ကွေးခေါက်လို့ရတဲ့ စမတ်ဖုန်းသစ်တစ်မျိုးကို CES 2018 မှာတိတ်တဆိတ်ပြသခဲ့တဲ့ Samsung

0
1855
Samsung ဟာ CES 2018 ပွဲမှာ အားလုံးမျှော်လင့်ခဲ့သလို Samsung Galaxy S9 နဲ့ S9+ တို့ကိုထုတ်ဖော်ပြဿခဲ့ခြင်းမရှိပဲ အိမ်သုံး Electronic Smart Product များဖြစ်တဲ့ Smart TV များ ၊ ကွန်ပျူတာများနှင့် အခြား အသုံးအဆောင်ပစ္စည်းတွေကိုသာ မိတ်ဆက်ပြသခဲ့ပါတယ်။ဒါပေမယ့် CES မှာသီးသန့်ကျင်းပတဲ့ Private Meeting မှာတော့ ကွေးခေါက်လို့ရတဲ့ စမတ်ဖုန်းတစ်မျိုးကို ထုတ်ဖော်ပြသခဲ့ပြီး အဆိုပါဖုန်းရဲ့အမည်ဟာ Foldable Smartphone လို့ခေါ်တွင်ကြောင်းသိရှိရပါတယ်။
 
ဒီလိုကွေးနိုင်ခေါက်နိုင်တဲ့စမတ်ဖုန်းနည်းပညာဟာ အခုမှထွက်ပေါ်လတာတော့မဟုတ်ပါဘူး။ Samsung ရဲ့ရှေ့မှာ LG နဲ့ Lenovo တို့ရဲ့ Foldable Smartphone တွေရဲ့ရှေ့ပြေးနမူနာဒီဇိုင်းနဲ့လုပ်ဆောင်ချက်တွေကို Online Video တွေကတစ်ဆင့် မကြာခဏဆိုသလိုတွေ့မြင်ဖူးနေကြဖြစ်မှာပါ။ ဒါပေမယ့် လက်တွေ့မှာကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာနိုင်တဲ့အထိတော့ ဘယ်သူမှစွမ်းဆောင်နိုင်ခြင်းမရှိသေးတာကိုတွေ့ရမှာဖြစ်ပါတယ်။ Samsung အနေနဲ့လည်း အဆိုပါနည်းပညာကို ယခုမှ စတင်မိတ်ဆက်တာမဟုတ်ပဲ မနှစ်ကကျင်းပဲခဲ့တဲ့ CES 2017 မှကတည်းက Private Meeting မှစတင်ပြသခဲ့တာဖြစ်ပါတယ်။ ယခု ပြသခဲ့တဲ့အချိန်မှာတော့ အရင်ကဖုန်းထက် ပိုမိုအဆင့်မြှင့်တင်မှုများစွာပြုလုပ်ထားတယ်လို့ဆိုပါတယ်။
 
Samsung ရဲ့ Foldable ဖုန်းဟာ ရာဘာပေတံတစ်ချောင်းလို အတွင်းရော အပြင်ဘက်ပါ ကွေးခေါက်နိုင်မှာဖြစ်ပြီး ယခုလိုကွေးခေါက်နိုင်ရန်အတွက်တော့ Plastic Material တွေနဲ့ပြုလုပ်ထားဖွယ်ရှိကြောင်း BusinessKorea အဖွဲ့ကခန့်မှန်းပြောဆိုခဲ့ပါတယ်။ အဆိုပါဖုန်းရဲ့ကွေးညွှတ်နိုင်တဲ့ပမာဏကတော့ အတွင်းဘက်ကို Curvature 1R (0.1mm) နဲ့ အပြင်ဘက်ကို 5R (0.1)mm အထိကွေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ၄င်းဖုန်းကိုတွေ့မြင်သူများအနေနဲ့ Samsung ရဲ့ Galaxy X ဖုန်းလို့ တင်စားနေကြပါတယ်။
Samsung ရဲ့ Galaxy X စမတ်ဖုန်းအသစ်ကိုတော့ ထူးခြားတဲ့စမတ်ဖုန်းတစ်လုံးအနေနဲ့တွေ့မြင်ရမယ်လို့ဆိုထားပြီး Samsung အနေနဲ့ Apple အပေါ် ဘယ်လိုဆန်းသစ်မှုတွေဖန်တီးပြီး ကျော်တက်မလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။