အခြန္ေပၚလစီေျပာင္းလဲမႈေၾကာင့္ Apple ကို အမိေျမေျပာင္းေရႊ႕မည္

0
1539

Zawgyi Version

iPhone အေဟာင္းေတြရဲ႕ Power Management Feature ေၾကာင့္ upadate

ရီႏို၊ နီဗာဒါမွာရွိတဲ့ Apple data center ကို အလည္အပတ္သြားေရာက္ခ်ိန္မွာ Apple CEO Tim Cook ဟာ ABC News ရဲ႕ Rebecca Jarvis နဲ႕အတူ အင္တာဗ်ဴးေလးတစ္ခု ျပဳလုပ္ခဲ့ပါတယ္။ သူဟာ iPhone အေဟာင္းေတြရဲ႕ power management feature အေပၚ Apple ရဲ႕ ေၾကျငာခ်က္ေတြနဲ႕ ပတ္သတ္ျပီးေတာ့ ေဆြးေႏြးေပးခဲ့တာပါ။

Cook ရဲ ႕အဆိုအရ iOS 10.2.1 မွာ မိတ္ဆက္ခဲ့တဲ့ power management feature ေတြဟာ ဘာေတြလုပ္ေဆာင္ေပးသလဲဆိုတာကိုေတာ့ ရွင္းျပခဲ့ပါတယ္။ သေဘာမတူတာေတြ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီထက္ရွင္းေအာင္ေတာ့ မလုပ္ေဆာင္ႏုိင္ဘူးလို႕ထင္ပါတယ္။

ပါ၀ါျဖန္႕ခ်ိမႈမညီမွ်တဲ့အတြက္ေၾကာင့္ ပါ၀ါပိတ္ျခင္းေတြ ေတြ႕ၾကံဳရတဲ့အေၾကာင္း ရွင္းျပခဲ့ျပီးေတာ့ power management system ကိုလည္း ျပင္ဆင္ထားတယ္လို႕ ေျပာျပခဲ့ပါတယ္။ ဒါေပမယ့္လည္း ဘယ္သူကမွ ဘာေၾကာင့္ေႏွးသြားရသလဲဆိုတဲ့ အေၾကာင္းရင္းကို မသိလိုက္ၾကပါဘူး။ Cook ကေတာ့ Apple အေနနဲ႕ ဒီလိုျဖစ္သြားေစခဲ့တဲ့အတြက္ ေလးေလးနက္နက္ေတာင္းပန္ပါတယ္လို႕ ဆိုပါတယ္။

လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္တုန္းက ဘတ္ထရီအားလံုးမွာ သက္တမ္းရွိျပီးေတာ့ အခ်ိန္တစ္ခုမွာ ခ်ိဳ႕ယြင္းလာတတ္ပါတယ္။ ခ်ိဳ႕ယြင္းလာတဲ့ဘတ္ထရီဟာ မေမွ်ာ္လင့္ထားတဲ့ restart က်ျခင္းေတြျဖစ္ေစတယ္လို႕ ထုတ္ေျပာဖူးပါတယ္။

စိတ္ကူးၾကည့္လိုက္ပါ။ သင့္အေနနဲ႕ အေရးေပၚဖုန္းေခၚတာျဖစ္ျဖစ္၊ အေရးၾကီးဖုန္းတစ္ခုခုျဖစ္ျဖစ္၊ မက္ေဆ့ခ်္ျဖစ္ျဖစ္ ပို႕ေနခ်ိန္မွာ၊ ဒါမွမဟုတ္ ေစာင့္ေနခ်ိန္မွာ ၊ သင့္ကင္မရာနဲ႕ မွတ္တမ္းတင္ေနတဲ့ အခိုက္အတန္႕ေလးမွာ ျဖစ္သြားမယ္ဆုိရင္။ ကၽြန္ေတာ္တို႕ဟာ အျမဲတမ္း သံုးစြဲသူခံစားမႈကို စဥ္းစားပါတယ္။ ဒါေၾကာင့္ ဆံုးျဖတ္ခ်က္တုိင္းမွာ သံုးစြဲသူအတြက္ပဲ ခ်မွတ္ခဲ့တာပါ။ ဒီလိုျဖစ္ျခင္းေန ကာကြယ္ႏုိင္တဲ့ performance ျဖစ္လာေစခ်င္တဲ့စိတ္ကို ခံစားမိပါတယ္။

ဒီဟာကဘာၾကီးပါလို႕ ထုတ္ျပလည္း လူအမ်ားစုကေတာ့ အာရံုုစိုက္ၾကလိမ့္မယ္မထင္ပါဘူး။ ဒီလိုမ်ိဳးျဖစ္သြားလို႕လည္း ေလးေလးနက္နက္ေတာင္းပါတယ္။ ကၽြန္ေတာ္တို႕ရဲ႕ တြန္းအားကေတာ့ သံုးစြဲသူေတြပါ။ သံုးစြဲသူေတြက ကၽြန္ေတာ္တို႕လုပ္သမွ်အရာအားလံုးရဲ႕ ပင္မၾကီးပါ။ Apple ဟာ iOS 10.2.1 update နဲ႕ပတ္သတ္ျပီးေတာ့ နားလည္မႈလြဲျခင္းကို ေတာင္းပန္ခဲ့ျပီး iPhone 6, 6s, 7, 6 Plus, 6s Plus, 7 Plus, နဲ႕ SE တို႕ကို ေစ်းသက္သစြာ ဘတ္ထရီလဲႏုိင္ေအာင္ လုပ္ေဆာင္ေပးခဲ့ပါတယ္။

Apple ဟာ လာမယ့္ iOS update မွာ ဘတ္ထရီေစာင့္ၾကည့္တဲ့ feature ကို မိတ္ဆက္ေနပါတယ္။ Apple ဟာ သံုးစြဲသူေတြကို power management feature ကိုလည္း ပိတ္ခြင့္ျပဳထားမယ္လို႕ သိရပါတယ္။ ဒီသတင္းကေတာ့ အရင္တုန္းက မၾကားထားတဲ့အရာျဖစ္ပါတယ္။

ေနာက္လ developer release မွာ ဘာေတြျဖစ္မလဲသိရေတာ့မွာပါ။ ဘတ္ထရီရဲ႕ ေကာင္းမြန္မႈႏႈန္းကို ခ်ျပႏုိင္ေတာ့မွာပါ။ ဒါေၾကာင့္ အေတာ္ေလးပြင့္လင္းျမင္သာပါတယ္။ ဒီလိုမ်ိဳး အရင္တုန္းက မလုပ္ခဲ့ပါဘူး။ ဒီတစ္ခုလံုးကေန ကၽြန္ေတာ္တို႕သင္ယူေလ့လာလိုက္ႏုိင္ခဲ့ပါတယ္။

ဒီအေျခအေနမွာ ဒီလိုလုပ္ခ်င္ပါတယ္။ ေမွ်ာ္လင့္မထားတဲ့ restart က်ဆင္းမွကာကြယ္ဖို႕အတြက္ ကၽြန္ေတာ္တို႕ဟာ performance ပိုင္းကိုေတာ့ နည္းနည္းေလွ်ာ့ထားတယ္လုိ႕ ေျပာခ်င္ပါတယ္။ မလိုခ်င္ရင္ ပိတ္ထားလိုက္ရံုပါပဲ။ ဒါေပမယ့္ ေထာက္ခံမေပးပါဘူး။ iPhone ေတြဟာ သူတို႕အတြက္အေရးပါတဲ့အရာတစ္ခုျဖစ္မယ္လို႕ ကၽြန္ေတာ္တို႕ ယံုၾကည္ပါတယ္။ ဘယ္အခ်ိန္ဘာျဖစ္လာမလဲ သင္မေျပာႏုိင္ပါဘူး။ ကၽြန္ေတာ္တို႕ရဲ႕လုပ္ေဆာင္ခ်က္ေတြဟာ သံုးစြဲသူေတြအတြက္ ၀န္ေဆာင္မႈအေနနဲ႕။ စိတ္ဖိစီးမႈေတာ့ မျဖစ္ေစခ်င္ပါဘူး။

Cook ရဲ႕ အင္တာဗ်ဴးအခ်ိဳ႕ကိုေတာ့ Apple က ဒီေန႕မွာ ထုတ္ျပန္ခဲ့ပါတယ္။ U.S. tax policy ရဲ႕ ေျပာင္းလဲမႈေၾကာင့္ သူ႕ရဲ႕ေဒၚလာ၂၅၀ဘီလ်ံတန္ေၾကးရွိတဲ့ အပုိင္းကို ႏုိင္ငံရပ္ျခားကေန အမိႏုိင္ငံကိုေျပာင္းေရႊ႕မယ္လို႕ ေၾကညာခဲ့ပါတယ္။ ဒါေၾကာင္ ့အခြန္အေနနဲ႕ ေဒၚလာေပါင္း ၃၈ဘီလ်ံ ေဆာင္ရမွာပါ။ အခြန္နဲ႕အတူ၊ ရင္းႏွီးျမွဳပ္ႏွံမႈ၊ campus အသစ္ဖန္တီးျခင္း၊ အမ်ားၾကီးပါပဲ။ Apple ကေတာ့ ယူအက္စီးပြားေရးကို ေနာက္ငါးႏွစ္ေလာက္အထိ အလုပ္ေပါင္း ၂၀၀၀၀ ဖန္တီးေပးႏုိင္မွာျဖစ္ျပီး ေဒၚလာ ၃၅၀ဘီလ်ံေလာက္ ျဖန္႕ေ၀ေပးႏုိင္မယ္လို႕ ယံုၾကည္ထားပါတယ္။

Apple ဟာ ဒီလိုလုပ္ေဆာင္ခ်က္ေတြကုိ အခြန္မေျပာင္းလဲရင္လုပ္ေဆာင္မလားလို႕ ေမးျမန္းခဲ့ရာ ဒါဟာ အခြန္ေျပာင္းလဲမႈရဲ႕ရလဒ္ျဖစ္ေၾကာင္း၊ ေနာက္တစ္ခုကေတာ့ ဘယ္လိုအေျခအေနမွာပဲျဖစ္ျဖစ္ ဒီလိုေျပာင္းလဲမႈကို လုပ္ေဆာင္မွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ အခြန္ေပးေဆာင္ျခင္းအားျဖင့္ ႏုိင္ငံရဲ႕စီးပြားေရးကို တစ္ဖက္တစ္လမ္းကို ကူညီျခင္းျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။

အခြန္အတြက္ ႏွစ္ပိုင္းရွိပါတယ္။ ေကာ္ပိုေရးရွင္းနဲ႕ တစ္ဦးခ်င္းပါပဲ။ ေကာ္ပိုေရးရွင္းဘက္ကဆိုရင္ေတာ့ အလုပ္အကုိင္ေတြေပါမ်ားလာျပီးေတာ့ စီးပြားေရးတုိးတက္လာမွာပါ။  Apple အေနနဲ႕ ေပၚလစီအသစ္ေၾကာင့္ ေစ်းသက္သာတဲ့ iPhone ကို ထုတ္လုပ္မလားဆိုေတာ့ Cook က ဒီလိုမျဖစ္ႏုိင္ေၾကာင္း “ဖုန္းရဲ႕ ကုန္က်စရိတ္က ဖန္တီးမႈကုန္က်စရိတ္ပါ”လို႕ ေျပာခဲ့ပါတယ္။

အင္တာဗ်ဴးအဆံုးမွာေတာ့ Apple ဟာ campus အသစ္ကို ဘယ္ေနရာဖြင့္မယ္ဆိုတာကို ေျပာခဲ့ပါတယ္။ အေသးစိတ္ကိုေတာ့ ဒီႏွစ္ထဲမွာ ဆက္လက္ၾကားရမွာပါ။ ဒါေပမယ့္ Texas ၊ California ဆိုတဲ့ ေနရာေတြမွာ ရွိမွာေတာ့ မဟုတ္ပါဘူး။

Unicode Version

iPhone အဟောင်းတွေရဲ့ Power Management Feature ကြောင့် upadate
ရီနို၊ နီဗာဒါမှာရှိတဲ့ Apple data center ကို အလည်အပတ်သွားရောက်ချိန်မှာ Apple CEO Tim Cook ဟာ ABC News ရဲ့ Rebecca Jarvis နဲ့အတူ အင်တာဗျူးလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူဟာ iPhone အဟောင်းတွေရဲ့ power management feature အပေါ် Apple ရဲ့ ကြေငြာချက်တွေနဲ့ ပတ်သတ်ပြီးတော့ ဆွေးနွေးပေးခဲ့တာပါ။
Cook ရဲ့အဆိုအရ iOS 10.2.1 မှာ မိတ်ဆက်ခဲ့တဲ့ power management feature တွေဟာ ဘာတွေလုပ်ဆောင်ပေးသလဲဆိုတာကိုတော့ ရှင်းပြခဲ့ပါတယ်။ သဘောမတူတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီထက်ရှင်းအောင်တော့ မလုပ်ဆောင်နိုင်ဘူးလို့ထင်ပါတယ်။
ပါဝါဖြန့်ချိမှုမညီမျှတဲ့အတွက်ကြောင့် ပါဝါပိတ်ခြင်းတွေ တွေ့ကြုံရတဲ့အကြောင်း ရှင်းပြခဲ့ပြီးတော့ power management system ကိုလည်း ပြင်ဆင်ထားတယ်လို့ ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်သူကမှ ဘာကြောင့်နှေးသွားရသလဲဆိုတဲ့ အကြောင်းရင်းကို မသိလိုက်ကြပါဘူး။ Cook ကတော့ Apple အနေနဲ့ ဒီလိုဖြစ်သွားစေခဲ့တဲ့အတွက် လေးလေးနက်နက်တောင်းပန်ပါတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက ဘတ်ထရီအားလုံးမှာ သက်တမ်းရှိပြီးတော့ အချိန်တစ်ခုမှာ ချို့ယွင်းလာတတ်ပါတယ်။ ချို့ယွင်းလာတဲ့ဘတ်ထရီဟာ မမျှော်လင့်ထားတဲ့ restart ကျခြင်းတွေဖြစ်စေတယ်လို့ ထုတ်ပြောဖူးပါတယ်။
စိတ်ကူးကြည့်လိုက်ပါ။ သင့်အနေနဲ့ အရေးပေါ်ဖုန်းခေါ်တာဖြစ်ဖြစ်၊ အရေးကြီးဖုန်းတစ်ခုခုဖြစ်ဖြစ်၊ မက်ဆေ့ချ်ဖြစ်ဖြစ် ပို့နေချိန်မှာ၊ ဒါမှမဟုတ် စောင့်နေချိန်မှာ ၊ သင့်ကင်မရာနဲ့ မှတ်တမ်းတင်နေတဲ့ အခိုက်အတန့်လေးမှာ ဖြစ်သွားမယ်ဆိုရင်။ ကျွန်တော်တို့ဟာ အမြဲတမ်း သုံးစွဲသူခံစားမှုကို စဉ်းစားပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တိုင်းမှာ သုံးစွဲသူအတွက်ပဲ ချမှတ်ခဲ့တာပါ။ ဒီလိုဖြစ်ခြင်းနေ ကာကွယ်နိုင်တဲ့ performance ဖြစ်လာစေချင်တဲ့စိတ်ကို ခံစားမိပါတယ်။
ဒီဟာကဘာကြီးပါလို့ ထုတ်ပြလည်း လူအများစုကတော့ အာရုံုစိုက်ကြလိမ့်မယ်မထင်ပါဘူး။ ဒီလိုမျိုးဖြစ်သွားလို့လည်း လေးလေးနက်နက်တောင်းပါတယ်။ ကျွန်တော်တို့ရဲ့ တွန်းအားကတော့ သုံးစွဲသူတွေပါ။ သုံးစွဲသူတွေက ကျွန်တော်တို့လုပ်သမျှအရာအားလုံးရဲ့ ပင်မကြီးပါ။ Apple ဟာ iOS 10.2.1 update နဲ့ပတ်သတ်ပြီးတော့ နားလည်မှုလွဲခြင်းကို တောင်းပန်ခဲ့ပြီး iPhone 6, 6s, 7, 6 Plus, 6s Plus, 7 Plus, နဲ့ SE တို့ကို ဈေးသက်သစွာ ဘတ်ထရီလဲနိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။
Apple ဟာ လာမယ့် iOS update မှာ ဘတ်ထရီစောင့်ကြည့်တဲ့ feature ကို မိတ်ဆက်နေပါတယ်။ Apple ဟာ သုံးစွဲသူတွေကို power management feature ကိုလည်း ပိတ်ခွင့်ပြုထားမယ်လို့ သိရပါတယ်။ ဒီသတင်းကတော့ အရင်တုန်းက မကြားထားတဲ့အရာဖြစ်ပါတယ်။
နောက်လ developer release မှာ ဘာတွေဖြစ်မလဲသိရတော့မှာပါ။ ဘတ်ထရီရဲ့ ကောင်းမွန်မှုနှုန်းကို ချပြနိုင်တော့မှာပါ။ ဒါကြောင့် အတော်လေးပွင့်လင်းမြင်သာပါတယ်။ ဒီလိုမျိုး အရင်တုန်းက မလုပ်ခဲ့ပါဘူး။ ဒီတစ်ခုလုံးကနေ ကျွန်တော်တို့သင်ယူလေ့လာလိုက်နိုင်ခဲ့ပါတယ်။
ဒီအခြေအနေမှာ ဒီလိုလုပ်ချင်ပါတယ်။ မျှော်လင့်မထားတဲ့ restart ကျဆင်းမှကာကွယ်ဖို့အတွက် ကျွန်တော်တို့ဟာ performance ပိုင်းကိုတော့ နည်းနည်းလျှော့ထားတယ်လို့ ပြောချင်ပါတယ်။ မလိုချင်ရင် ပိတ်ထားလိုက်ရုံပါပဲ။ ဒါပေမယ့် ထောက်ခံမပေးပါဘူး။ iPhone တွေဟာ သူတို့အတွက်အရေးပါတဲ့အရာတစ်ခုဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဘယ်အချိန်ဘာဖြစ်လာမလဲ သင်မပြောနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်တွေဟာ သုံးစွဲသူတွေအတွက် ဝန်ဆောင်မှုအနေနဲ့။ စိတ်ဖိစီးမှုတော့ မဖြစ်စေချင်ပါဘူး။
Cook ရဲ့ အင်တာဗျူးအချို့ကိုတော့ Apple က ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ U.S. tax policy ရဲ့ ပြောင်းလဲမှုကြောင့် သူ့ရဲ့ဒေါ်လာ၂၅၀ဘီလျံတန်ကြေးရှိတဲ့ အပိုင်းကို နိုင်ငံရပ်ခြားကနေ အမိနိုင်ငံကိုပြောင်းရွှေ့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့်အခွန်အနေနဲ့ ဒေါ်လာပေါင်း ၃၈ဘီလျံ ဆောင်ရမှာပါ။ အခွန်နဲ့အတူ၊ ရင်းနှီးမြှုပ်နှံမှု၊ campus အသစ်ဖန်တီးခြင်း၊ အများကြီးပါပဲ။ Apple ကတော့ ယူအက်စီးပွားရေးကို နောက်ငါးနှစ်လောက်အထိ အလုပ်ပေါင်း ၂၀၀၀၀ ဖန်တီးပေးနိုင်မှာဖြစ်ပြီး ဒေါ်လာ ၃၅၀ဘီလျံလောက် ဖြန့်ဝေပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
Apple ဟာ ဒီလိုလုပ်ဆောင်ချက်တွေကို အခွန်မပြောင်းလဲရင်လုပ်ဆောင်မလားလို့ မေးမြန်းခဲ့ရာ ဒါဟာ အခွန်ပြောင်းလဲမှုရဲ့ရလဒ်ဖြစ်ကြောင်း၊ နောက်တစ်ခုကတော့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဒီလိုပြောင်းလဲမှုကို လုပ်ဆောင်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အခွန်ပေးဆောင်ခြင်းအားဖြင့် နိုင်ငံရဲ့စီးပွားရေးကို တစ်ဖက်တစ်လမ်းကို ကူညီခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
အခွန်အတွက် နှစ်ပိုင်းရှိပါတယ်။ ကော်ပိုရေးရှင်းနဲ့ တစ်ဦးချင်းပါပဲ။ ကော်ပိုရေးရှင်းဘက်ကဆိုရင်တော့ အလုပ်အကိုင်တွေပေါများလာပြီးတော့ စီးပွားရေးတိုးတက်လာမှာပါ။ Apple အနေနဲ့ ပေါ်လစီအသစ်ကြောင့် ဈေးသက်သာတဲ့ iPhone ကို ထုတ်လုပ်မလားဆိုတော့ Cook က ဒီလိုမဖြစ်နိုင်ကြောင်း “ဖုန်းရဲ့ ကုန်ကျစရိတ်က ဖန်တီးမှုကုန်ကျစရိတ်ပါ”လို့ ပြောခဲ့ပါတယ်။
အင်တာဗျူးအဆုံးမှာတော့ Apple ဟာ campus အသစ်ကို ဘယ်နေရာဖွင့်မယ်ဆိုတာကို ပြောခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ဒီနှစ်ထဲမှာ ဆက်လက်ကြားရမှာပါ။ ဒါပေမယ့် Texas ၊ California ဆိုတဲ့ နေရာတွေမှာ ရှိမှာတော့ မဟုတ်ပါဘူး။

Aung Phyo Oo (Myanmar Mobile App)