Fingerprint Scanner ကိုဘေးဘက်မှာတပ်ဆင်ထားသည့် အသွင်သစ်နှင့် Meizu M6s

0
1613

2018 ခုနှစ်အတွင်းမှာ Meizu ရဲ့ပထမဦးဆုံးစမတ်ဖုန်းသစ်ဖြစ်တဲ့ M6s ကတော့ ယနေ့ 17.1.2018 မှာစတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
အဆိုပါဖုန်းမှာ မျက်နှာပြင်အကျယ် ၅.၇ လက်မ HD+ Resolution ရှိတဲ့ 18:9 Full Screen Display ပါဝင်ပါတယ်။
M6s ဟာ Meizu ရဲ့ပထမဦးဆုံးသော Exynos Chipset ကိုအသုံးပြုထားတဲ့စမတ်ဖုန်းလည်းဖြစ်ပါတယ်။ ၄င်းဖုန်းမှာ Samsung ရဲ့ Exynos 7872 Chipset အမျိုးအစားကိုတပ်ဆင်ထားပြီး Storage 64GB နဲ့ RAM 3GB ပါဝင်မှာဖြစ်ပါတယ်။

Meizu M6s မှာ Fingerprint Scanner ကို ဖုန်းရဲ့ကျောဘက်မှာမထားပဲ ဘေးဘက်ပါဝါခလုတ်ရဲ့အောက်နားမှာထည့်သွင်းလိုက်တာဟာ Sony ရဲ့ ဒီဇိုင်းနဲ့တော့တူနေပါတယ်။ဒီလိုထားရှိရတဲ့အကြောင်းအရင်းကတော့ ဖုန်းကို Unlock ပြုလုပ်ဖို့အတွက် ဘေးဘက်က ခလုတ်ကိုနှိပ်တာဟာ ကျောဘက်မှာရှိတဲ့ Scanner ကိုသွားနှိပ်တာထက်စာရင်ပိုပြီးမြန်ဆန်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါ Fingerprint ပွင့်ရန်ကြာချိန်ကတော့ ၀.၂ စက္ကန့်သာကြာမြင့်မှာဖြစ်တဲ့အတွက် အတော်လေး မြန်ဆန်တဲ့နှုန်းတစ်ခုလို့ဆိုရမှာပါ။

M6s ဟာ Fingerprint ထက် ၄င်းတို့ရဲ့နည်းပညာအသစ်တစ်ခုလို့ဆိုရမယ့် Super mBack feature ဆိုတဲ့ mTouch အစားထိုး Halo လို့အမည်တွင်တဲ့ ခလုတ်ကိုပိုပြီးအသားပေးဖ်ာပြတာကိုတွေ့မြင်ရပါတယ်။ အဆိုပါခလုတ်ဟာ M6s ရဲ့ အဓိက Gesture အဖြစ်ရှိနေပြီး ပုံမှန် Android မှာပါဝင်တဲ့ မူလ Navigation Bar ( Menu ၊ Home ၊ Back ) ခုတ် ၃ခုကိုအစားထိုးပြင်ဆင်ထားတာဖြစ်ပါတယ်။
အသုံးပြုသူအနေနဲ့ ဒီစနစ်ကိုသဘောမကျလို့ပဲဖြစ်ဖြစ် ရင်းနှီးမှုမရှိသေးရင်ပဲဖြစ်ဖြစ် သာမန် Navigation Bar ကိုအလွယ်တစ်ကူပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။

M6s မှာ အခြား Specifications တွေအနေနဲ့ 3,000mAh ရှိတဲ့ Battery ကိုတပ်ဆင်ထားမှာဖြစ်ပြီးအဆိုပါ မိနစ်၃၀အတွင်း အား 52% အထိလျှင်မြန်စွာသွင်းပေးနိုင်မယ့် Quick Charge စနစ်လည်းပါဝင်တယ်လို့ဆိုပါတယ်။ Camera ပိုင်းကတော့ Dual Camera မဟုတ်ပဲ Main Camera 16MP နဲ့ Self Camera 8MP ပါဝင်မှာဖြစ်သလို ၄င်းအတွက်တော့ အထူးတလည်ဖော်ပြခဲ့ခြင်းမရှိပါဘူး။