Gadget Trending

Google ရဲ့ Arts & Culture app က သင်နဲ့တူတဲ့ အနုပညာရှင်ကိုဖော်ပြပေးနိုင်

သင့်ရဲ့ portrait ပုံကို သိမ်းထားတဲ့ ပြတိုက်တချို့ရှိနေမလားဆိုပြီးတော့ စဉ်းစားဖူးပါသလား။ ဒါမှမဟုတ် ၁၆ရာစုနှစ်တုန်းကအ၀တ်အစားတွေနဲ့ သင်ပုံစံကိုမြင်ချင်တာတို့ ဘာတို့ပေါ့။ ဒါမှမဟုတ်လည်း သင်ဟာမိုနာလီဇာဝင်စားတဲ့သူများ ဖြစ်နေလေမလားဆိုပြီး သံသယ၀င်ဖူးသလား။ ဒီအချက်တွေကို သင့်သူငယ်ချင်းတွေကိုလည်း သက်သေပြနိုင်မှာ မဟုတ်ပါဘူး။ ဒီမေးခွန်းပေါင်းများစွာက သင့်ကိုညဘက်အိပ်ရေးပျက်နေစေသလား။ ဒီအရေးတွေကို ဖြေရှင်းပေးဖို့ Google ရဲ့ အင်ဂျင်နီယာတွေက လုပ်ဆောင်ပေးမယ်ဆိုရင်ရော သင်ပျော်လောက်သွားပါတယ်။

Google ရဲ့ Arts & Culture app ဟာ တကယ်တော့ ပညာရေးအတွက် ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် မကြာသေးခင်က update ကတော့ သူ့ကို selfie-matching game အဖြစ် ပြောင်းသွားစေပါတယ်။ Google ရဲ့ face-recognition algorithm တွေကို အသုံးပြုပြီးတော့ အဲဒီ app ဟာ သင့်ရဲ့ portrait နဲ့ အကောင်းဆုံးကိုက်ညီတဲ့ပုံကို ပြတိုက်တွေထဲက ပန်းချီအနုပညာတွေနဲ့ တိုက်ဆိုင်စစ်ဆေးပေးမှာပါ။ ဒီ app ကတော့ အသစ်အဆန်းမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက ထွက်ရှိခဲ့တာပါ။ ဒါပေမယ့် ဒီဂိမ်းလေးကတော့ အတော်လေးခေတ်ထသွားပါတယ်။ ဒီ app လေးကိုစမ်းသုံးချင်တယ်ဆိုရင်တော့ Android ရော iOS မှာပါ အသုံးပြုနိုင်ပါတယ်။

ဒီ feature ကို စမ်းသပ်ကြည့်မယ်ဆိုရင်တော့ ‘Home’ tab အောက်မှာ အပေါ်မှာပြထားသလို မမြင်ရခင်အထိ ဆွဲချလိုက်ပါ။ ဒါပေမယ့်လည်း ဒီ feature ဟာ တချို့ဒေသတွေနဲ့ နိုင်ငံတွေမှာတော့ မရနိုင်သေးတာ စိတ်မကောင်းစရာပါပဲ။

တူတဲ့ပုံတွေကို ရှာဖွေပေးတဲ့နေရာမှာတော့ အတော်လေးကောင်းမွန်ပါတယ်။ ဒါပေမယ့် ကျွန်တော့အတွက်တော့ ၄၀% ထက်ပိုပြီးတော့ တူတာကိုမတွေ့ခဲ့ပါဘူး။ တိရိစ္ဆာန်အများစုနဲ့တော့ စမ်းလို့မရခဲ့ပေမယ့်လည်း Russell Crowe နဲ့တူတဲ့ ပါပီလေးတစ်ကောင်တော့ ရှိတာကိုတွေ့ရပါတယ်။

Google Arts & Culture ကတော့ အခမဲ့ဒေါင်းလုတ်ဆွဲပြီး အသုံးပြုနိုင်ပါတယ်။ သင်ရော ဘယ်သူနဲ့တူလဲဆိုတာ စမ်းသပ်ပြီးတော့ ကျွန်တော်တို့ကို ဝေမျှပေးပါဦး။

 

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org