Trending

နှစ်သန်းပေါင်း ၁၆၀ မီလျံ သက်တမ်းရှိ ရောင်စုံဒိုင်နိုဆောတစ်ကောင်ကို တွေ့ရှိ

မားစ်ဂြိုလ်ပေါ်မှာ ရေခဲတွေစုစည်းလာခြင်းတွေ တွေ့ရှိခဲ့သလို လပေါ်ကမြေအောက်လှိုဏ်ခေါင်းတွေ တွေ့ရှိခဲ့ခြင်းက လူသားတွေရဲ့ သိလိုစိတ်ကို လောင်စာဖြည့်ပေးလိုက်သလိုပါပဲ။ ကမ္ဘာမြေကြီးပေါ်မှာတောင် ရှာတွေ့ဖို့အတော်များများကျန်နေပါသေးတယ်။ တနင်္လာနေ့မနက်တုန်းက တရုတ်နိုင်ငံမှ ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာရေးပညာရှင်တွေက စိတ်လှုပ်ရှားစရာတွေ့ရှိချက်ကို ဖော်ပြခဲ့ပါတယ်။ သူတို့ဟာ Caihong juji လို့ခေါ်တဲ့ အရင်တုန်းက မတွေ့ရှိဖူးတဲ့ ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်းအပြည့်အစုံကို တွေ့ခဲ့ပါတယ်။

သူ့မှာ ထူးခြားတဲ့လက္ခဏာတွေ အတော်လေးပါဝင်ပါတယ်။ ဒါပေမယ့် ထူးခြားချက်တစ်ခုကတော့ ဒိုင်နိုဆောနာမည်အသစ်ပေးဖို့အတွက် ပညာရှင်တွေကို အကူအညီပေးခဲ့ခြင်းပါ။ ကိုယ်ထည်မှာဖုံးအုပ်ထားတဲ့ အနက်ရောင်သားမွေးတွေက သူ့ရဲ့လည်ပင်းနဲ့ ဦးခေါင်းနားကို ကြည့်တဲ့ထောင့်ကွဲသွားရင် အရောင်အမျိုးမျိုးမြင်ရအောင် လုပ်ဆောင်ပေးထားပါတယ်။ ဒါကြောင့်လည်း ဒီအကောင်အတွက် Caihong juji ဆိုတဲ့နာမည်ကို ပေးခဲ့တာ ဖြစ်ပါတယ်။ ဘာသာပြန်ပြရမယ်ဆိုရင်တော့ ဖဲကြိုးလိုအမွေးရှိတဲ့ သတ္တ၀ါလို့ ခေါ်နိုင်ပါတယ်။

သူ့ရဲ့ဦးခေါင်းနဲ့လည်ပင်းအနားက ရောင်စုံအမွေးတွေဟာ ဘာအတွက်ကြောင့်ပါဝင်နေသလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ပညာရှင်တွေကတော့ ဒါဟာ မိတ်လိုက်တဲ့အချိန်မှာ ဆွဲဆောင်မှုတစ်မျိုးအနေနဲ့ အသုံးပြုတယ်လို့ ဆိုပါတယ်။ သူ့ရဲ့အတောင်တွေဟာ အပူမကူးတဲ့အတွက် ပျံသန်းနိုင်သလားဆိုတာလည်း သံသယဖြစ်စရာပါပဲ။ ပထမဆုံးပျံသန်းနိုင်တဲ့ငှက်ကို တွေ့ရှိထားတာက ဒီအကောင်သေပြီး နှစ်ပေါင်း ၁၁မီလျံကြာမှပါ။ ဒီတော့ ဒီအကောင်သာ ပျံသန်းနိုင်မယ်ဆိုရင်တော့ သမိုင်းအသစ်တစ်ခု ရရှိမှာဖြစ်ပါတယ်။

“Archaeopteryx လိုမျိုး အစောပိုင်းငှက်တွေနဲ့ ဆင်တူပါတယ်” လို့ ပညာရှင်တစ်ဦးဖြစ်တဲ့ Xing Xu က ဆိုပါတယ်။ Archaeopteryx ကတော့ ပျံသန်းနိုင်တဲ့ငှက်ထဲမှာ အစောဆုံးသိရှိထားတဲ့အကောင် ဖြစ်ပါတယ်။ သူတို့ကျက်စားခဲ့တဲ့အချိန်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀မီလျံလောက်က ဖြစ်ပါတယ်။

“သူ့ရဲ့ရှေ့လက်တွေဟာ အတောင်ပံလို့ ယူဆရပါတယ်။ အရိုးသားဆုံးပြောရမယ်ဆိုရင်တော့ အမွေးအတောင်တွေဟာ ဘယ်လိုလုပ်ဆောင်ချက်တွေ လုပ်ပေးသလဲဆိုတာ မသိသေးပါဘူး။ ဒါပေမယ့် လေထဲမှာပျံဝဲနေချိန်မှာ အထောက်အကူပြုမယ်ဆိုတာကတော့ လူတိုင်းတွေးမိမှာပါ။”

Caihong juji ကျောက်ဖြစ်ရုပ်ကြွင်းဟာ နှစ်ပေါင်း၁၆၁မီလျံရှိပြီလို့ ယုံကြည်ကြပါတယ်။ သူ့ရဲ့အချိုးမကျတဲ့အမွေးတွေက ပျံသန်းနိုင်တဲ့ငှက်တွေ ထိန်းကျောင်းဖို့ ကူညီပေးတာနဲ့ ဆင်တူနေပါတယ်။ Caihong juji ဟာ ဖဲသားလိုအမွေးတွေရှိတဲ့ ပထမဆုံးအကောင်ဖြစ်နေပါတယ်။ ဒါပေမယ့် ဒိုင်နိုဆောတွေပျံနိုင်သလားဆိုတာကလည်း မရှင်းလင်းသေးပါဘူး။ Archaeopteryx လို အစောပိုင်းငှက်တွေကတော့ ဒိုင်နိုဆောလိုအမွေးတွေရှိပြီးတော့ သေးငယ်တာတစ်ခုပဲ ကွာပါတယ်။

Caihong juji ကတော့ ခြေနှစ်ချောင်းပါတဲ့ အသားစားသတ္တ၀ါဖြစ်ပြီးတော့ ချွန်ထက်တဲ့သွား၊ ဒိုင်နိုဆောမျိုးမတုံးခင်က ဦးခေါင်းပုံစံမျိုးရှိပါတယ်။ သူ့ရဲ့ထူးခြားတဲ့အမွေးတွေကတော့ ပညာရှင်တွေစိတ်ဝင်စားစေတဲ့အချက်တစ်ခု ဖြစ်နေပါတယ်။ Caihong juji မှာ အလင်းစုပ်တဲ့ပစ္စည်းပါဝင်တဲ့အတွက်ကြောင့် အခုလိုမျိုးအမွေးတွေ ပါဝင်နေရတာလည်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုထားကြပါတယ်။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org