HTC က AI Dual Selfie Camera ပါဝင်လာမယ့် HTC U11 Eyes စမတ်ဖုန်းအသစ်ကိုကြေညာ

0
1883

ယနေ့စမတ်ဖုန်းလောကမှာ 18:9 Full Screen Display နဲ့ Dual Camera တွေအပြိုင်ထည့်သွင်းလာတဲ့ခေတ်ကိုရောက်လာပြီလို့တောင်ဆိုရမှာပါ။ HTC အနေနဲ့လည်း ခေတ်နဲ့အမှီလိုက်လာတယ်လို့ပြောလို့ရမှာဖြစ်ပြီးမကြာခင်မှာ 18:9 Display နဲ့ Dual Selfie Camera ပါဝင်မယ့် HTC U11 Eyes ကိုတွေ့မြင်ရတော့မှာပါ။

U 11 Eyes မှာ ၆လက်မအရွယ် Full Screen Display ပါဝင်မှာဖြစ်ပြီး Resolution ကတော့ Full HD ဖြစ်နိုင်ပါတယ်။ ဖုန်းမှာပါဝင်တဲ့ Specifications တွေအနေနဲ့ Snapdragon 652 Chipset ကိုအသုံးပြုမှာဖြစ်ပြီး Storage အနေနဲ့ 4GB/64GB ROM ပါဝင်မှဖြစ်ပါတယ်။ Battery ကတော့3,930 mAh ပါဝင်မှာဖြစ်တဲ့အတွက် Battery ခံမယ့်ဖုန်းတစ်လုံးလို့ယူဆရပါတယ်။

Camera ပိုင်းအနေနဲ့ Main Camera 17MP Aperature f/1.7 ဖြစ်တဲ့အတွက် ကင်မရာကောင်းတဲ့ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။ OIS ပါဝင်တဲ့အတွက် Video နဲ့ ဓါတ်ပုံရိုက်ကူးတဲ့အခါမှာလက်တုန်ခါမှုကြောင့် ဖြစ်ပေါ်တဲ့ ပုံရိပ်မတည်ငြိမ်မှုတွေကိုလျှော့ချပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Slow-mo Video တွေကိုလည်း 1080P 120fps နဲ့ရိုက်ကူးနိုင်ဦးမယ်လို့လည်းဆိုပါတယ်။

Dual Selfie Camera ကတော့ 5MP ရှိတဲ့ ကင်မရာနှစ်လုံးထည့်သွင်းပေးထားမှာဖြစ်ပြီး Portrait Mode ကို AI နည်းပညာဖြင့် ပေါင်းစပ်ရိုက်ကူးပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ယခုခေတ်စားလာတဲ့ Face Unlock နည်းပညာလည်းပါဝင်ဦးမှာဖြစ်ပါတယ်။

HTC U 11 Eyes ဖေဖော်ဝါရီလ ၉ ရက်နေ့လောက်မှာ စတင်မိတ်ဆက်ရောင်းချသွားမှာဖြစ်ပြီး ကို Red, Silver Blue နဲ့ Black ဆိုပြီးအရောင်သုံးမျိုးရရှိနိုင်မည်ဖြစ်ကာ ရောင်းဈေးကတော့ မြန်မာငွေ ၇သိန်းဝန်းကျင်ဖြစ်မယ်လို့သိရပါတယ်။