို႕ မီးေလာင္ရာေလပင့္ေနၾကပါတယ္။ Apple ကေတာ့ ေဒၚလာ ၂၉ နဲ႕ ဘတ္ထရီလဲလွယ္ေပးေနပါတယ္။

Apple ဟာ ျပင္သစ္ရဲ႕ သတ္မွတ္ထားတဲ့ဥပေဒတစ္ခုျဖစ္တဲ့ ဒိတ္ေအာက္ေအာင္လုပ္ေဆာင္ျခင္း၊ ၾကာၾကာအသံုးျပဳလို႕မရေအာင္လုပ္ေဆာင္ျခင္းအားျဖင့္ ပစၥည္းအသစ္၀ယ္ေအာင္ လုပ္ေဆာင္ေလသလားဆိုတာလည္း စိတ္၀င္စားေနၾကပါတယ္။ ဥပေဒဆြဲသူေတြအၾကားမွာ ျပင္ဆင္ဖို႕အခြင့္အေရးရခြင့္ေတြလည္း လုပ္ေဆာင္ဖို႕ စိတ္ကူးေတြရေနၾကပါတယ္။

Apple ရဲ႕ ေၾကညာခ်က္ျပီးေတာ့ HTC ၊ Motorola တို႕ကလည္း firmware update ေၾကာင့္ performance အားက်သြားတာမဟုတ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။ Samsung ကေတာ့ မသိသလို ျငိမ္ေနခဲ့တာပါ။ သူ႕စမတ္ဖုန္းေတြကလည္း လအနည္းငယ္ၾကာရင္ ေႏွးသြားတတ္ပါတယ္။

Apple နဲ႕ Samsung ကေတာ့ ျပန္လည္ေခ်ပျခင္းမရွိေသးပါဘူး။ ဒီသတင္းေတြကို ၾကားရတဲ့ခါ ျပန္လည္တင္ျပေပးပါဦးမယ္။

Unicode Version

အီတလီကတော့ Apple နဲ့ Samsung တို့ဟာ software update တွေကို အသုံးပြုပြီးတော့ စမတ်ဖုန်းအသစ်တွေကို ဝယ်ချင်အောင်လုပ်ဆောင်နေသလားဆိုတာ စုံစမ်းမယ်လို့ ကြေညာခဲ့ပါတယ်။
AGCM ကတော့ သူတို့ရဲ့ထုတ်ကုန်မှာ performance လေးပိုကောင်းလာဖို့တချို့ထုတ်ကုန်လေးတွေကို တပ်ဆင်ပြီးတော့ သုံးစွဲသူတွေကို ဗားရှင်းအသစ်ဝယ်ချင်အောင်လုပ်ဆောင်တဲ့ ပေါ်လစီတစ်ခုရှိပါတယ်လို့ ဆိုပါတယ်။ ဒီပေါ်လစီကိုတော့ Italy ရဲ့ consumers’ code အကြောင်းရေးသားထားတဲ့ ဆောင်းပါးအတော်များများမှာ ပါဝင်လာတာပါ။
အပြစ်ရှိတယ်ဆိုတာတွေ့ရင် အဲဒီချိုးဖောက်မှုကတော့ Apple နဲ့ Samsung ကို ဖိုင်းတပ်တဲ့အနေနဲ့ မီလျံပေါင်းများစွာ ကုန်ကျစေနိုင်ပါတယ်။
AGCM ကတော့ iPhone မော်ဒယ်လ်အဟောင်းတွေရဲ့ CPU အမြန်နှုန်းကျဆင်းသွားတာကို ဝန်ခံတဲ့အချိန်မှာ ဒီကိစ္စကို စိတ်ဝင်စားသွားတာပါ။ iPhone အဟောင်းတွေမှာ အသုံးပြုထားတဲ့ lithium-ion ဘတ်ထရီတွေကြောင့်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း Apple ကတော့ ကျွန်တော်တို့ကောင်းဖို့အတွက်လုပ်ဆောင်တာဖြစ်ကြောင်း ပြောခဲ့ပေမယ့် ဒီသတင်းကတော့ iPhone အဟောင်းတွေနှေးသွားခြင်းဟာ ဖုန်းအသစ်တွေကို ဝယ်ယူအောင်လုပ်ဆောင်လိုက်တယ်လို့ မီးလောင်ရာလေပင့်နေကြပါတယ်။ Apple ကတော့ ဒေါ်လာ ၂၉ နဲ့ ဘတ်ထရီလဲလှယ်ပေးနေပါတယ်။
Apple ဟာ ပြင်သစ်ရဲ့ သတ်မှတ်ထားတဲ့ဥပဒေတစ်ခုဖြစ်တဲ့ ဒိတ်အောက်အောင်လုပ်ဆောင်ခြင်း၊ ကြာကြာအသုံးပြုလို့မရအောင်လုပ်ဆောင်ခြင်းအားဖြင့် ပစ္စည်းအသစ်ဝယ်အောင် လုပ်ဆောင်လေသလားဆိုတာလည်း စိတ်ဝင်စားနေကြပါတယ်။ ဥပဒေဆွဲသူတွေအကြားမှာ ပြင်ဆင်ဖို့အခွင့်အရေးရခွင့်တွေလည်း လုပ်ဆောင်ဖို့ စိတ်ကူးတွေရနေကြပါတယ်။
Apple ရဲ့ ကြေညာချက်ပြီးတော့ HTC ၊ Motorola တို့ကလည်း firmware update ကြောင့် performance အားကျသွားတာမဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။ Samsung ကတော့ မသိသလို ငြိမ်နေခဲ့တာပါ။ သူ့စမတ်ဖုန်းတွေကလည်း လအနည်းငယ်ကြာရင် နှေးသွားတတ်ပါတယ်။
Apple နဲ့ Samsung ကတော့ ပြန်လည်ချေပခြင်းမရှိသေးပါဘူး။ ဒီသတင်းတွေကို ကြားရတဲ့ခါ ပြန်လည်တင်ပြပေးပါဦးမယ်။

Aung Phyo Oo (Myanmar Mobile App)