MWC 2018 မှာ Mi 7 ကိုမိတ်ဆက်ပြသနိုင်ဖို့ တိတ်တဆိတ် စီစဉ်နေတဲ့ Xiaomi

0
1879

နာမည်ကြီးတရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဟာ၎င်းတို့ရဲ့ Flagship စမတ်ဖုန်းသစ်ဖြစ်လာမယ့် Mi 7 ကို လာမယ့် ဖေဖော်ဝါရီလမှာကျင်းပမယ့် MWC 2018 ပွဲမှာ မိတ်ဆက်နိုင်တယ်လို့သတင်းတွေထွက်လာပါတယ်။

ဘာစီလိုနာ မှာပြုလုပ်မယ့် MWC 2018 မှာ Xiaomi ကလည်း ၄င်းတို့ရဲ့ ထုတ်ကုန်အသစ်တွေကိုဝင်ရောက်ပြသဖို့အတွက် mwc ရဲ့ Webpage မှာ စာရင်းသွင်းထားတဲ့အချက်ဟာ Xiaomi Fans တွေအတွက် စိတ်လှုပ်ရှားစရာဖြစ်နေပါတယ်။ တရုတ်ပြည်ရဲ့ Apple တဖြစ်လဲ Xiaomi ဟာအဆိုပါ ပွဲမှာ Apple Keynote event လိုမျိုး Mi 7 ကိုကြီးကျယ်ခန်းနားစွာမိတ်ဆက်ပြသနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ဒါပေမယ့်ခုချိန်ထိတော့ Xiaomi အနေနဲ့ဘာသတင်းမှထုတ်ဖော်ပြောကြားခြင်းမရှိသေးတာဟာ ၄င်းတို့အနေနဲ့ Productအသစ်အတွက် အစီအစဉ်ကိုလျှို့ဝှက်စွာဆောင်ရွက်နေတယ်လို့ယူဆရပါတယ်။

Xiaomi ရဲ့ CEO ဖြစ်တဲ့ Lei Jun ကလည်း Qualcomm ပွဲတုန်းက Mi 7 ဟာ Snapdragon 845 chipset သစ်ကိုပထမဦးဆုံးအသုံးပြုမယ့် Xiaomi စမတ်ဖုန်းသစ်တစ်လုံးဖြစ်လာရမယ်လို့ကတိပေးခဲ့သလို အဆိုပါဖုန်းကို မကြာခင်ရောက်ရှိတော့မယ့် နွေဦးရာသီထက်နောက်မကျပဲတွေ့မြင်ရမယ်လို့ဆိုပါတယ်။ MWC 2018 ပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့လောက်မှာစတင်ကျင်းပမှာဖြစ်ပြီး Samsung Galaxy S9.S9+ အပါအဝင် ကမ္ဘာတစ်ဝှမ်းက နာမည်ကြီးစမတ်ဖုန်းကုမ္ပဏီတွေရဲ့ နောက်ဆုံးထွက် Flagship စမတ်ဖုန်းအတော်များများကိုတွေ့မြင်ရမယ့်ပွဲဖြစ်ပါတယ်။