ယခုတလော စိတ်ဝင်စားစရာ အကောင်ဆုံး App (၅) ခု

0
593

LG ဟာ ယူအက်စ်မှာ ငွေပေးချေမှုလုပ်ငန်းထဲကို ၀င်ရောက်လာပါပြီ။ ၂၀၁၈ ပထမနှစ်ဝက်လောက်မှာ ဖြန့်ချိနိုင်တယ်လို့ ကြေညာခဲ့ပါတယ်။ LG ရဲ့ နောက်ထပ်ထွက်မယ့်ဖုန်းနဲ့လည်း တိုက်ဆိုင်နေလောက်ပါတယ်။ သူ့မှာ Samsung Pay လို  magnetic strip function တော့ ပါဝင်လောက်ပါတယ်။ ဒါပေမယ့် Samsung Pay ၊ Android Pay ၊ နဲ့ Apple Pay တို့လို အောင်မြင်ပါ့မလားဆိုတာကတော့ မသေချာသေးပါဘူး။

Google ဟာလည်း CES မှာ Google Store makeover ကို ပြသခဲ့ပါတယ်။ သူ့ရဲ့ Assistant နဲ့အတူ feature အသစ်တွေကို ပေါင်းစပ်ချင်နေတာ ဖြစ်ပါတယ်။ ရွေးချယ်ဝယ်ယူနိုင်ခြင်းကလည်း စွမ်းအားတစ်ခုပါပဲ။ ၂၀၁၇ မှာစတင်ပြီးတော့ personal assistant ပိုင်းကို အလေးပေးထားခဲ့ပါတယ်။ အားလပ်ရက်ရာသီအပြီးမှာတော့ ဘယ်လိုများအံ့သြရဦးမလဲ စောင့်ကြည့်ရမှာပါ။ နောက်နှစ်အတွက် ဘယ်လိုupdate တွေများလာမလဲ မစောင့်နိုင်တော့ပါဘူး။ အဲဒီမှာ Android Auto ထဲက Google Assistant လည်း ပါဝင်မှာပါ။ eSports မှာလည်း ဒေါ်လာ ၁၂၀မီလျံရင်းနှီးလိုက်ပါပြီ။ အတော်လေးအလုပ်များနေတဲ့ Google ဖြစ်ပါတယ်။

Winter Olympics ကတော့ VR ပိုင်းမှာ ထူးခြားမှုတွေ ရှိလာပါတယ်။ NBC က သူ့ရဲ့ app မှာ နာရီ၅၀ကြမယ့် event တစ်ခုကို ကြေညာခဲ့ပါတယ်။ အဲဒီ event ထဲမှာ skiing ၊ ice hockey ၊ figure skating နဲ့ အခြားသောအရာတွေလည်း ပါဝင်ပါတယ်။ ဒါဟာ ပထမဆုံးသော VR အားကစားပွဲမဟုတ်ပါဘူး။ သူဟာ အတော်လေးပျော်ဖို့ကောင်းပါတယ်။ NBC ဟာ Intel နဲ့ ပူးပေါင်းပြီးတော့ ဒီလိုလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Xposed Framework ကတော့ ဒီတပတ်မှာ update အကြီးကြီး ရခဲ့ပါတယ်။ အခုဆိုရင် Android Oreo ကိုလည်း ထောက်ပံ့ပေးနိုင်ပါပြီ။ Oreo အတွက် beta လည်း ထွက်ရှိနေပါပြီ။ သူ့မှာတော့ bug လေးတွေ ပါနေလောက်ပါသေးတယ်။ stable ကိုစောင့်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

Google ဟာ သူ့ရဲ့ Android Excellence app တွေကိုလည်း update လုပ်ပေးခဲ့ပါတယ်။ optimization ၊ design ၊ functionality တွေ အကုန်လုံး ကောင်းမွန်အောင် လုပ်ဆောင်ထားပါတယ်။ များသောအားဖြင့် ဒီလိုလုပ်ပေးတယ်ဆိုတာက လူကြိုက်များတဲ့ app တွေအတွက်သာ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် Google ကတော့ အားလုံးအတွက်လုပ်ဆောင်ပေးခဲ့တာပါ။

ဒီတစ်ပတ်အတွက် app လေးတွေကို ရွေးချယ်ပေးရမယ်ဆိုရင်တော့

Abi: A Robot’s Tale

ဈေးနှုန်း $1.99

Abi: A Robot’s Tale ဆိုတာကတော့ indie puzzle အမျိုးအစား ဖြစ်ပါတယ်။ ရိုဘော့နှစ်ယောက်ဟာ စက်ရုံကနေ ထွက်ပြေးကြတာဖြစ်ပါတယ်။ လူသားတွေအားလုံးကလည်း ထွက်ခွာကုန်ပါပြီ။ သူတို့နှစ်ယောက်ဟာ ဘာကြောင့်လဲဆိုတာကို ရှာဖွေဖို့လုပ်ဆောင်ကြပါတယ်။ ကစားတဲ့သူကတော့ တစ်ချိန်တည်းမှာ ရိုဘော့နှစ်ခုစလုံးကို ထိန်းချုပ်လို့ရပါတယ်။ ပဟေဠိတွေကို ဖြေဖို့ ရှာဖွေရမှာပါ။ ဂရပ်ဖစ်ပိုင်းအရလည်း အိုကေသလို အသံပိုင်းဆိုင်ရာလည်း ကောင်းပါတယ်။ ဂိမ်းကတော့ သင့်စိတ်ကို ဖမ်းစားချင်မှဖမ်းစားနိုင်မှာပါ။ ဒါပေမယ့်ဒေါ်လာ၁.၉၉ ဆိုတော့ သက်သာပါတယ်။ ကြော်ငြာမပါသလို ၀ယ်ယူရမယ့်အပိုင်းတွေလည်း မပါဝင်ပါဘူး။

=====================

Record Bird

ဈေးနှုန်း အခမဲ့
download link

Record Bird ကတော့ သီချင်းဖန်တွေအတွက် app အသစ်ပါ။ သူဟာ သီချင်းတွေကို stream လုပ်မှာတော့ မဟုတ်ပါဘူး။ သူကထွက်ရှိလာမယ့် သီချင်းတွေအကြောင်းကို ပြသပေးမှာဖြစ်ပါတယ်။ အများစုကတော့ လူကြိုက်များတာကို ဦးစားပေးကြပါတယ်။ ဒါပေမယ့် သူကတော့ အသစ်ကိုသာ ပြသပေးမှာဖြစ်ပါတယ်။ အဆိုတော်တွေနဲ့ အမျိုးအစားတွေကို စိတ်ကြိုက် follow ထားနိုင်ပါတယ်။ ဒါကြောင့် သင်မသိချင်တဲ့အကြောင်းအရာတွေကို မြင်ရမှာမဟုတ်ပါဘူး။ အခမဲ့ဖြစ်ပြီးတော့ ၀ယ်ယူရမယ့်အပိုင်းတွေလည်း မပါဝင်ပါဘူး။

========================

60 Seconds!

ဈေးနှုန်း $3.99

60 Seconds! ကတော့ strategy ဂိမ်းအသစ်ဖြစ်ပါတယ်။ နျူကလီးယားကြောင့်ကမ္ဘာပျက်ခြင်းအတွက် ဘယ်လိုလုပ်ဆောင်မလဲ။ ကစားတဲ့သူတွေမှာ စက္ကန့်ခြောက်ဆယ်ပဲ အချိန်ရပါတယ်။ သင့်မိသားစုတွေ၊ ထောက်ပံ့သူတွေ၊ နေရာကောင်းတွေနဲ့ အခြားသောအရာတွေကို လိုက်ရှာရမှာပါ။ ပြီးရင်တော့ ဖြစ်နိုင်သမျှအကြာဆုံး အသက်ရှင်အောင် ကြိုးစားရမှာပါ။ တစ်ခါကစားတိုင်း ပြောင်းလဲနေတာကို တွေ့ကြုံရမှာပါ။ တစ်ခါအသစ်စတိုင်း ကျချင်ရာကျမှာ ဖြစ်ပါတယ်။ ဒီဂိမ်းကိုတော့ ဒေါ်လာ ၃.၉၉ နဲ့ ၀ယ်ယူရမှာဖြစ်ပြီးတော့ ဂိမ်းထဲမှာ ထပ်မ၀ယ်ရသလို ကြော်ငြာလည်း မပါဝင်ပါဘူး။

=============================

Remindee

ဈေးနှုန်း အခမဲ့
download link

Remindee ကတော့ reminders app အသစ်လေးပါ။ အခြးသော reminder app တွေလိုပဲ လုပ်ဆောင်ပေးပါတယ်။ app အများကြီးနဲ့အတူ သတိပေးချက်တွေ ဖန်တီးပေးနိုင်ပါတယ်။ Remindee မှာ အချိန်နဲ့ရက်သတ်မှတ်ပေးထားနိုင်ပါတယ်။ အဲဒီ app က သင့်ကိုသက်ဆိုင်ရာအချိန်မှာ သတိပေးချက်လေးတွေ ပြနိုင်ပါတယ်။ ပြီးပြည့်စုံတဲ့တစ်ခုမဟုတ်ဘဲ ဖန်တီးဆဲအဆင့်သာ ရှိပါတယ်။ နောက်လာမယ့် update တွေမှာ ပိုကောင်းလာမယ်လို့ ထင်မြင်မိပါတယ်။ အနည်းဆုံးတော့ အခမဲ့ရနိုင်တာပဲလေ။

======================

Lotus Digital

ဈေးနှုန်း $4.99

Lotus Digital ကတော့ atmospheric strategy ဂိမ်းတစ်ခုဖြစ်ပါတယ်။ အဲဒီဂိမ်းဟာ ပန်းတွေနားမှာဆော့ရမှာပါ။ ကစားသူတွေက ပန်းတွေထဲကို ၀တ်မှုန်ထည့်ရမှာပါ။ ရန်သူတွေကို ကာကွယ်ဖို့အတွက် စောင့်ရှောက်သူတွေလည်း ထည့်ထားပါတယ်။ အဲဒီဂိမ်းမှာ single နဲ့ multiplayer option တွေ ပါဝင်ပြီးတော့ လေးယောက်အထိ ဆော့ကစားနိုင်ပါတယ်။ နည်းနည်းလေးတော့ ခြားနားပါတယ်။ အဲဒီဂိမ်းကို ဒေါ်လာ ၄.၉၉ နဲ့ ၀ယ်ယူနိုင်ပြီးတော့ ဂိမ်းထဲမှာတော့ ထပ်ဝယ်ရတာမျိုး မရှိပါဘူး။