HTC U11 EYEs ရဲ့ အသေးစိတ်အချက်များ

0
1864

တရားဝင် launch လုပ်တဲ့အချိန်မရောက်သေးဘဲ သူတို့ရဲ့ထုတ်ကုန်တွေ ပေါက်ကြားသွားတိုင်း ဟာသကြီးဖြစ်ကျန်ခဲ့တာ ထုံးစံပါပဲ။ U11 EYEs ဟာ Evan Blass ထုတ်ဖော်လိုက်လို့ ပြီးခဲ့တဲ့ရက်တွေကတည်းက သိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါက်ကြားမှုသာရှိပေမယ့် အရာအားလုံးကိုတော့ ပြောပြထားတာ မဟုတ်ပါဘူး။ HTC ရဲ့ အမှားတချို့ကြောင့် ကျွန်တော်တို့ဟာ U11 EYEs ရဲ့ အသေးစိတ်အချက်အလက်တွေကို အပြည့်အ၀သိခွင့်ရခဲ့ပါပြီ။

U11 EYEs ရဲ့ အသေးစိတ်အချက်အလက်ကတော့ ၆လက်မ 1080p Super LCD3 display ကို 18:9 အချိုး၊ Snapdragon 652 ၊ 4GB RAM ၊ 64GB မမ်မိုရီနဲ့အတူ microSD ထည့်သွင်းနိုင်ခြင်း၊ 3,930mAh ဘတ်ထရီ၊ IP67 ၊ Edge Sense နဲ့ Android Nougat တို့ ပါဝင်ပါတယ်။ သုံးရောင်ထွက်ရှိလာမှာပါ။ ဈေးနှုန်းကတော့ ¥3,299 ဖြစ်ပါတယ်။ launch လုပ်မယ့်နေ့ကတော့ ဇန်န၀ါရီ ၁၅ရက်ပါ။ ကင်မရာနဲ့ အခြားသောအချက်အလက်လေးတွေကကတော့ မသိရသေးပါဘူး။ ဒါပေမယ့် YouTube ပေါ်တင်ထားတဲ့ David နဲ့ Tech Chat ဗွီဒီယိုလေးမှာ မြင်လိုက်ရတော့ မသိတာ မရှိတော့ပါဘူး။

U11 EYEs မှာ 157.9 x 74.99 x 8.5mm ၊ အလေးချိန်ကတော့ 185g ဖြစ်ပါတယ်။ Pixel 2 XL မှာတော့ အလေးချိန်အတူတူပါပဲ။ 1.7mm ပိုကျယ်၊ 0.6mm ပိုပါး၊ 10g ပိုပေါ့ပါတယ်။အနောက်ကင်မရာကတော့ 12MP “UltraPixel 3” unit ကို OIS နဲ့ “UltraSpeed” autofocus တို့ကိုလည်း တွေ့မြင်ရမှာပါ။ HTC ဟာ DxOMark ရမှတ် 90 ရရှိထားတာမို့ U11 ရထားတဲ့အမှတ်နဲ့ အတူတူပါပဲ။ ဒါကြောင့် ကင်မရာကလည်း အတူတူဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ 5MP ကင်မရာနှစ်လုံးဟာ ဒီနေ့ခေတ်ရူးသွပ်နေကြတဲ့ bokeh effect ကို စိတ်ကြိုက်ရိုက်နိုင်ပါတယ်။ beauty mode နဲ့ AR sticker mode ကိုလည်း ပါဝင်နေပါသေးတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ face recognition ကိုအသုံးပြုနိုင်ပါတယ်။ ဒါဟာ Smart Lock အနေနဲ့မဟုတ်ဘဲ standalone feature ဖြစ်ပါတယ်။ ဖုန်းကိုညှစ်လိုက်မယ်ဆိုရင်တော့ face unlock က အသက်ဝင်လာမှာဖြစ်ပါတယ်။

Edge Sense ကတော့ ဖုန်းနဲ့အတော်လေးပေါင်းစည်းနေတယ်လို့ ဆိုနိုင်ပါတယ်။ U11 မှာ app သတ်မှတ်ထားပြီးတော့ launch လုပ်ခြင်း၊ ဓါတ်ပုံရိုက်ခြင်း အစရှိတာတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ မကြာသေးခင်က update လုပ်ထားတဲ့ Edge Launcher ကတော့ ဒီfunction တွေကို ပိုမိုလုပ်ဆောင်ခွင့် ပေးထားပါတယ်။ HTC ဟာ သူ့ရဲ့ကိုယ်ပိုင် voice assistant built-in ပါဝင်ပါတယ်။ တရုတ်ဈေးကွက်ဖုန်းတွေအတွက် ရည်ရွယ်တာဆိုတော့ တရုတ်မှာ Google ၀န်ဆောင်မှုတွေကို ထောက်ပံ့မပေးတာတော့ အသုံးတည်ပါတယ်။ ဒါဟာ Edge Sense ရဲ့ ပစ်ချက်ထိသွားတယ်လို့ ဆိုရမှာပါ။

နှစ်ဖက်စလုံးပြောင်လက်နေအောင် လုပ်ဆောင်ထားပါသေးတယ်။ ဒါကလည်း အတော်လေးရယ်ရပါတယ်။ ဒီလုပ်ဆောင်မှုက ညှစ်နိုင်ဖို့အတွက် လိုအပ်တဲ့အချက်တစ်ခုတော့ မဟုတ်ပါဘူး။ ဒီလိုလုပ်ဆောင်မှုကြောင့် အကာအကွယ်ပေးနိုင်မှုကို လျှော့ချပေးပြီးတော့ ချောကျိကျိလည်း ဖြစ်သွားစေပါတယ်။

HTC ဟာ သူ့ရဲ့ USonic noise-canceling headphone နဲ့ Hi-Res Audio အကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။ သူတို့မှာ ဘာတွေ ပါဝင်မလဲဆိုတာကတော့ မရှင်းလင်းသေးပါဘူး။ အသေးစားအချက်အလက်တွေအတွက်ကတော့ U11 EYEs မှာ USB Type-C ကို 2.0 speeds ၊ 802.11ac Wi-Fi ပါဝင်ပါလိမ့်မယ်။ FDD-LTE bands တွေမှာတော့ 1, 3, 4, 5, 7, 8, 12, နဲ့ 17 ပါဝင်မှာဖြစ်ပြီး TDD-LTE bands မှာတော့ 34, 38, 39, 40, နဲ့ 41 ပါဝင်မှာပါ။ VoLTE ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

ဇန်န၀ါရီ ၁၅ရက်နေ့မှ ဇန်န၀ါရီ ၂၅ရက်အတွင်း ၀ယ်မယ်ဆိုရင်တော့ ¥99 နဲ့ အော်ဒါတင်မယ်ဆိုရင် ¥300 သက်သာနိုင်ပါတယ်။ ပုံမှန်အရ ¥3299 ဖြစ်တဲ့အတွက် နောက်ဆုံးပေးရမယ့်ဈေးကတော့ ¥2999 ပဲ ထပ်ပေးရတော့မှာပါ။ ပထမဆုံးအော်ဒါတင်တဲ့ ၃၆ယောက်ကိုတော့ “loveroseonly” flower box လေးကိုလည်း ပေးအပ်သွားဦးမှာပါ။ တကယ်လို့ ပထမဆုံးမှာယူတဲ့ ၁၅၀ ထဲမှာပါဝင်ရင်လည်း USB-C ကနေ 3.5mm ပြောင်းလဲနိုင်တဲ့ adapter လေး လက်ဆောင်ရရှိမှာပါ။ ဒါကြောင့် ဒီဟာလေးကတော့ ဘူးထဲမှာမပါဝင်လောက်တာ သေချာပါတယ်။  အော်ဒါမှာထားတဲ့သူတွေကတော့ HTC ရဲ့ နှစ်၂၀ပြည့် အထိမ်းအမှတ်ရှပ်လေးကိုလည်း ရနိုင်မှာဖြစ်ပြီး အရောင်ကတော့ အဖြူအမည်း နှစ်မျိုးလာမှာပါ။ နောက်ပြီး မှန်ကပ်စတစ်ကာလေးလည်း ရဦးမှာ ဖြစ်ပါတယ်။

ဒီဖုန်းကိုတော့ ဇန်န၀ါရီ ၁၅ရက်နေ့မှာ ကြေညာမှာဖြစ်ပြီးတော့ စိတ်မကောင်းစရာတစ်ခုကတော့ အသစ်အဆန်းကြားရတော့မှာ မဟုတ်ပါဘူး။ ပြောမယ့်အကြောင်းအရာအားလုံး ဒီထဲမှာ ပါပြီးနေပါပြီ။