Sony Xperia XZ Pro ကို 4K display၊ Snapdragon 845 chip တို့နဲ့ တွဲဖက်မြင်ရ

0
1194

Sony ဟာ Xperia XZ Pro ဆိုတဲ့ MWC 2018 မှာ launch လုပ်ဖို့မျှော်မှန်းထားတဲ့ flagship အသစ်လေးအတွက် လုပ်ဆောင်နေကြောင်း သတင်းရထားပါတယ်။

အဲဒီဖုန်းမှာ 5.7-inch 4K display ၊ Snapdragon 845 chipset နဲ့ 6 GB RAM ပါဝင်မယ်လို့ သတင်းကြားနေပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ၉၀၀ လောက်ကျသင့်နိုင်ပါတယ်။

Sony ဟာ divice သုံးလုံးသာ ထုတ်ပြရပါသေးတယ်။ ဒါပေမယ့် မကြာခင်နောက်တစ်ခု ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Sony ဟာ Xperia XZ Pro လို့ခေါ်တဲ့ MWC 2018 အတွက် flagship အသစ်ကို ပြင်ဆင်နေပါတယ်။

MyDrivers (XDA) ဆီက သတင်းအချက်အလက်အရ အသေးစိတ်အချက်အလေးတွေကို သိရှိခွင့်ရခဲ့ပါတယ်။ ဟန်းဆက်ကတော့ 5.7-inch OLED display ကို 4K resolution ၊ Snapdragon 845 chipset ၊ 6 GB RAM နဲ့ 128 GB သိုလှောင်နိုင်မှာ ဖြစ်ပါတယ်။

နောက်ပြီး အနောက်ဘက်မှာကင်မရာနှစ်လုံးပါဝင်မှာဖြစ်ပြီးတော့ 18 MP sensor နဲ့ 1.33μm pixel ၊ 12 MP sensor နဲ့ 1.38μm pixel တို့ကို အသုံးပြုထားပါတယ်။ အရှေ့ကင်မရာကတော့ 13 MP ဖြစ်ပါတယ်။

ဘတ်ထရီကတော့ 3,420 mAh ဖြစ်ပြီးတော့ IP68 လည်း ရရှိထားပါတယ်။ ပုံလေးကိုတော့ အောက်မှာတစ်ချက်ရှိုးလိုက်ပါဦး။

Sony ဟာ ဘောင်ပျောက်ဒီဇိုင်းတွေကို ကင်မရာနှစ်လုံးနဲ့ တွေ့မြင်ရဖို့ မျှော်လင့်ခံထားရပါတယ်။ အဲဒီဟန်းဆက်ဟာ လုပ်ဆောင်နိုင်စွမ်းရှိကြောင်း ပြသပေးနိုင်တဲ့ဟန်းဆက် ဖြစ်ပါတယ်။ ငွေကြေးကလည်း နည်းနည်းနောနော မဟုတ်ပါဘူး။

MyDrivers ရဲ့ ပြောကြားချက်အရဆိုရင် ဒေါ်လာ ၉၃၀ လောက် ကျသင့်မယ်လို့ သိရပါတယ်။

ဒီလိုအချက်အလက်တွေထွက်နေပေမယ့်လည်း တိကျခြင်းမရှိသေးပါဘူး။ XZ Pro ကတော့ ၂၀၁၈အတွက် ပထမဆုံး flagship တစ်ခုဖြစ်လာနိုင်ပြီးတော့ လုပ်ဆောင်စွမ်းမြင့် ဟန်းဆက်တစ်လုံးဖြစ်ပါတယ်။

သင်ရော Sony Xperia XZ Pro အတွက် ရင်ခုန်နေပြီးလား။