လွ်ပ္စစ္မလို၊ ဘတ္ထရီမပါဘဲ ၀ိုင္ဖိုင္ခ်ိတ္ႏုိင္တဲ့ gadget ေလးမ်ား

0
1447

Zawgyi Version

မ်က္စိတစ္မွိတ္အတြင္းမွာပဲ နည္းပညာေတြဟာ အခန္းတစ္ခန္းစာေလာက္ရွိတဲ့ ကြန္ပ်ဴတာေတြကေန လက္ဖ၀ါးသာသာရွိတဲ့ ၾကိဳးမဲ့ပစၥည္းေတြအျဖစ္ကို ေရာက္ရွိသြားပါျပီ။ အခုဆိုရင္လည္း ၀ါရွင္တန္တကၠသုိလ္မွ သုေတသီေတြဟာ လွ်ပ္စစ္မလိုပဲ ၀ိုင္ဖိုင္ခ်ိတ္ႏုိင္ေစဖို႕ gadget ေလးေတြကို စမ္းသပ္ေနပါတယ္။ သင္ကိုယ္တုိင္လည္း ဒီပစၥည္းေလးေတြကို 3D print ထုတ္ၾကည့္္ႏုိင္ပါတယ္။
ဘတ္ထရီေတြ မပါေတာ့ဘူး
သင့္ရဲ႕ကြန္ပ်ဴတာကအသံကို ဘတ္ထရီမလိုတဲ့ ကိရိယာေလးနဲ႕ ထိန္းခ်ဳပ္ႏုိင္မယ္ဆိုရင္? ဒါမွမဟုတ္ ကီးခ်ိန္းမွာတပ္လို႕ရတဲ့ ခလုတ္ေလးနဲ႕ မီးဖြင့္၊ပိတ္လုပ္လို႕ရမယ္ဆိုရင္? ဒါမွမဟုတ္ ဆပ္ျပာကုန္ေနျပီဆိုတာ သင္မသိေသးခင္မွာ အလိုအေလ်ာက္ျဖည့္ေပးသြားမယ္ဆိုရင္? ဒါေတြအားလံုးကို ၀ါရွင္တန္တကၠသိုလ္ Networks & Mobile Systems ဓါတ္ခြဲခန္းမွာ စမ္းသပ္ဖန္တီးခဲ့ျပီးပါျပီ။
“ကၽြန္ေတာ္တို႕ရဲ႕ရည္ရြယ္ခ်က္ကေတာ့ ၾကိဳးမဲ့ sensor ေတြကို 3D print ထုတ္ႏုိင္ဖို႕ျဖစ္ျပီးေတာ့ widget ေတြထဲမွာထည့္သြင္းျပီးေတာ့ စမတ္ဖုန္းနဲ႕ အျခားေသာ၀ိုင္ဖုိင္ခ်ိတ္ဆက္ႏုိင္တဲ့ပစၥည္းေတြနဲ႕ တြဲဖက္အသံုးျပဳႏုိင္ေစဖုိ႕ပါ။ ဒီလိုအသံုးျပဳတဲ့ေနရာမွာလည္း ဘတ္ထရီ၊ လွ်ပ္စစ္မလိုေအာင္ လုပ္ေဆာင္ခ်င္တဲ့ စိတ္ကူးပဲ ျဖစ္ပါတယ္” လို႕ ပေရာဂ်က္၀က္ဘ္ဆိုက္မွာ ေရးသားထားပါတယ္။


ဒီ gadget ေလးေတြရဲ႕ အလုပ္လုပ္ပံုကေတာ့ နာရီအလုပ္လုပ္ပံုနဲ႕ မျခားနားပါဘူး။ နာရီေတြဟာ သူတုိ႕ရဲ႕စြမ္းအင္ကို စပရင္၊ ဂီယာနဲ႕ ေရြ႕လ်ားလိုက္တဲ့အခါမွာ(ခလုတ္ကိုႏွိပ္တာ၊ ပုလင္းထဲကအရည္ေတြ စီးဆင္းတာ) ထိမိတဲ့ခလုတ္ေလးေတြကတစ္ဆင့္ ရရွိေအာင္ လုပ္ေဆာင္ထားပါတယ္။ ဒီလိုေသးငယ္ျပီးေတာ့ 3D-print ထုတ္ထားတဲ့ အင္တာနာေလးဆီက ၾကိဳးမဲ့ခ်ိတ္ဆက္မႈကေတာ့ အနီးအနားမွာရွိတဲ့ ၀ိုင္ဖိုင္အခ်က္ျပစနစ္ေတြကို တန္ျပန္ရိုက္ခတ္ေစျပီးေတာ့ သူတို႕သိေစခ်င္တဲ့ စမတ္ဖုန္း ဒါမွမဟုတ္ ကြန္ပ်ဴတာကို ပို႕ေဆာင္ေပးေအာင္ စီစဥ္ထားတာပါ။ အဲဒီအခ်က္ျပစနစ္ေတြဟာ တိက်တဲ့ပံုစံေတြနဲ႕ တန္ျပန္သြားမွာျဖစ္ျပီးေတာ့ ပို႕လိုက္တဲ့ပစၥည္းမွ သိရွိေစမယ့္ အခ်က္အလက္ေတြ ပါ၀င္ေနမွာပါ။ ႏွိပ္ျခင္း၊ ေရြ႕လ်ားျခင္းစတဲ့ ျပင္ပမွသက္ေရာက္မႈေတြဟာ အင္တာနာေတြကို ခ်ိတ္ဆက္ျခင္း၊ ျဖဳတ္ျခင္းေတြ ျပဳလုပ္ေစႏုိင္ျပီးေတာ့ ၀ုိင္ဖုိင္အခ်က္ျပစနစ္ေတြကို တန္ျပန္ျခင္း၊ ဖမ္းယူျခင္းေတြ ျဖစ္ေပၚေစပါတယ္။
ဥပမာ အ၀တ္ေလွ်ာ္စက္ရဲ႕ ဆပ္ျပာမႈန္႕ဘူးထဲမွာ တြဲဆက္ထားတဲ့ gadget ေလးတစ္ခု ရွိတယ္ဆိုၾကပါစို႕။ ဆပ္ျပာမႈန္႕ေလာင္းထည့္လိုက္တာနဲ႕ ဘီးလံုးေလးကလည္သြားျပီးေတာ့ အင္တာနာကို ထိလိုက္ပါတယ္။ ဒါေၾကာင့္ ဘူးထဲမွာ ဆပ္ျပာမႈန္႕ဘယ္ေလာက္က်န္ေသးသလဲဆိုတာကို ၾကိဳးမဲ့အခ်က္အလက္ေတြေပးပို႕လိုက္ပါတယ္။ သင့္စမတ္ဖုန္းကေတာ့ အခ်က္အလက္ေတြကို ထိန္းသိမ္းေပးထားမွာျဖစ္ျပီးေတာ့ ဆပ္ျပာမႈန္႕ဟာ နည္းေနျပီဆိုရင္ေတာ့ အလိုအေလ်ာက္ ျပဳလုပ္ေပးမွာျဖစ္ပါတယ္။ သူဟာ Amazon ရဲ႕ Dash ခလုတ္၊ အႏုတ္ခလုတ္ နဲ႕ ဘတ္ထရီလိုမ်ိဳး လုပ္ေဆာင္ေပးႏုိင္ပါတယ္။


အေကာင္းဆံုးအပိုင္း
၀ိုင္ယာမလို၊ ဘတ္ထရီမလို ၊ ကန္႕သတ္ထားတဲ့အရာမရွိပါဘူး။ ဒါေၾကာင့္ သူတို႕ကို လက္နဲ႕ေျခနဲ႕ အသံုးျပဳျပီးေတာ့ အားသြင္းရတယ္လို႕ ဆိုႏုိင္ပါတယ္။ တကယ္ေတာ့ မဟုတ္ပါဘူး။ သင့္မွာ 3D printer ရွိမယ္ဆိုရင္ အခုပဲ အခမဲ့ ဖန္တီးႏုိင္ပါတယ္။ သုေတသီေတြရဲ႕ ၀က္ဘ္ဆိုက္မွာ အားလံုးအတြက္ CAD ေမာ္ဒယ္လ္ေတြ၊ အင္တာနာ အခ်က္အလက္ေတြ၊ ဒီလိုဘတ္ထရီမပါတဲ့ ေမွာ္ဆန္တဲ့ပစၥည္းေလးေတြကို ဘယ္လိုဖန္တီးမလဲဆိုတဲ့ လမ္းညႊန္ခ်က္ေတြကို အားလံုးေ၀ငွထားပါတယ္။ ဘာကိုေစာင့္ေနဦးမွာလဲ၊ အခုပဲ တီထြင္လိုက္ရေအာင္။
3D print ကိုစမ္းသပ္ၾကည့္မယ္ဆိုရင္ေတာ့ “The 3D Printing Handbook: Technologies, Design and Applications” ဆိုတဲ့ Ben Redwood, Filemön Schöffer, နဲ႕ Brian Garret တို႕ ေရးသားတဲ့ စာအုပ္ေလးကိုေတာ့ ဖတ္ၾကည့္ေစခ်င္ပါတယ္။ သင့္အတြက္အဆင္ေျပမယ္ထင္တဲ့အတြက္ ေထာက္ခံေပးထားျခင္း ျဖစ္ပါတယ္။

Unicode Version

မျက်စိတစ်မှိတ်အတွင်းမှာပဲ နည်းပညာတွေဟာ အခန်းတစ်ခန်းစာလောက်ရှိတဲ့ ကွန်ပျူတာတွေကနေ လက်ဖဝါးသာသာရှိတဲ့ ကြိုးမဲ့ပစ္စည်းတွေအဖြစ်ကို ရောက်ရှိသွားပါပြီ။ အခုဆိုရင်လည်း ဝါရှင်တန်တက္ကသိုလ်မှ သုတေသီတွေဟာ လျှပ်စစ်မလိုပဲ ဝိုင်ဖိုင်ချိတ်နိုင်စေဖို့ gadget လေးတွေကို စမ်းသပ်နေပါတယ်။ သင်ကိုယ်တိုင်လည်း ဒီပစ္စည်းလေးတွေကို 3D print ထုတ်ကြည့်နိုင်ပါတယ်။
ဘတ်ထရီတွေ မပါတော့ဘူး
သင့်ရဲ့ကွန်ပျူတာကအသံကို ဘတ်ထရီမလိုတဲ့ ကိရိယာလေးနဲ့ ထိန်းချုပ်နိုင်မယ်ဆိုရင်? ဒါမှမဟုတ် ကီးချိန်းမှာတပ်လို့ရတဲ့ ခလုတ်လေးနဲ့ မီးဖွင့်၊ပိတ်လုပ်လို့ရမယ်ဆိုရင်? ဒါမှမဟုတ် ဆပ်ပြာကုန်နေပြီဆိုတာ သင်မသိသေးခင်မှာ အလိုအလျောက်ဖြည့်ပေးသွားမယ်ဆိုရင်? ဒါတွေအားလုံးကို ဝါရှင်တန်တက္ကသိုလ် Networks & Mobile Systems ဓါတ်ခွဲခန်းမှာ စမ်းသပ်ဖန်တီးခဲ့ပြီးပါပြီ။
“ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ ကြိုးမဲ့ sensor တွေကို 3D print ထုတ်နိုင်ဖို့ဖြစ်ပြီးတော့ widget တွေထဲမှာထည့်သွင်းပြီးတော့ စမတ်ဖုန်းနဲ့ အခြားသောဝိုင်ဖိုင်ချိတ်ဆက်နိုင်တဲ့ပစ္စည်းတွေနဲ့ တွဲဖက်အသုံးပြုနိုင်စေဖို့ပါ။ ဒီလိုအသုံးပြုတဲ့နေရာမှာလည်း ဘတ်ထရီ၊ လျှပ်စစ်မလိုအောင် လုပ်ဆောင်ချင်တဲ့ စိတ်ကူးပဲ ဖြစ်ပါတယ်” လို့ ပရောဂျက်ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။
ဒီ gadget လေးတွေရဲ့ အလုပ်လုပ်ပုံကတော့ နာရီအလုပ်လုပ်ပုံနဲ့ မခြားနားပါဘူး။ နာရီတွေဟာ သူတို့ရဲ့စွမ်းအင်ကို စပရင်၊ ဂီယာနဲ့ ရွေ့လျားလိုက်တဲ့အခါမှာ(ခလုတ်ကိုနှိပ်တာ၊ ပုလင်းထဲကအရည်တွေ စီးဆင်းတာ) ထိမိတဲ့ခလုတ်လေးတွေကတစ်ဆင့် ရရှိအောင် လုပ်ဆောင်ထားပါတယ်။ ဒီလိုသေးငယ်ပြီးတော့ 3D-print ထုတ်ထားတဲ့ အင်တာနာလေးဆီက ကြိုးမဲ့ချိတ်ဆက်မှုကတော့ အနီးအနားမှာရှိတဲ့ ဝိုင်ဖိုင်အချက်ပြစနစ်တွေကို တန်ပြန်ရိုက်ခတ်စေပြီးတော့ သူတို့သိစေချင်တဲ့ စမတ်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကို ပို့ဆောင်ပေးအောင် စီစဉ်ထားတာပါ။ အဲဒီအချက်ပြစနစ်တွေဟာ တိကျတဲ့ပုံစံတွေနဲ့ တန်ပြန်သွားမှာဖြစ်ပြီးတော့ ပို့လိုက်တဲ့ပစ္စည်းမှ သိရှိစေမယ့် အချက်အလက်တွေ ပါဝင်နေမှာပါ။ နှိပ်ခြင်း၊ ရွေ့လျားခြင်းစတဲ့ ပြင်ပမှသက်ရောက်မှုတွေဟာ အင်တာနာတွေကို ချိတ်ဆက်ခြင်း၊ ဖြုတ်ခြင်းတွေ ပြုလုပ်စေနိုင်ပြီးတော့ ဝိုင်ဖိုင်အချက်ပြစနစ်တွေကို တန်ပြန်ခြင်း၊ ဖမ်းယူခြင်းတွေ ဖြစ်ပေါ်စေပါတယ်။
ဥပမာ အဝတ်လျှော်စက်ရဲ့ ဆပ်ပြာမှုန့်ဘူးထဲမှာ တွဲဆက်ထားတဲ့ gadget လေးတစ်ခု ရှိတယ်ဆိုကြပါစို့။ ဆပ်ပြာမှုန့်လောင်းထည့်လိုက်တာနဲ့ ဘီးလုံးလေးကလည်သွားပြီးတော့ အင်တာနာကို ထိလိုက်ပါတယ်။ ဒါကြောင့် ဘူးထဲမှာ ဆပ်ပြာမှုန့်ဘယ်လောက်ကျန်သေးသလဲဆိုတာကို ကြိုးမဲ့အချက်အလက်တွေပေးပို့လိုက်ပါတယ်။ သင့်စမတ်ဖုန်းကတော့ အချက်အလက်တွေကို ထိန်းသိမ်းပေးထားမှာဖြစ်ပြီးတော့ ဆပ်ပြာမှုန့်ဟာ နည်းနေပြီဆိုရင်တော့ အလိုအလျောက် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ သူဟာ Amazon ရဲ့ Dash ခလုတ်၊ အနုတ်ခလုတ် နဲ့ ဘတ်ထရီလိုမျိုး လုပ်ဆောင်ပေးနိုင်ပါတယ်။
အကောင်းဆုံးအပိုင်း
ဝိုင်ယာမလို၊ ဘတ်ထရီမလို ၊ ကန့်သတ်ထားတဲ့အရာမရှိပါဘူး။ ဒါကြောင့် သူတို့ကို လက်နဲ့ခြေနဲ့ အသုံးပြုပြီးတော့ အားသွင်းရတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ သင့်မှာ 3D printer ရှိမယ်ဆိုရင် အခုပဲ အခမဲ့ ဖန်တီးနိုင်ပါတယ်။ သုတေသီတွေရဲ့ ဝက်ဘ်ဆိုက်မှာ အားလုံးအတွက် CAD မော်ဒယ်လ်တွေ၊ အင်တာနာ အချက်အလက်တွေ၊ ဒီလိုဘတ်ထရီမပါတဲ့ မှော်ဆန်တဲ့ပစ္စည်းလေးတွေကို ဘယ်လိုဖန်တီးမလဲဆိုတဲ့ လမ်းညွှန်ချက်တွေကို အားလုံးဝေငှထားပါတယ်။ ဘာကိုစောင့်နေဦးမှာလဲ၊ အခုပဲ တီထွင်လိုက်ရအောင်။
3D print ကိုစမ်းသပ်ကြည့်မယ်ဆိုရင်တော့ “The 3D Printing Handbook: Technologies, Design and Applications” ဆိုတဲ့ Ben Redwood, Filemön Schöffer, နဲ့ Brian Garret တို့ ရေးသားတဲ့ စာအုပ်လေးကိုတော့ ဖတ်ကြည့်စေချင်ပါတယ်။ သင့်အတွက်အဆင်ပြေမယ်ထင်တဲ့အတွက် ထောက်ခံပေးထားခြင်း ဖြစ်ပါတယ်။

Aung Phyo Oo (Myanmar Mobile App)