ZTE ဟာ 5G နည်းပညာ အသုံးပြု ပထမဆုံး ဖုန်း ဖြစ်လာဖွယ်ရာ ရှိနေ

0
1850

ZTE ဟာ ၂၀၁၉ အစောပိုင်းမှာ 5G စမတ်ဖုန်းကို ယူအက်စ်ဈေးကွက်တင်သွင်းဖို့စီစဉ်ထားတယ် လို့ သိရပါတယ်။

ZTE မှာ CES 2018 ပွဲကို ပြသဖို့တစ်ခုမှမရှိပေမယ့်လည်း သူတို့ဟာ ယူအက်စ်ဈေးကွက်အတွက် စီမံကိန်းအကြီးစားကြီးတွေ ရှိပါတယ်။ Bloomberg နဲ့အင်တာဗျူးမှာ ZTE ရဲ့ အမှုဆောင်တစ်ဦးဖြစ်သူ Lixin Cheng ဟာ 5G ထောက်ပံ့ပေးနိုငတဲ့ စမတ်ဖုန်းကို ယူအက်စ်ဈေးကွက်အတွက် ၂၀၁၈ အဆုံးပိုင်း ဒါမှမဟုတ် ၂၀၁၉အစောပိုင်းမှာ ဖြန့်ချိပေးနိုင်ဖို့ စီစဉ်ထားကြောင်း ပြောခဲ့ပါတယ်။

ဒါပေမယ့် အချိန်အတိုင်းအတာဟာ လာမယ့်လတွေမှာ 5G network ရဲ့မြန်ဆန်တိုးတက်မှုအပေါ် မူတည်နေတာကတော့ ငြင်းမရတဲ့အမှန်တရားတစ်ခုပါ။ အမေရိကန်ရဲ့ အကြီးဆုံး carrier နှစ်ခုဖြစ်တဲ့ Verizon နဲ့ AT&T ကတော့ 5G network ကို ၂၀၁၈ နှစ်ကုန်မှာ စတင်ဖို့ ကြေညာပြီးသားပါ။

Sprint ကတော့ 5G ၀န်ဆောင်မှုကို ၂၀၁၉ နောက်ပိုင်းမှ စတင်ဖို့ရည်ရွယ်ထားပြီး T-Mobile ဟာ5G network ကို ၂၀၂၀မှာ စတင်အသုံးပြုမှာဖြစ်ပါတယ်။ ဒါကြောင့် ခန့်မှန်းရသလောက် Verizon၊ AT&T နဲ့ Sprint တစ်ခုခုနဲ့ တွဲဖက်ထုတ်နိုင်ပါတယ်။

ZTE ရဲ့ Axon M မျက်နှာပြင်နှစ်ဖက်ပါတဲ့စမတ်ဖုန်းကိုတော့ AT&T နဲ့ တွဲဖက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ယူအက်စ် carriers တွေနဲ့တော့ မစိမ်းပါဘူး။

ZTE ဟာ လက်ရှိမှာ ယူအက်စ်ဈေးကွက်မှာ Huawei အထက်ရောက်နေပေမယ့်လည်း သူ့အတွက်တော့ အနာဂတ်မှာစိန်ခေါ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ယူအက်စ်ကိုယ်စားလှယ် Michael Conaway ကတော့ Huawei ဒါမှမဟုတ် ZTE ထုတ်လုပ်တဲ့ပစ္စည်းတွေကို ဖြန့်ချိနေတဲ့သူတွေအနေနဲ့ လုံခြုံရေးအကြောင်းပြချက်အတွက် အစိုးရရဲ့ ကန့်သတ်ချက်တွေရှိနေနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဘေလ်အောင်မြင်ခဲ့မယ်ဆိုရင်တော့ ZTE အနေနဲ့ ယူအက်စ်မှာ ရောင်းချခွင့်ရနိုင်ပါသေးတယ်။ ယူအက်စ်အစိုးရနဲ့ တွဲဖက်လုပ်ဆောင်နေတဲ့ ကုမ္ပဏီကတော့ ZTE နဲ့ Huawei ကို ပိတ်သိမ်းအောင် လုပ်ဆောင်ကြမှာပါ။

5G အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေအတွက် ZTE ဟာ 5G tablet ၊ အိမ်သုံးအတွက် wireless-internet hub ကိုလည်း ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။

ZTE ဟာ Samsung ၊ Apple တို့လို 5G စမတ်ဖုန်းထုတ်လုပ်မယ့်သူတွေကို ကျော်တက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ZTE မှာ 5G စံနှုန်းလုပ်ဆောင်ချက်တွေမှာ တက်တက်ကြွကြွပါဝင်နေတဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် modem  နဲ့ Qualcomm၊ Intel တို့ဆီက အစိတ်အပိုင်းတွေ ရနိုင်ဖို့ မသေချာမှုတွေက အားနည်းချက် ဖြစ်လာနိုင်ပါတယ်။