ှဖေဖော်ဝါရီ ၂၅ ရက်၊ ညနေ ၄ နာရီမှာ Samsung Galaxy S9 ကို မိတ်ဆက်မယ်

0
639

CES ရှိုးပွဲမှာ သတင်းသဲ့သဲ့ကြားခဲ့ရပေမယ့် စောင့်ဆိုင်းနေခဲ့တဲ့ ကုမ္ပဏီကြီး ဟာ သူတို့ ရဲ့ လူ စိတ်ဝင်စားမှု အများဆုံး ထုတ်ကုန်ဖြစ်လာမယ့် Galaxy S9 ကို ထုတ်လွှင့်မယ့် ရက်ကို စတင်ကြော်ငြာခဲ့ပြီ ဖြစ်ပါတယ်။

အများက ခန့်မှန်းထားခဲ့သလိုပါပဲ..။ မိုဘိုင်းထုတ်ကုန်တွေကို အပြိုင်အဆိုင်ပြသမယ့် ပွဲကြီး တစ်ပွဲဖြစ်တဲ့ Mobile World Congress မှာ Galaxy S9 ကို စတင်မြင်တွေ့ရမှာ ဖြစ်တယ်လို့ Samsung Mobile Business ရဲ့ ဌာနအကြီးအကဲ DJ Koh က ဒီကနေ့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Koh က MWC ရဲ့ စိတ်လှုပ်ရှားဖွယ်ရာကောင်းလှတဲ့ ထုတ်ကုန်တစ်ခု ဖြစ်စေရမယ် လို့ ကတိပေးခဲ့ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ (တနဂ်နွေနေ့) ညနေ ၄း၀၀ နာရီတိတိ မှာ အာလုံးကို ရင်ခုန်စေရမယ် လို့ ဆိုခဲ့ပါတယ်။

နိုင်ငံအချို့က မိုဘိုင်းဖုန်း ဆက်စပ်ပစ္စည်းထုတ်လုပ်သူတွေနဲ့ တခြား Suppliers တွေ အဖို့ကတော့ မတ်လ ၅ ရက်နေ့ မတိုင်ခင်အထိ အထောက်အပံ့ပစ္စည်းတွေကို ပြုလုပ်နိုင်ကြဦးမှာ မဟုတ်ပါဘူး။ အခုလို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ စတင် ပြသမိတ်ဆက်မှာ ဖြစ်တဲ့အတွက် ဧပြီလအတွင်းမှာပဲ ဆမ်ဆောင်း ရဲ့ Galaxy S9 ကို သုံးစွဲရဖို့ ရှိနေပါပြီ။

Samsung ဟာ သူရဲ့ ထုတ်ကုန်အသစ်ကို ခမ်းနားလှတဲ့ ဘာစီလိုနာ ပြပွဲကြီး အမှီ ပြသသွားဖို့ အချိန်ယူပြင်ဆင်ခဲ့ပြီး teaser campaign တွေလည်း ပြုလုပ်ကာ ထုတ်ကုန်အသစ်အတွက် ဂရုစိုက် ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။

 

 

အောက်ကလင့်ကတော့ လူပေါင်း ၅.၅ သန်း ကြည့်ခဲ့တဲ့ ဆမ်ဆောင်း ဗွီဒီယို ကြော်ငြာ လင့်ကလေး ဖြစ်ပါတယ်။