ရဲရဲတောက် Red Color သစ်နဲ့ Xiaomi A1 ကိုတွေ့မြင်ရဦးမည်

0
1501

Xiaomi ရဲ့ A1 ဟာ Google နဲ့ပထမဦးဆုံးပူးပေါင်းထုတ်လုပ်တဲ့စမတ်ဖုန်းတစ်လုံးဖြစ်သလို MIUI ROM မပါတဲ့ ပထမဦးဆုံး Xiaomi ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။
A1 ဟာ Dual Camera ပါဝင်တဲ့ ဈေးအတန်ဆုံး Budget တစ်လုံးအဖြစ်လူကြိုက်များလျှက်ရှိပြီး ပြည်တွင်းဈေးကွက်မှာတော့ မြန်မာငွေ ၃သိန်းကျောကျော်လောက်နဲ့ဝယ်ယူနိုင်ပါတယ်။

Mi A1 ကို Gold နဲ့ Black အရောင်နှစ်မျိုးနဲ့သာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ Rose Gold အရောင်ကိုပါ ထပ်တိုးထုတ်လုပ်ပေးခဲ့ပါတယ်။

ယခုအခါမှာတော့ Xiaomi A1 ကို Red Color အနေနဲ့ပါ ထပ်မံထုတ်လုပ်လိုက်ပြီဖြစ်ပြီး အနီရောင်ကြိုက်နှစ်သက်သူတွေအနေနဲ့ကတော့ လက်ကလုံးဝမချခြင်လောက်အောင်စွဲလန်းစေမယ့်အရောင်ဖြစ်ပါတယ်။

Xiaomi A1 Red ဟာ အရင်ဖုန်းတွေနဲ့ Color ပဲကွာတာဖြစ်လို့ Specification တွေကတော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။

လက်ရှိအချိန်မှာလည်း A1 ကို Android ရဲ့ နောက်ဆုံး Version ဖြစ်တဲ့ Oreo ကို Update ပေးနေတာဖြစ်တာကြောင့် နောက်ဆုံးပေါ် OS နဲ့အသုံးပြုနိုင်မယ့်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။

A1 Red ဟာ ဘေးခလုတ်အပါအဝင် အင်တာနာလိုင်းတွေကိုအားလုံးကိုပါ အနီရောင်အနေနဲ့ပြုလုပ်ပေးထားပါတယ်။

A1 Red ကိုရောင်းချမယ့်ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၂၀ ဝန်းကျင်ပြီး Xiaomi ရဲ့ Online Store ကနေသာ မှာယူရရှိနိုင်ဦးမှာဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ လက်ရှိမှာ Online Store ကA1 Read တွေအားလုံး ရောင်းထွက်သွားပြီလို့သိရပါတယ်။