Macbook Air ကလေး ဆယ်နှစ် ပြည့်ပြီ

0
1309

လွန်ခဲ့တဲ့ ၁၀ နှစ် ၊ ဒီလိုနေ့မျိုးမှာ ဒေါ်လာ 1,799 တန် 1.6GHz Intel Core 2 Duo processor, 2GB of RAM သုံးစွဲထားတဲ့ 80GB hard drive သိုလှောင်နိုင်စွမ်းအား ပါရှိတဲ့ ပစ္စည်းကလေး ကို ကြော်ငြာခဲ့ပါတယ်။

စတိတ်စင်ပေါ်ကို ပြုံးပြုံးရွှင်ရွှင် နဲ့ တက်လာပြီး သူရဲ့ ထုတ်ကုန်အသစ်ကလေး ကို ကြော်ငြာခဲ့တဲ့ စတိဗ်ဂျော့်ဘ် ဟာ အဲဒီအချိန်မှာ ပန်ခရိယကင်ဆာ ကို သံသယအဆင့် ရရှိနေခဲ့အတဲ့ အချိန်ကာလပါ။ ပရိသတ်တွေနဲ့ မသိသေးတဲ့ သူတွေကတော့ စတိဗ်ေ၈ျာ့ဘ် ထက် သူ ကြော်ငာခဲ့တဲ့ Macbook Air ကလေးကိုပဲ ပိုလို့ စိတ်ဝင်စားခဲ့ကြတယ်။

အမှန်တကယ်ကို စိတ်ဝင်စားရအောင်ပဲ … ကမ္ဘာ့အပါးလွှာဆုံး ဖြစ်ခဲ့တဲ့ Macbook Air ဟာ ဖိုင်တွေထည့်တဲ့ စက္ကူအိတ်အကြီးတစ်ခုထဲ ထည့်သွားလို့ ရလောက်အောင်ကို ပါးလွှာခဲ့ပြီး Ultra Light ဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ Laptop တွေဟာ အပါးလွှာဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို တုပြိုင်ခဲ့ပြီး ကမ္ဘာ့အပါးလွှာဆုါံ် စံချိန်ချိုးခဲ့တဲ့ လက်တော့ပ်တွေလည်း ထွက်လာခဲ့သေးပါတယ်။ Macbook Air ဟာ လက်တော့ပ်တွေရဲ့ အနာဂတ်ကို ပြောင်းလဲ ပစ်ခဲ့တယ် လို့ ဆိုနိုင်တဲ့ ထုတ်ကုန်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် စတိဗ်ဂျော့ဘ် ရဲ့ Macbook Air ဟာ အများမတူဘဲ တမူထူးခြားတာ က CD/DVD Drive မထည့်သွင်းထားတဲ့ ကမ္ဘာ့ပထမဆုံး Notebook တစ်ခု ဖြစ်လာခဲ့ပြီး TrackPad လို့ ခေါ်တဲ့ လက်တော့ပ်ကီးဘုတ် မျက်နှာပြင် မှာ Multi-Touch သုံးလို့ရတဲ့နေရာမှာ ပထမဆုံး ပစ္စည်းလည်း ဖြစ်လာခဲ့ပါတယ်။ SSD Storage ကို သုံးစွဲတဲ့ ပထမဆုံး လက်တော့ပ်လည်း ဖြစ်လာခဲ့တဲ့အပြင် သူ့ရဲ့ စံချိန် သုံးပေါင်လျော့လျော့ အလေးချိန်ကိုလည်း ဘယ်သူမှ စံချိန် မချိုးနိုင်သေးပါ။

ဆယ်စုနှစ်ကြာမြင့်ခဲ့ပြီးတဲ့အချိန်မှာတော့ Macbook Air ဟာ မထင်ရှားတော့တဲ့ ထုတ်ကုန်တစ်ခု အဖြစ် မှေးမှိန်လာခဲ့ပြီး မိုဘိုင်းဖုန်းစစ်ပွဲမှာ သာ အချိန်ယူနေရတဲ့ Apple က အမှတ်တရ အနေနဲ့ ဒီ ပစ္စည်းလေးတွေနဲ့ ဖိုင်တွေ ကို ထုတ်ပြလိုက်တာ ဟာ လက်တော့ပ် တစ်ခေတ်ကို ပြန်လည် ရောက်ရှိဦးမှာလား ဆိုတာကိုလည်း စောင့်ကြည့်ချင်စရာ ကောင်းလို့ လာခဲ့ပါပြီ။

ပထမဆုံး Macbook Air ကို စတိဗ်ဂျော့ ကြော်ငြာခဲ့စဉ်က

Original Macbook Air

Video