Apple နဲ့ Huawei ထက် ပိုကောင်းတဲ့ AI chip ကို ၂၀၁၈ နှစ်ဝက်တွင် Samaung ထံမှ မြင်နိုင်ချေရှိ

0
1921

 

Samsung ဟာ သူ့ရဲ့ပထမဆုံး AI chip ကို ဒီနှစ်နှောင်းပိုင်းမှာ အသုံးချဖို့ အဆင်သင့်ဖြစ်နေပါပြီ။

Samsung ရဲ့ AI လုပ်ဆောင်ချက်တွေကိုတော့ ဒီနှစ် MWC မှာ Galaxy S9 နဲ့ ပြသနိုင်ချေရှိပါတယ်။

လာမယ့် Galaxy Note 9 မှာလည်း AI နည်းပညာနဲ့ပတ်သတ်လို့ အတော်လေး အာရုံစိုက်ထားမယ်လို့ မျှော်လင့်ရပါတယ်။Samsung ကတော့ သူ့ရဲ့ပထမဆုံးသော neural processing units (NPUs) (AI chip လို့ လူသိများတဲ့) ကို ပြီးမြောက်အောင်မြင်သွားပြီ ဖြစ်ပါတယ်။ ဒီchip ကိုတော့ သူ့ရဲ့လာမယ့်စမတ်ဖုန်းတွေမှာ ထည့်သွင်းသွားမှာဖြစ်ပြီးတော့ ပြိုင်ဘက်ရဲ့ဟန်းဆက်တွေနဲ့ ကွဲပြားမှုတွေဖြစ်ပေါ်အောင် ကူညီပေးပါလိမ့်မယ်။

လက်ရှိမှာတော့ Samsung ဟာ သူ့ရဲ့အဓိကပြိုင်ဘက်တွေဖြစ်တဲ့ Apple နဲ့ Huawei တို့နောက်မှာကျန်နေခဲ့ပါတယ်။ သူတို့တွေကတော့ NPUs တွေနဲ့ မိတ်ဆက်ပြီး ဖြစ်ပါတယ်။ Apple ဟာ iPhoneX ကို NPU ထည့်သွင်းထားပြီးတော့ facial recognition နဲ့ animated emoji တို့ကို စတင်မိတ်ဆက်ခဲ့တာပါ။ Huawei ကလည်း Mate 10 Pro မှာ NPU ကို ထည့်သွင်းပြီးတော့ သင့်ရဲ့အမူအကျင့်တွေကို တစ်ချိန်လုံးစောင့်ကြည့်သင်ယူနေမှာ ဖြစ်ပါတယ်။

ဈေးကွက်ကိုနောက်ကျမှရောက်ပေမယ့် “Samsung ဟာ Apple နဲ့ Huawei ထက် နည်းပညာအဆင့် အတော်လေးရောက်ရှိခဲ့ပြီးသားပါ။ ဒါကြောင့် ဒီနှစ်ဝက်လောက်မှာ ပိုကောင်းတဲ့ chip တွေနဲ့ ထွက်ပေါ်လာနိုင်ပါတယ်” လို့ AI ကျွမ်းကျင်သူတစ်ယောက်က သုံးသပ်ထားပါတယ်။ Samsung ရဲ့ chip တွေဟာ တစ်စက္ကန့်ကို 600 giga operation လုပ်ဆောင်နိုင်တဲ့ Apple ၊ 4 tera operation လုပ်ဆောင်နိုင်တဲ့ Huawei ထက်လည်း လုပ်ဆောင်နိုင်စွမ်း ပိုမိုများပြားမယ်လို့ ဆိုထားပါတယ်။

သူကပဲ Samsung ဟာ သူ့ရဲ့ AI နည်းပညာအသစ်ကို February 25 မှာ ကျင်းပမယ့် MWC 2018 မှာ Galaxy S9 နဲကအတူ ပြသလိမ့်မယ်လို့ ဆိုထားပါတယ်။

Samsung ဟာ သူ့ရဲ့ AI ပရောဂျက်တွေကို တောင်ကိုးရီးယားတက္ကသိုလ်တွေရဲ့ ပရော်ဖက်ဆာတေ၊သုတေသီတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပိုမိုလုံခြုံစိတ်ချ၊ ပိုမိုအကျိုးရှိတဲ့chip တွေကို ဈေးကွက်ထဲဖြန့်နိုင်လောက်ပါတယ်။

စမတ်ဖုန်းAI ဟာ အခုမှစတင်တာဖြစ်ပေမယ့်လည်း ၂၀၁၈ကိုတော့ တုန်လှုပ်အောင်လုပ်ဆောင်နိုင်ကြပါလိမ့်မယ်။ NPU နည်းပညာဟာ စက်တင်ဘာမှာlaunch လုပ်မယ့် Galaxy Note 9 မှာ ထည့်သွင်းနိုင်တယ်လို့လည်း ထင်ကြေးပေးထားပါတယ်။ Galaxy Note 7 နဲ့ Note 8 တို့လို ကွဲပြားတဲ့ device တွေ ဖြစ်လာနိုင်ပါတယ်။