Gadget Trending

ရိုးရိုးပီယာနိုကို ပညာရေးသုံးစမတ်ပီယာနိုအဖြစ်ပြောင်းလဲပေးမယ့် Gadget လေး

ပီယာနိုကို ကိုယ့်ဘာသာအတီးသင်မယ်ဆိုရင်တော့ အတော်လေး ခက်ခဲနိုင်ပါတယ်။ သိတာပေါ့။ ဒီလိုမျိုးလက်တွေ့လုပ်နေတဲ့သူမို့ပါ။ ဒီလိုလုပ်ဆောင်နေရတာ လွယ်ကူသွားအောင်လုပ်နိုင်တဲ့အရာလေးများ မရှိဘူးလားလို့ သိချင်နေခဲ့မိပါတယ်။ CES ပွဲကိုရောက်တဲ့အခါမှာတော့ Piano Hi-Lite လို့ခေါ်တဲ့ gadget လေးကို တွေ့ခဲ့ပါတယ်။ ဘယ် note တွေကို တီးရမလဲဆိုတာကို ပြသပေးတဲ့အလင်းလေးတွေနဲ့ ကျွန်တော်တို့ကို တီးခတ်ဖို့ ကူညီပေးပါတယ်။

ဒီပစ္စည်းလေးမှာ ကီး ၈၈ခုပါဝင်တဲ့ ပီယာနိုတိုင်း အဆင်ပြေအောင် LED အလင်းတန်းအရှည်ကြီးပါဝင်ပါတယ်။ ဒါကြောင့် အခက်အခဲမရှိ တီးခတ်နိုင်စေမှာပါ။ သူဟာ လေဆာကိုအသုံးပြုပြီးတော့ ဘယ်ကီးကို ဖိလိုက်သလဲဆိုတာ သိရှိအောင်လုပ်ဆောင်ပါတယ်။ သူဟာ သင့်ရဲ့စမတ်ဖုန်း၊ တက်ဘလက်ကို Bluetooth ဒါမှမဟုတ် ကြိုးနဲ့ ချိတ်ဆက်နိုင်ပါတယ်။

သူ့မှာ MIDI ထပ်ထည့်နိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် သူ့မှာ velocity sensitivity ပါဝင်သလားဆိုတာကတော့ မသိရသေးပါဘူး။

ထုတ်ပေးထားတဲ့ app လေးနဲ့ ချိတ်ဆက်လိုက်ပြီဆိုရင် music ၊ lessons ၊ games ၊ Synthesia video တွေကို အသုံးပြုပြီးတော့ သီချင်းတွေတီးနိုင်ဖို့ လေ့လာနိုင်ပါပြီ။ Hi-Lite ကတော့ နောက်ထွက်လာတဲ့ ပစ္စည်းလေးဖြစ်ပြီး အရင်တုန်းကလည်း အလင်းလေးတွေထုတ်ပေးတဲ့ ‘Smart’ pianos ကို ဖန်တီးခဲ့ပါသေးတယ်။

သိထားသင့်တဲ့အချက်လေးတွေလည်း ရှိနေပါသေးတယ်။ တစ်ချို့ကတော့ သင့်ရဲ့မျက်လုံးဟာ ကီးတွေကိုပဲကြည့်တာ ဒါမှမဟုတ် သီချင်းစာရွက်ကိုပဲကြည့်တာ လုပ်သင့်တယ်လို့ ဆိုပါတယ်။ ပညာရှင်တွေကတော့ ကိုယ့်ဘာသာသင်တဲ့နည်းလမ်းကို ငြင်းဆန်ကြပါလိမ့်မယ်။ ဒီတော့ အကြံပေးတဲ့သူတစ်ယောက်ကို အွန်လိုင်းမှရှာဖွေတာမျိုးလည်း လုပ်နိုင်ပါတယ်။ အကြံပေးချက်ကို နားထောင်ပြီးမှ ဆက်လက်လုပ်ဆောင်တာမျိုး လုပ်သင့်ပါတယ်။ LED မီးမပါဘဲ ပီယာနိုအတီးသင်မယ်ဆိုရင်တော့ ၂၆၉ဒေါ်လာ ကျချင်မှကျမှာပါ။

ဒါပေမယ့် ဒါဟာ ကလေးတွေနဲ့ သင်ယူမှုskill ကို ဖွံဖြိုးအောင်လုပ်ဆောင်ဖို့လိုတဲ့သူတွေအတွက် အသုံးဝင်နိုင်ပါသေးတယ်။ သင်ခန်းစာတွေမတတ်သေးခင်မှာ ကျွန်တော်ဟာ အလင်းထွက်တဲ့ Casio keyboard နဲ့ သင်ခဲ့ရပါတယ်။

ဒါ့အပြင် ဒီကောင်လေးတွေက အသေတပ်ထားတာမဟုတ်ပါဘူး။ ဒီတော့ စစချင်းမှာ မီးဖွင့်ပြီးသင်ကြားလိုက်ပါ။ နောက်ပြီးတော့ တတ်သွားရင် ပိတ်လိုက်ပါ။

၂၆၉ဒေါ်လာဆိုတာကတော့ နည်းနည်းများနိုင်ပါတယ်။ ထောက်ခံချက်တော့  မပေးချင်ပါဘူး။ ဒါပေမယ့်လည်း သင့်မှာ ပီယာနိုရှိပြီးတော့ ကလေးတွေကို သင်ပေးချင်တယ်ဆိုရင်တော့ သင့်အတွက် ငွေကုန်သက်သာမယ်လို့ ပြောချင်ပါတယ်။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org