8GB RAM နဲ့ ထွက်လာနိုင်သည့် Huawei P11 ရဲ့ Preview

0
1960

ပေါက်ကြားလာတဲ့ပုံတွေဟာ ကျွန်တော်တို့ကို Huawei P11 ရဲ့ ဖြစ်နိုင်တဲ့ ဒီဇိုင်းတွေကို ပြောပြနေသလိုပါပဲ။ ကျွန်တော်တို့အနေနဲ့ Huawei P20 လို့ ပြောသင့်ပါတယ်။ အဲဒီဖုန်းကို ခေါ်မယ့်နာမည်ဖြစ်လာနိုင်လို့ပါ။ တရားဝင်ကြေညာဖို့အတွက်ကတော့ မတ်လအထိ စောင့်ရဦးမှာ ဖြစ်ပါတယ်။

Huawei P11 ဟာ flagship စမတ်ဖုန်းအဖြစ်နဲ့ ထွက်ရှိလာမှာဖြစ်ပြီး ၂၀၁၇ တုန်းက Mate 10 နဲ့ Mate 10 Pro တို့လိုပါပဲ။ Huawei ဟာ စမတ်ဖုန်းတွေကို နှစ်တိုင်းတိုးတက်လာအောင် လုပ်ဆောင်လေ့ရှိပါတယ်။ အခုဆိုရင်လည်း မိုဘိုင်းလ်နယ်ပယ်ကို စိန်ခေါ်မှုတွေ လုပ်ဆောင်လိုက်ပြန်ပါပြီ။

Huawei P11 ဟာ ၂၀၁၇ အစောပိုင်းတုန်းကထွက်ခဲ့တဲ့ Huawei P10 ဟစ်ဖြစ်ဦးမှာပါ။ အဲဒီဖုန်းဟာ မကြာခင်မှာ launch လုပ်တော့မှာပါ။ ဒီတော့ အဲဒီဟန်းဆက်နဲ့ပတ်သတ်ပြီး သင်သိလိုသမျှကို ဒီဆောင်းပါးမှာ ဖော်ပြပေးထားပါတယ်။

Huawei P11 ထွက်ရှိမယ့်ရက်

Huawei P11 ကိုတော့ ၂၀၁၈ အစောပိုင်းမှာ ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ Huawei ရဲ့ ဟန်းဆက်ထုတ်ကုန်လိုင်းမှာ ဒုတိယဥက္ကဌဖြစ်တဲ့ Burce Lee ကတော့ Mobile World Congress မှ ပြသနိုင်လောက်တယ်လို့ ပြောခဲ့ပါတယ်။

ဂျာမနီမှာပြုလုပ်တဲ့ Huawei ရဲ့ ခရစ္စမတ်ပွဲမှာလည်း ၂၀၁၈ ပထမဆုံးသုံးလအတွင်း မြင်ရနိုင်တယ်လို့ ပြောခဲ့ပါတယ်။ MWC 2018 ဟာ ဖေဖော်ဝါရီနောက်ဆုံးအပတ်ဖြစ်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် Huawei ကိုလည်း flagship အသစ်နဲ့ တွေ့မြင်ရနိုင်တယ်လို့ ခန့်မှန်းထားတာမို့ Huawei P11ကို မျှော်မှန်းထားပါတယ်။ P10 ထွက်ထားတာလည်း တစ်နှစ်ပြည့်ပြီဆိုတော့ ဖြစ်နိုင်လောက်ပါတယ်။

Mate 10 နဲ့ Mate 10 Pro phablet တွေကိုလည်း ထုတ်ပြထားပါတယ် ဒါကြောင့် ဖေဖော်ဝါရီ ၂၀၁၈ အတွက် P11 က သေချာနေလောက်ပါပြီ။ Huawei အမှုဆောင်ရဲ့ ပြန်လည်ဖြေကြားချက်အရ MWC ရဲ့ launch ကတော့ သေချာသလောက်ရှိနေပါပြီ။

အခုတော့ Huawei ဟာ MWC launch ကို ကျော်မယ်လို့ သတင်းကြားထားပါတယ်။ ဒါကြောင့် မတ်လအကုန်လောက်လည်း ဖြစ်သွားနိုင်ပါတယ်။

Huawei P11 ဈေးနှုန်း

ဈေးနှုန်းအရဆိုရင်တော့ ဘယ်လိုသတ်မှတ်မလဲ မသိရသေးပါဘူး။ ဈေးကျမယ်လို့တော့ မျှော်မှန်းထားပါတယ်။ Huawei P10 ကတော့ ဒေါ်လာ၇၁၀ ဖြစ်ပြီး ယူအက်စ်မှာတော့ မဖြန့်ချိခဲ့ပါဘူး။

 

Huawei P11 ရဲ့ နာမည်

Huawei P10 ရဲ့နောက်မှထွက်ရှိလာတာမို့ Huawei P11 လို့ ခေါ်နိုင်လောက်ပါတယ်။ ဒါပေမယ့် သက်သေအထောက်အထားတွေအရ Huawei P20 လို့လည်း ခေါ်နိုင်ပါတယ်။ ကောလဟာလတွေထွက်နေတာကတော့ အမျိုးမျိုးပါပဲ။ ဒီတော့ ဘယ်သူ့စကားကို အတည်ပြုရမလဲဆိုတာလည်း အခက်တွေ့နေဆဲပါပဲ။

Huawei P11 ဒီဇိုင်းနဲ့ display

ဘောင်ပျောက်ပရီမီယမ်ဒီဇိုင်း နဲ့ iPhone x နဲ့လည်း ဆင်တူနေမယ့် Huawei P11 မှာတော့ အနောက်မှန်နဲ့ သတ္ထုကိုယ်ထည်ဒီဇိုင်းကို ပုံတွေအတော်များများမှာ မြင်တွေ့ထားပါတယ်။ အပေါ်နဲ့အောက်မှာလည်း ဘောင်တွေကိုနည်းနည်းသာ မြင်နိုင်ပါတယ်။ edge-to-edge display ၊ home button နဲ့ မှန်ဘီလူးသုံးခုပါဝင်တဲ့ အနောက်ကင်မရာကိုလည်း တွေ့မြင်နိုင်ပါတယ်။

ဓါတ်ပုံတွေကို ကြည့်လိုက်မယ်ဆိုရင်တော့ အစောပိုင်းထွက်ခဲ့တဲ့ပုံကြမ်းတွေနဲ့ ဆင်တူတာကို တွေ့နိုင်ပါတယ်။ ဘောင်နည်းနည်း၊ လက်ဗွေရာစနစ်နဲ့ ကင်မရာသုံးလုံးကို အနောက်ဘက်မှာ တွေ့မြင်ရပါတယ်။

Huawei P20 Plus ရဲ့ ပုံတွေကို Weibo မှာမြင်ရတဲ့အချိန်မှာလည်း အဲဒီလိုဒီဇိုင်းပါပဲ။ ဒါပမေယ့် ကင်မရာဒေါင်လိုက်၊ အလျားလိုက်သာ ကွာခြားသွားတာပါ။ နောက်ပြီး Huawei P20 Pro မှာတော့ လက်ဗွေဟာ အနောက်ဘက်ကို ရောက်သွားပြီး ကင်မရာကလည်း အလည်ခေါင် ရောက်သွားပါတယ်။

ဒီဓါတ်ပုံတွေက ပေါက်ကြားလာတာဖြစ်တဲ့အတွက် အမှန်ဆိုတာကိုတော့ ပြောလို့မရသေးပါဘူး။ ဒီဖုန်းနဲ့ပတ်သတ်ပြီးတော့ အတော်လေး ကောလဟာလများပါတယ်။ သတင်းအချက်အလက်ကလည်း ပွထနေပါတယ်။

XDA developer ကတော့ P11 ဟာ ဘောင်ပျောက်ဒီဇိုင်း၊ iPhone X လိုမျိုး အဟိုက်လေး ပါဝင်မယ်လို့ ဆိုထားပါတယ်။ Huawei P11 မျက်နှာပြင်ရဲ့ အပေါ်ပိုင်းဖြတ်တောက်မှုကတော့ အရှေ့ကင်မရာကို ဘယ်လိုထားရှိမလဲဆိုတဲ့ ကိစ္စကိုဖြေရှင်းတဲ့ပုံစံဖြစ်ပါတယ်။

Huawei P11 မှာ 4K display ကို ထည့်သွင်းမယ်လို့လည်း ပြောနေကြပါသေးတယ်။ Huawei ဟာ Full HD panel တွေကိုပဲ ဆက်သုံးမှာလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ Sony Xperia XZ Premium ကို ယှဉ်ဖို့ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာတစ်ခုပါပဲ။

Huawei P11 Face ID

Apple Face ID ထက် ပိုကောင်းတဲ့ Face unlock

iPhone X ဟာ ၂၀၁၇ ကို ရိုက်ခတ်အောင် အတော်လေးပြုလုပ်ခဲ့ပါတယ်။ အဲဒီထဲကအကြောင်းရင်း တစ်ခုကတော့ Face ID ကို မိတ်ဆက်လိုက်ခြင်း ဖြစ်ပါတယ်။ Apple ဟာ Touch ID လက်ဗွေရာစနစ်ကို ဖြုတ်ချပြီးတော့ facing-scanning စနစ်ကို လုပ်ဆောင်ခဲ့တာပါ။ Huawei ကလည်း တရားစွဲထားပါသေးတယ်။

Notebook Italia ရဲ့ အစီရင်ခံစာတစ်ခုမှာတော့ Apple ရဲ့ TrueDepth sensor တွေကို အတုယူပြီးတော့ Face ID စတိုင် လော့ဖွင့်စနစ်ကို ဖန်တီးမယ်လို့ ရေးသားထားပါတယ်။

Huawei P11 ကင်မရာ

အနောက်ကင်မရာမှာ 40MP အထိ အသုံးပြုနိုင်ပြီး လက်တွဲနေကျ Lecia န့ ထပ်မံပူးပေါင်းနိုင်ပါတယ်။

ကင်မရာအကြောင်းတော့ များများစားစားမသိရသေးပေမယ့် Lecia နဲ့ ပူးပေါင်းမယ့်အကြောင်းကတော့ ဖြစ်နိုင်ပါတယ်။ အရှေ့နဲ့ အနောက်ကင်မရာတွေမှာလည်း ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ အနောက်ဘက်မှာ len သုံးခုရှိနိုင်ပြီး ဒီဂျစ်တယ်ပန်းချီဆရာတစ်ယောက်ရဲ့ ပုံတွေအရ အနောက်ဘက်မှာ lense သုံးခုရှိပြီးတော့ 40MP လောက်အထိ အရည်အသွေးမြင့်မားနိုင်ပါတယ်။ ဒါကြောင့် 5x hybrid zoom ကို ထောက်ပံ့ပေးနိုင်လောက်ပါတယ်။

အရှေ့ကင်မရာဟာလည်း 24MP sensor ပါဝင်မှာဖြစ်လို့ Huawei P10 တုန်းက 8MP ကင်မရာထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားတာကို တွေ့မြင်ရမှာပါ။ ဖုန်းရဲ့အနောက်ဘက်မှာ lens သုံးခုတပ်ထားတဲ့ပုံတွေကိုလည်း အတော်လေးမြင်ခဲ့ရပါတယ်။

Huawei P11 ပါဝါ

 

တရုတ်နိုင်ငံမှ အစီရင်ခံစာတစ်ခုအရ P11 ဟာ နောက်ဆုံးပေါ် Kirin 970 chipset ကို အသုံးပြုမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ chipset ကတော့ Huawei Mate 10 နဲ့ Huawei Mate 10 Pro မှာ အသုံးပြုခဲ့တဲ့ chipset ဖြစ်ပါတယ်။ Huawei ဟာ chipset နည်းပညာအသစ်ကို Mate လိုင်းတွေနဲ့ မိတ်ဆက်ပြီးတော့ P လိုင်းမှာ အသုံးပြုတတ်တာမို့ ဒီတစ်ခေါက်လည်း အဲဒီလိုဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီအစီရင်ခံစာကပဲ 8GB RAM ကို အသုံးပြုမယ်လို့ ဆိုထားပါတယ်။ အဲဒီပမာဏဟာ ဒီနှစ်ရဲ့ OnePlus 5 နဲ့ OnePlus 5T တို့မှာ အသုံးပြုခဲ့တာပါ။ မှန်သလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Huawei P11 မှာ ကျွန်တော်တို့မြင်ချင်တာက အချိန်နဲ့အမျှ သတင်းတွေထွက်လာပေမယ့် မြင်ချင်တာလေးတွေကို ထပ်ဖြည့်ချင်ပါတယ်။

၁။ Voice Assistant

Huawei P10 ဟာ ယူအက်စ်အတွက်ထုတ်ထားတဲ့ Huawei Mate 9 မှာရခဲ့တဲ့ Amazon Alexa ကိုတော့ လွယ်လွယ်သုံးလို့မရလောက်ပါဘူး။ လက်ရှိမှာတော့ Google Assistant ကလည်း မရနိုင်သေးပါဘူး။ Google Assistant မရတာကတာ့ ရှက်စရာပါပဲ။ ဒါပေမယ့် Huawei ဟာ Google ရဲ့ အကူအညီကို နောက်ပိုင်းမှာ ယူသွားဖို့ စိတ်ကူးထားပါတယ်။ ဒါကြောင့် ဒီဖုန်းမှာ အသုံးပြုလို့ရနိုင်မလားဆိုတာကတော့ ဖုန်းကို launch လုပ်ရင် အဖြေပေါ်မှာပါ။

၂။ ဘတ်ထရီသက်တမ်း

Huawei P10 ရဲ့ ဝေဖန်သံညံတဲ့အကြောင်းရင်းတစ်ခုကတော့ ဘတ်ထရီကြောင့် ဖြစ်ပါတယ်။ဒါကြောင့် P11 မှာတော့ အားစိုက်ထုတ်ထားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

၃။ ပိုကောင်းတဲ့ ၀ယ်သင့်တဲ့အကြောင်းအရင်း

Huawei P10 ရဲ့ ပြဿနာကြီးကတော့ ၀ယ်စရာအကြောင်းရင်း မရှိတာပါ။ ဒီဖုန်းကို ဘာကြောင့်ဝယ်သင့်တယ်ဆိုတာမျိုး ရှိသင့်ပါတယ်။ Samsung နဲ့ Apple တို့ ပေးစွမ်းနေသလိုမျိုး feature တွေထည့်ခြင်းက ၀ယ်ချင်အောင် စွမ်းအောင်ပေးနိုင်ပါတယ်။

၎။ ဈေးသက်သာခြင်း

Huawei ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ဈေးနှုန်းတွေတက်လာပါတယ်။ P 10 ကတော့ ဈေးအကြီးဆုံးဖုန်းတစ်လုံးထဲမှာ ပါလာခဲ့ပါတယ်။Huawei P11 ကတော့ ဈေးနှုန်းချပေးလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ ဒါမှလည်း အခြားသော flagship ဖုန်းတွေနဲ့ ယှဉ်လိုက်ရင် အဆင်ပြေမယ်လို့ မျှော်လင့်ရပါတယ်။

၅။ Google Daydream ထောက်ပံ့မှု

Huawei P10 မှာတော့ virtual reality headset တွေနဲ့ အလုပ်မလုပ်နိုင်ပါဘူး။ Google Daydream View headset တွေနဲ့ ချိတ်ဆက်ပြီးတော့ ကြည့်နိုင်အောင် လုပ်ဆောင်ပေးသင့်ပါတယ်။Huawei ဟာ virtual reality headset တွေကို လုပ်ဆောင်နေတယ်လို့ အတည်ပြုခဲ့ပြီးသားပါ။ ဒါပေမယ့် တရားဝင်ကြေညာချက်တော့ ထွက်မလာသေးတာက ဆိုးနေတာပါ။

၆။ ယူအက်စ်အတွက် ဖြန့်ချိမှု

တော်တော်လေး ရိုးရှင်းပါတယ်။ ဒါပေမယ့် Huawei P10 ကို ယူအက်စ်မှာ တရားဝင်မဖြန့်တာကတော့ တော်တော်လေး ရှက်စရာပါပဲ။ P11 ကိုတော့ မြင်ချင်ပါတယ်။ ယူအက်စ်မှာလည်း Huawei ဖုန်းကို မျှော်လင့်နေတဲ့သူတွေ ရှိပါတယ်။ ဘာကြောင့် သူတို့ကို ၀ယ်ခွင့်မပေးရမှာလဲ။