Xiaomi Mi Max 3 ကို Dual Camera ဖြင့်တွေ့မြင်ရဖွယ်ရှိ

0
2129

Xiaomi ရဲ့ မျက်နှာပြင်ကြီးမားပြီး Battery အသုံးခံတာကြောင့် လူကြိုက်များတဲ့ Mi Max Series ဟာ ယခုအခါမှာ တတိယမြောက်မျိုးဆက်သို့ရောက်ရှိလာပြီဖြစ်ပါတယ်။
ထွက်သမျှစမတ်ဖုန်းတိုင်းလိုလို Dual Camera ပါဝင်လာတဲ့ ယနေ့ခေတ်စမတ်ဖုန်းလောကမှာ မကြာခင်မှာ အသစ်မိတ်ဆက်မဲ့ Xiaomi ရဲ့ Mi Max 3 မှာလည်း Dual Camera ပါဝင်လာတော့မှာဖြစ်တယ်လို့သိရပါတယ်။

လက်တလောပေါက်ကြားလာတဲ့သတင်းတွေအရ Mi Max 3 မှာ Snapdragon 635 Chipset ကိုထည့်သွင်းထားမှာဖြစ်ပြီး မျက်နှာပြင်အကျယ် ၆.၉၉ လက်မ (၇) လက်မအရွယ် Full HD+ Display ပါဝင်မှာဖြစ်ပါတယ်။ မျက်နှာပြင် ပုံစံကတော့ ယခုနောက်ပိုင်းထွက်ဖုန်းတွေလို 18:9 Full Screen Display အမျိုးအစားနဲ့လာမယ်လို့ဆိုပါတယ်။ ဒါ့အပြင် ယခင်ကထွက်ရှိခဲ့တဲ့ကောလဟာလတွေလို Snapdragon 660 version ဖြင့်လည်းတွေ့မြင်နိုင်ပါသေးတယ်။

ကင်မရာပိုင်းအနေနဲ့လည်း စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Sony IMX Series ထဲက ကင်မရာတစ်မျိုးကိုတပ်ဆင်ထားဖွယ်ရှိပြီး နောက်ကျောဘက် Main ကင်မရာ 12MP + 12MP ၂လုံးနှင့် ရှေ့ဘက် Selfie 5MP ရှိတဲ့ ကင်မရာတစ်လုံးပါဝင်မယ်လို့သိရပါတယ်။ Storage အနေနဲ့ကတော့ 3GB RAM with 64GB ROM နဲ့ 4GB RAM with 128GB ROM ဆိုပြီး ၂မျိုးဝယ်ယူရရှိနိုင်မည်ဖြစ်ကာ Battery ကတော့ 5,500mAh ပါဝင်မယ်လို့ဆိုပါတယ်။ အဆိုပါဖုန်းအတွက်ရောင်းချမယ့်ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၅၆ ခန့် (မြန်မာငွေ ၃သိန်းခွဲဝန်းကျင်) ကနေစတင်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။