GooglePlya Store မှာရှိတဲ့ App တွေကိုလေ့လာစောင့်ကြည့်နေသူတွေဟာ ၄င်း PlayStore မှာရှိတဲ့ ဂိမ်း၆၀ ခန့်လောက်မှာ Mwlware တွေပါဝင်နေကြောင်းတွေ့ရှိခဲ့ပါတယ်။ အဆိုပါ Malware တွေထဲကမှ အဆိုးဆုံးတစ်ခုကတော့ AdultSwine ဆိုတဲ့ App တစ်ခုဖြစ်ပြီး Google က သီးသန့်သတ်မှတ်ပေးထားတဲ့ ကလေးဆော့တဲ့ Game တွေ Download ပြုလုပ်တဲ့နေရာမှာပါဝင်နေတာဖြစ်ပါတယ်။
အဆိုပါ App ဟာ Download ဆွဲလိုက်တဲ့ ဂိမ်းအချို့နဲ့ပါဝင်လာမှာဖြစ်ပြီး ဖုန်းပေါ်မှာ အလိုလျှောက် Install ပြုလုပ်မှာဖြစ်ကာ အသုံးပြုသူအား Pop-up ads တွေနဲ့မြူဆွယ်ဖျားယောင်းမှာဖြစ်ပါတယ်။ မသိနားမလည်တဲ့သူတွေကို ၄င်းတို့ရဲ့ Premium Service ကို ငွေပေးသွင်းပြီး Register ပြုလုပ်ခိုင်းတဲ့အထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ရှာဖွေတွေ့ရှိရပါတယ်။ နောက်ထပ် ဆိုးဝါးတဲ့အကြောင်းအရာတစ်ခုကတော့ သင့်ရဲ့ဖုန်းဟာ Virus ကိုက်ခံနေရတယ်လို့ သတိပေးချက်တွေမကြာခဏဆိုသလိုပေါ်လာမှာဖြစ်ပြီး Virus ကို Remove လုပ်ဖို့အတွက် Software တွေကိုထပ်မံ Download ပြုလုပ်ခိုင်းဦးမှာဖြစ်ပါတယ်။
Updte News
ယခုအခါမှာတော့ Google ကနေ အဆိုပါ App ကိုဖယ်ရှားလိုက်ပြီဖြစ်ပြီး အဆိုပါ App ကိုထည့်သွင်းခဲ့တဲ့ Developer ရဲ့အကောင့်ကိုလည်း အပြီးပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူအရာရှိက သတင်းထုတ်ပြန်ခဲ့ပါတယ်။