Facebook ဟာ share အရေအတွက်ထက် ကွန်မန့်ကို အသားပေးပြီး အကဲဖြတ်မည်

0
348

Facebook ဟာ သုံးစွဲသူတွေအနေနဲ့ ဘယ်လိုပို့စ်တွေကို ပိုမြင်ချင်သလဲဆိုတာကို ဆုံးဖြတ်တဲ့ပုံစံကို ပြန်လည်စဉ်းစားခဲ့ပါတယ်။ ဒီပို့စ်မှာ share ဘယ်လောက်ရသလဲဆိုတာနဲ့ ကွန်မန့်ဘယ်နှစ်ခုရသလဲဆိုတာမှာ ဘယ်တစ်ခုက အလေးသာမလဲဆိုတာ ကြည့်ရအောင်ပါ။

News Feed မှာပြောင်းလဲလိုက်တဲ့ update ကတော့ သုံးစွဲသူတွေအနေနဲ့ content တွေရဲ့ မြင်ရပုံကို မပြောင်းလဲထားဘူးဆိုရင်တော့ သက်ရောက်မှုရှိမှာပါ။ News Feed  မှာပေါ်တဲ့ ပို့စ်တွေရဲ့အစီအစဉ်ဟာ သုံးစွဲသူတွေအတွက်တော့ အရေးပါလွန်းပါတယ်။ ဘယ်သူကမှ အောက်ဆုံးအထိ သိပ်ပြီးဆွဲချချင်ကြတာ မဟုတ်ပါဘူး။

အကြောင်းအရာများစွာ ပါဝင်ပတ်သတ်လာတဲ့အခါမှာ share အများဆုံးလုပ်တဲ့ပို့စ်ကို အခြေခံပြီး အရင်က တွက်ချက်ပါတယ်။ သီအိုရီအရတော့ လင့်တစ်ခု၊ ပို့စ်တစ်ခုကို share လုပ်မယ်ဆိုရင် သူတို့ဟာ ကြည့်ချင်တယ်၊ စိတ်ဝင်စားတယ်လို့ သတ်မှတ်လိုက်ပါတယ်။ အခြားသူတွေကိုလည်း အဲဒီလိုသတ်မှတ်ပါတယ်။ ဆိုးကျိုးကြီးကတော့ share လုပ်တဲ့အချက်က ထောက်ခံချင်လို့လား ဒါမှမဟုတ် ကြောက်စရာ/မဖြစ်နိုင်တာ/စိတ်ပျက်စရာကောင်းတာကို ဆိုလိုတာလား မသဲကွဲတော့ပါဘူး။ နောက်တစ်ခုကတော့ အပြည့်အစုံမဖတ်ဘဲနဲ့ share လုပ်လိုက်တဲ့ ခေါင်းကြီးပိုင်းတွေကို အတော်လေး အကျိုးကျေးဇူးတွေ ဖြစ်သွားစေပါတယ်။

အခုပြောင်းလဲမှုကတော့ ပို့စ်၊ လင့်မှာ ကွန်မန့်ဘယ်လောက်ရှိလဲဆိုတာကို အခြေခံပြီးတော့ သတ်မှတ်မှာပါ။ Facebook က ဒါဟာ ကွန်မန့်မန့်တဲ့သုံးစွဲသူတွေနဲ့ အပြိုင်အဆိုင်စကားစစ်ထိုးတဲ့သူတွေအတွက် မြန်မြန်ဆန်ဆန် တွေ့နိုင်စေမှာမို့ ဆိုက်တွေအတွက်လည်း ကောင်းကျိုးရှိတယ်လို့ ဆိုရမှာပါ။

Algorithm တွေမှာ သူ့ရဲ့ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ ဆိုက်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ပို့စ်တွေကတော့ မြင်လိုက်မမြင်လိုက် ဖြစ်သွားနိုင်ပါတယ်။ algorithm ကသာ အရည်အသွေးထက် ကိန်းဂဏန်းတွေကိုသာ အခြေခံလိုက်မယ်ဆိုရင် အဲဒီလိုဖြစ်သွားနိုင်ပါတယ်။

ဒါဟာ ကိုယ်ပိုင်content တွေအောက်မှာ လှောင်ပြောင်တဲ့ကွန်မန့်တွေလည်း ရောက်လာနိုင်ပြီးတော့ စကားစစ်ထိုးတဲ့ပုံစံဖြစ်အောင်လည်း ဖန်တီးနိုင်တဲ့အခြေအနေလည်း ရှိနေပါသေးတယ်။