ေဆာင္းရာသီအိုလံပစ္အတြက္ ထုတ္လုပ္ေပးထားတဲ့ Galaxy Note 8

0
918

Zawgyi Version

Samsung ဟာ special edition Galaxy Note 8s ကို အိုလံပစ္ျပိဳင္ပြဲ၀င္ေတြအတြက္ အလံုးေရ ၄၀၀၀ ေက်ာ္ ထုတ္လုပ္ေပးခဲ့ပါတယ္။

အေနာက္ဘက္အျဖဴ၊ S-Pen အျဖဴ၊ ေရႊေရာင္အနားသတ္နဲ႕ custom software theme ကို ထည့္သြင္းထားပါတယ္။

ဒါေပမယ့္ သာမန္သံုးစြဲသူေတြအတြက္ ထုတ္ေပးမလားဆိုတာကေတာ့ မေျပာခဲ့ပါဘူး။

၂၀၁၈ ေဆာင္းရာသီအိုလံပစ္ကေတာ့ နီးလာပါျပီ။ ေဖေဖာ္၀ါရီကိုးရက္ေန႕မွာ စတင္မွာျဖစ္ျပီးေတ့ ေတာင္ကိုရီးယား PyeongChang မွာ က်င္းပမွာပါ။ ဂိမ္းေတြကိုလက္ခံက်င္းပဖို႕အတြက္ Samsung ဟာ ျပိဳင္ပြဲ၀င္ေတြနဲ႕ ၀န္ထမ္းေတြကို Galaxy Note 8 ရဲ႕ ဗားရွင္းအသစ္ကို ထုတ္လုပ္ေပးအပ္ခဲ့ပါတယ္။

Galaxy Note 8 Winter Olympics edition ကေတာ့ Note 8 ကို အေနာက္ဘက္အျဖဴေရာင္နဲ႕ ပထမဆံုးျမင္ရတဲ့ဗားရွင္းပါ။ ေဆာင္းရာသီကို ကိုယ္စားျပဳတဲ့အေနနဲ႕ ထည့္သြင္းထားျပီး ေရႊေရာင္အနားသတ္၊ custom Olympics theme ေတြလည္း ျမင္ႏုိင္ပါတယ္။ အျဖဴေရာင္ S-Pen ေလးကိုလည္း ထည့္သြင္းထားပါေသးတယ္။ Samsung အေနနဲ႕ တခုခုေမ့ေနတာမ်ားရွိေနဦးမလားလို႕ ကၽြန္ေတာ္ေတြးေနမိပါတယ္။

အလံုးေရ ၄၀၀၀ ေက်ာ္ကို ဒီပြဲအတြက္ထုတ္လုပ္မွာျဖစ္ျပီးေတာ့ ပါရာလန္ပစ္အားကစားသမားေတြကလည္း ပါရာလန္ပစ္လိုဂိုနဲ႕ ဗားရွင္းကို ရႏုိင္မွာပါ။

Samsung အတြက္ ဒါဟာ စီးပြားေရးအကြက္အၾကီးစားျဖစ္ႏုိင္ပါတယ္။ သူ႕ရဲ႕ထုတ္ကုန္ေတြကို အားကစားသမားေတြလက္ထဲမွာ ကိုင္ထားတဲ့ပံုကို ဓါတ္ပံုေတြ၊ ဗြီဒီယိုေတြရိုက္ကူးႏုိင္ျခင္းဟာလည္း ကုန္က်စရိတ္နည္းနည္းနဲ႕ ျဖန္႕ေ၀မႈမ်ားမ်ား ျပဳလုပ္ႏုိင္မွာလည္း ျဖစ္ပါတယ္။

အိုလံပစ္မွာ Samsung ပါ၀င္ခဲ့တဲ့ႏွစ္အေနနဲ႕ ပထမဆံုးေတာ့ မဟုတ္ေတာ့ပါဘူး။ ၂၀၁၆ တုန္းကလည္း Samsung S7 Edge ရဲ႕ အိုလံပစ္ဗားရွင္းကို ထုတ္လုပ္ေပးခဲ့ဖူးပါတယ္။ ဒီဖုန္းကိုေတာ့ အမ်ားျပည္သူေတြကိုလည္း ေရာင္းခ်ေပးခဲ့ပါတယ္။ ေစ်းႏႈန္းကေတာ့ ပံုမွန္ဗားရွင္းထက္ ေဒၚလာ၁၀၀ ပိုမ်ားပါတယ္။ ဒါေပမယ့္ အခု Note 8မွာေတာ့ ေရာင္းခ်ေပးမလားဆိုတာ မသိရေသးပါဘူး။

သင္ဆိုရင္ေရာ ေစ်းပိုမ်ားတဲ့ အခုဗားရွင္းကို ကိုင္ခ်င္ပါသလား။

Unicode Version

Samsung ဟာ special edition Galaxy Note 8s ကို အိုလံပစ်ပြိုင်ပွဲဝင်တွေအတွက် အလုံးရေ ၄၀၀၀ ကျော် ထုတ်လုပ်ပေးခဲ့ပါတယ်။
အနောက်ဘက်အဖြူ၊ S-Pen အဖြူ၊ ရွှေရောင်အနားသတ်နဲ့ custom software theme ကို ထည့်သွင်းထားပါတယ်။
ဒါပေမယ့် သာမန်သုံးစွဲသူတွေအတွက် ထုတ်ပေးမလားဆိုတာကတော့ မပြောခဲ့ပါဘူး။
၂၀၁၈ ဆောင်းရာသီအိုလံပစ်ကတော့ နီးလာပါပြီ။ ဖေဖော်ဝါရီကိုးရက်နေ့မှာ စတင်မှာဖြစ်ပြီးတေ့ တောင်ကိုရီးယား PyeongChang မှာ ကျင်းပမှာပါ။ ဂိမ်းတွေကိုလက်ခံကျင်းပဖို့အတွက် Samsung ဟာ ပြိုင်ပွဲဝင်တွေနဲ့ ဝန်ထမ်းတွေကို Galaxy Note 8 ရဲ့ ဗားရှင်းအသစ်ကို ထုတ်လုပ်ပေးအပ်ခဲ့ပါတယ်။
Galaxy Note 8 Winter Olympics edition ကတော့ Note 8 ကို အနောက်ဘက်အဖြူရောင်နဲ့ ပထမဆုံးမြင်ရတဲ့ဗားရှင်းပါ။ ဆောင်းရာသီကို ကိုယ်စားပြုတဲ့အနေနဲ့ ထည့်သွင်းထားပြီး ရွှေရောင်အနားသတ်၊ custom Olympics theme တွေလည်း မြင်နိုင်ပါတယ်။ အဖြူရောင် S-Pen လေးကိုလည်း ထည့်သွင်းထားပါသေးတယ်။ Samsung အနေနဲ့ တခုခုမေ့နေတာများရှိနေဦးမလားလို့ ကျွန်တော်တွေးနေမိပါတယ်။
အလုံးရေ ၄၀၀၀ ကျော်ကို ဒီပွဲအတွက်ထုတ်လုပ်မှာဖြစ်ပြီးတော့ ပါရာလန်ပစ်အားကစားသမားတွေကလည်း ပါရာလန်ပစ်လိုဂိုနဲ့ ဗားရှင်းကို ရနိုင်မှာပါ။
Samsung အတွက် ဒါဟာ စီးပွားရေးအကွက်အကြီးစားဖြစ်နိုင်ပါတယ်။ သူ့ရဲ့ထုတ်ကုန်တွေကို အားကစားသမားတွေလက်ထဲမှာ ကိုင်ထားတဲ့ပုံကို ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေရိုက်ကူးနိုင်ခြင်းဟာလည်း ကုန်ကျစရိတ်နည်းနည်းနဲ့ ဖြန့်ဝေမှုများများ ပြုလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။
အိုလံပစ်မှာ Samsung ပါဝင်ခဲ့တဲ့နှစ်အနေနဲ့ ပထမဆုံးတော့ မဟုတ်တော့ပါဘူး။ ၂၀၁၆ တုန်းကလည်း Samsung S7 Edge ရဲ့ အိုလံပစ်ဗားရှင်းကို ထုတ်လုပ်ပေးခဲ့ဖူးပါတယ်။ ဒီဖုန်းကိုတော့ အများပြည်သူတွေကိုလည်း ရောင်းချပေးခဲ့ပါတယ်။ ဈေးနှုန်းကတော့ ပုံမှန်ဗားရှင်းထက် ဒေါ်လာ၁၀၀ ပိုများပါတယ်။ ဒါပေမယ့် အခု Note 8မှာတော့ ရောင်းချပေးမလားဆိုတာ မသိရသေးပါဘူး။
သင်ဆိုရင်ရော ဈေးပိုများတဲ့ အခုဗားရှင်းကို ကိုင်ချင်ပါသလား။

Aung Phyo Oo (Myanmar Mobile App)